၁၈ ကိုက်ထိပ်ကနေ မြေမကျဘောကို ပြင်းထန်အားပါတဲ့ ​ပေါစခိုး ကန်သွင်းခဲ့သလို ဂိုးသွင်းယူခဲ့တဲ့ ဖာနန်ဒက်

0
262

 

SBOTOP NOV           ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အစ္စတန်ဘောအသင်းတို့ပွဲမှာ ပေါစခိုးကို အားကျခဲ့တဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒက်က ပေါစခိုးကန်ချက်လို ၁၈ ကိုက်ထိပ်ကနေ ရောက်ရှိလာတဲ့ မြေမကျဘောကို ပြင်းထန်အားပါကန်ချက်နဲ့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးကို ပွဲချိန် ၇ မိနစ်မှာ စတင်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ဖာနန်ဒက်ရဲ့ သွင်းဂိုး နှစ်ဂိုးအပါအဝင် ရတ်ဖို့ဒ်နဲ့ ဂျိမ်းတို့က တစ်ဂိုးစီ သွင်းယူနိုင်ခဲ့လို့ ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ဖာနန်ဒက်ရဲ့ သွင်းဂိုးနဲ့ ပတ်သက်လို့ BT Sports ရဲ့ ဘောလုံးဝေဖန်ရေးဆရာတွေအဖြစ် ပေါစခိုးနဲ့ အတူရှိနေကြတဲ့ လင်နီကာ၊ အိုဝင် ဟားဂရေ့နဲ့ ဖာဒီနန်တို့က ပေါစခိုးရဲ့ သွင်းဂိုးဟန်ဖြစ်ကြောင်း ချီးကျူး ထောက်ခံ ပြောဆိုကြပါတယ်။

အဆိုပါပွဲအပြီးမှာ ဖာနန်ဒက်က “ ဒီဂိုးက အမှန်တကယ်ကို ကောင်းမွန်တဲ့ ဂိုးတစ်ဂိုး ပါပဲ။ မင်းက ၁၈ ကိုက်ထိပ်မှာ ရောက်ရှိနေတဲ့ အချိန်ဖြစ်ရမယ်။ မင်းဘက်ကလည်း အဆင်သင့်ဖြစ်နေဖို့ လိုအပ်တယ်။ ကောင်တာ တိုက်စစ်ကိုလည်း ရပ်တန့်နိုင်ဖို့ ဖြစ်နိုင်ရမယ်။ ဒီအချိန်အခါလိုမျိုး နောက်ကာလတွေမှာ သွင်းယူသွားနိုင်ဖို့ လိုအပ်ပါတယ်။ ကွျန်တော့်ဘက်ကလည်း ပြစ်ဒဏ်ဘောတွေနဲ့ အဝါကတ်တွေ မရရှိဖို့ လိုအပ်တယ် ” လို့ ပြောပါ တယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ၁၈ ကိုက်ထိပ်ကနေ အပြင်းကန်ချက်တွေနဲ့ ဂိုးတွေ သွင်းယူနိုင်သူ ဆိုပြီး နာမည်ကျော်ခဲ့တဲ့ အသက် ၄၆ နှစ်အရွယ် ပေါစခိုးကတော့ “ ၁၈ ကိုက်ထိပ်ကနေ ဂိုးတွေ သွင်းယူရတာကို ကွျန်တော် နှစ်သက်တယ်။ ဒီနေရာကို ဘောလုံးရောက်လာဖို့လည်း စောင့်နေရတယ်။ ဒီနေရာကို ဘယ်ခံစစ် ကစားသမားမှ မျှော်လင့်မထားကြသလို သူတို့တွေက ၁၈ ကိုက်ထဲမှာပဲ ရှိနေကြတယ်။ ဒါက ဘာဖြစ်မလဲဆိုတော့ တိုက်စစ်မှူးနဲ့ ထိတွေ့ရင်လည်း ဂိုးရနိုင်တယ် ” လို့ ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် ဖာနန်ဒက်ဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် ၃၅ ပွဲ ကစားအပြီး ၂၁ ဂိုး သွင်းယူထားနိုင်ပါတယ်။ ၎င်းက မနချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါစခိုးကို အခြားသော အင်္ဂလန်ကွင်းလယ်ကစားသမားကောင်းတွေထက် ပိုနှစ်သက်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖာနန်ဒက်က “ ကွျန်တော့်အတွက်ကတော့ ပေါစခိုးနဲ့ နီးစပ်ချင် နီးစပ်နေနိုင်ပါတယ်။ သူက ၁၈ ကိုက်အတွင်းမှာလည်း နှစ်သက်စရာဖြစ်စေသလို သူဖန်တီးပေးတာကလည်း နှစ်သက်စရာပါ။ သူက ဂိုးတွေအများကြီး သွင်းယူထားနိုင်သူပါ။ ကမ္ဘာမှာ ရှိတဲ့ ကွင်းလယ်ကစားသမားတွေထဲမှာ စခိုးက အကောင်းဆုံးဖြစ်တယ်လို့ ကွျန်တော်ထင်ပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ လူအများက လမ်းပတ်အကြောင်း အများဆုံး ပြောနေကြမှာပေါ့။ ဘာကြောင့်လဲဆိုရင် သူက ဂိုးတွေများစွာ သွင်းယူထားနိုင်သူ ဖြစ်တယ်။ အင်္ဂလန်မှာ အကောင်းဆုံးဆိုရင် ဂျာရတ်လည်း အတူတူပါပဲ။ ဒါပေမဲ့ စခိုးက အခြားသူတွေ ပြုလုပ်တာနဲ့ ကွဲပြားသူတစ်ယောက်လို့ ကွျန်တော်ထင်ပါတယ်။ နောက်ဆုံး ဘောလုံးမျိုးဆက်ထဲက သူတို့ သုံးယောက်ထဲမှာ အကောင်းဆုံးတစ်ယောက်ပြောပါဆိုရင် ကွျန်တော့်အတွက်တော့ ပေါစခိုးက အကောင်းဆုံးပါပဲ ” လို့ ပြောကြားခဲ့ပါတယ်။

Zawgyi

၁၈ ကိုက္ထိပ္ကေန ေျမမက်ေဘာကို ျပင္းထန္အားပါတဲ့ ေပါစခိုး ကန္သြင္းခဲ့သလို ဂိုးသြင္းယူခဲ့တဲ့ ဖာနန္ဒက္

ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ အစၥတန္ေဘာအသင္းတို႔ပြဲမွာ ေပါစခိုးကို အားက်ခဲ့တဲ့ ကြင္းလယ္ကစားသမား ဖာနန္ဒက္က ေပါစခိုးကန္ခ်က္လို ၁၈ ကိုက္ထိပ္ကေန ေရာက္ရွိလာတဲ့ ေျမမက်ေဘာကို ျပင္းထန္အားပါကန္ခ်က္နဲ႔ အဖြင့္ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။ အဆိုပါဂိုးကို ပြဲခ်ိန္ ၇ မိနစ္မွာ စတင္သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္က ဖာနန္ဒက္ရဲ့ သြင္းဂိုး ႏွစ္ဂိုးအပါအဝင္ ရတ္ဖို႔ဒ္နဲ႔ ဂ်ိမ္းတို႔က တစ္ဂိုးစီ သြင္းယူနိုင္ခဲ့လို႔ ၄-၁ နဲ႔ အနိုင္ရခဲ့ပါတယ္။
ဖာနန္ဒက္ရဲ့ သြင္းဂိုးနဲ႔ ပတ္သက္လို႔ BT Sports ရဲ့ ေဘာလုံးေဝဖန္ေရးဆရာေတြအျဖစ္ ေပါစခိုးနဲ႔ အတူရွိေနၾကတဲ့ လင္နီကာ၊ အိုဝင္ ဟားဂေရ့နဲ႔ ဖာဒီနန္တို႔က ေပါစခိုးရဲ့ သြင္းဂိုးဟန္ျဖစ္ေၾကာင္း ခ်ီးက်ဴး ေထာက္ခံ ေျပာဆိုၾကပါတယ္။
အဆိုပါပြဲအၿပီးမွာ ဖာနန္ဒက္က “ ဒီဂိုးက အမွန္တကယ္ကို ေကာင္းမြန္တဲ့ ဂိုးတစ္ဂိုး ပါပဲ။ မင္းက ၁၈ ကိုက္ထိပ္မွာ ေရာက္ရွိေနတဲ့ အခ်ိန္ျဖစ္ရမယ္။ မင္းဘက္ကလည္း အဆင္သင့္ျဖစ္ေနဖို႔ လိုအပ္တယ္။ ေကာင္တာ တိုက္စစ္ကိုလည္း ရပ္တန႔္နိုင္ဖို႔ ျဖစ္နိုင္ရမယ္။ ဒီအခ်ိန္အခါလိုမ်ိဳး ေနာက္ကာလေတြမွာ သြင္းယူသြားနိုင္ဖို႔ လိုအပ္ပါတယ္။ ကြ်န္ေတာ့္ဘက္ကလည္း ျပစ္ဒဏ္ေဘာေတြနဲ႔ အဝါကတ္ေတြ မရရွိဖို႔ လိုအပ္တယ္ ” လို႔ ေျပာပါ တယ္။
မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ၁၈ ကိုက္ထိပ္ကေန အျပင္းကန္ခ်က္ေတြနဲ႔ ဂိုးေတြ သြင္းယူနိုင္သူ ဆိုၿပီး နာမည္ေက်ာ္ခဲ့တဲ့ အသက္ ၄၆ ႏွစ္အရြယ္ ေပါစခိုးကေတာ့ “ ၁၈ ကိုက္ထိပ္ကေန ဂိုးေတြ သြင္းယူရတာကို ကြ်န္ေတာ္ ႏွစ္သက္တယ္။ ဒီေနရာကို ေဘာလုံးေရာက္လာဖို႔လည္း ေစာင့္ေနရတယ္။ ဒီေနရာကို ဘယ္ခံစစ္ ကစားသမားမွ ေမၽွာ္လင့္မထားၾကသလို သူတို႔ေတြက ၁၈ ကိုက္ထဲမွာပဲ ရွိေနၾကတယ္။ ဒါက ဘာျဖစ္မလဲဆိုေတာ့ တိုက္စစ္မႉးနဲ႔ ထိေတြ႕ရင္လည္း ဂိုးရနိုင္တယ္ ” လို႔ ေျပာပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ ဖာနန္ဒက္ဟာ မန္ခ်က္စတာယူနိုက္တက္ကို ေရာက္ရွိခဲ့ၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၃၅ ပြဲ ကစားအၿပီး ၂၁ ဂိုး သြင္းယူထားနိုင္ပါတယ္။ ၎က မနခ်က္စတာယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါစခိုးကို အျခားေသာ အဂၤလန္ကြင္းလယ္ကစားသမားေကာင္းေတြထက္ ပိုႏွစ္သက္တယ္လို႔ ဆိုပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ဖာနန္ဒက္က “ ကြ်န္ေတာ့္အတြက္ကေတာ့ ေပါစခိုးနဲ႔ နီးစပ္ခ်င္ နီးစပ္ေနနိုင္ပါတယ္။ သူက ၁၈ ကိုက္အတြင္းမွာလည္း ႏွစ္သက္စရာျဖစ္ေစသလို သူဖန္တီးေပးတာကလည္း ႏွစ္သက္စရာပါ။ သူက ဂိုးေတြအမ်ားႀကီး သြင္းယူထားနိုင္သူပါ။ ကမၻာမွာ ရွိတဲ့ ကြင္းလယ္ကစားသမားေတြထဲမွာ စခိုးက အေကာင္းဆုံးျဖစ္တယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ အဂၤလန္နိုင္ငံမွာေတာ့ လူအမ်ားက လမ္းပတ္အေၾကာင္း အမ်ားဆုံး ေျပာေနၾကမွာေပါ့။ ဘာေၾကာင့္လဲဆိုရင္ သူက ဂိုးေတြမ်ားစြာ သြင္းယူထားနိုင္သူ ျဖစ္တယ္။ အဂၤလန္မွာ အေကာင္းဆုံးဆိုရင္ ဂ်ာရတ္လည္း အတူတူပါပဲ။ ဒါေပမဲ့ စခိုးက အျခားသူေတြ ျပဳလုပ္တာနဲ႔ ကြဲျပားသူတစ္ေယာက္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ ေနာက္ဆုံး ေဘာလုံးမ်ိဳးဆက္ထဲက သူတို႔ သုံးေယာက္ထဲမွာ အေကာင္းဆုံးတစ္ေယာက္ေျပာပါဆိုရင္ ကြ်န္ေတာ့္အတြက္ေတာ့ ေပါစခိုးက အေကာင္းဆုံးပါပဲ ” လို႔ ေျပာၾကားခဲ့ပါတယ္။