၂၁ ရာစုအတွင်း စံချိန်တစ်ခု ထပ်တိုးလိုက်တဲ့ နေမာ

0
292

SBOTOP NOV

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာဟာ ၂၁ ရာစုအတွင်း ပြင်သစ်လီဂူး-၁ သွင်းဂိုး ၅၀ အမြန်ဆုံးပြည့်မြောက် တဲ့စံချိန်ကို စိုက်ထူနိုင်ခဲ့တယ်လို့ သိရပါတယ်။ နေမာဟာ ဘော်ဒိုးအသင်းနဲ့သရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် ပထမချေပဂိုးကို ပင်နယ်တီကနေတစ်ဆင့် သွင်းပေးနိုင်ခဲ့တာဖြစ်ပြီး အဲဒီစံချိန်ကို စိုက်ထူနိုင်ခဲ့တာပါ။ ဒါ့အပြင် နေမာဟာ အဲဒီပွဲမှာ မကြာသေးခင်က ကွယ်လွန်သွားခဲ့တဲ့ ဘောလုံးဂန္ထဝင် မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ပုံပါ အကျီကို သွေးပူလေ့ကျင့်ခန်းလုပ်စဉ်မှာ ဝတ်ဆင်ပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီပွဲပြီးနောက် နေမာဟာ လီဂူး-၁ သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီး အဲဒီမိုင်တိုင်ရောက်ဖို့ ၅၈ ပွဲသာ လိုအပ်ခဲ့ပါ တယ်။ နေမာဟာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီကို ယူရို ၂၂၂ သန်းနဲ့ ၂၀၁၇ သြဂုတ်လပိုင်းမှာ ပြောင်း ရွှေ့လာခဲ့သူဖြစ်ပါတယ်။ အရင်က အဲဒီလိုစံချိန် စိုက်ထူနိုင်သူတွေကတော့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်းပဲ ဖြစ်တဲ့ အီဘရာဟီမိုဗစ်ချ်ဖြစ်ပြီး ၅၉ ပွဲ ကြာခဲ့ပါတယ်။

ဒါ့အပြင် ဖယ်ကာအိုက ၇၂ ပွဲမှာ ဂိုး ၅၀ ၊ ပေါ်လက်တာက ၇၅ ပွဲမှာ ဂိုး ၅၀၊ အမ်ဘက်ပီက ၈၈ ပွဲမှာ ဂိုး ၅၀ စီ အသီးသီး သွင်းယူနိုင်ခဲ့ဖူးကြပါတယ်။ အသက် ၂၈ နှစ်အရွယ် နေမာဟာ ပြင်သစ်မြေကို ရောက်ပြီးကတည်းက ဒေသတွင်းဆုဖလား ၈ လုံးအထိ ဆွတ်ခူးထားပြီး အဲဒီထဲမှာ လီဂူး-၁ ချန်ပီယံ ၃ နှစ်ဆက်ဖြစ်တာလည်း အပါ အဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားတော့ ရယူနိုင်ခြင်း မရှိသေး ပါဘူး။

SBOTOP NOV

(zawgyi)

၂၁ ရာစုအတြင္း စံခ်ိန္တစ္ခု ထပ္တိုးလိုက္တဲ့ ေနမာ

ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴး ေနမာဟာ ၂၁ ရာစုအတြင္း ျပင္သစ္လီဂူး-၁ သြင္းဂိုး ၅၀ အျမန္ဆုံးျပည့္ေျမာက္ တဲ့စံခ်ိန္ကို စိုက္ထူႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။ ေနမာဟာ ေဘာ္ဒိုးအသင္းနဲ႔သေရက်ခဲ့တဲ့ပြဲမွာ အသင္းအတြက္ ပထမေခ်ပဂိုးကို ပင္နယ္တီကေနတစ္ဆင့္ သြင္းေပးႏုိင္ခဲ့တာျဖစ္ၿပီး အဲဒီစံခ်ိန္ကို စိုက္ထူႏုိင္ခဲ့တာပါ။ ဒါ့အျပင္ ေနမာဟာ အဲဒီပြဲမွာ မၾကာေသးခင္က ကြယ္လြန္သြားခဲ့တဲ့ ေဘာလုံးဂႏၳ၀င္ မာရာဒိုနာကို ဂုဏ္ျပဳတဲ့အေနနဲ႔ သူ႕ပုံပါ အက်ီကို ေသြးပူေလ့က်င့္ခန္းလုပ္စဥ္မွာ ၀တ္ဆင္ျပခဲ့တယ္လုိ႔ သိရပါတယ္။

အဲဒီပြဲၿပီးေနာက္ ေနမာဟာ လီဂူး-၁ သြင္းဂိုး ၅၀ ျပည့္ေျမာက္ခဲ့ၿပီး အဲဒီမိုင္တိုင္ေရာက္ဖို႔ ၅၈ ပြဲသာ လိုအပ္ခဲ့ပါ တယ္။ ေနမာဟာ ဘာစီလိုနာအသင္းကေန ပီအက္စ္ဂ်ီကို ယူရို ၂၂၂ သန္းနဲ႔ ၂၀၁၇ ၾသဂုတ္လပိုင္းမွာ ေျပာင္း ေရႊ႕လာခဲ့သူျဖစ္ပါတယ္။ အရင္က အဲဒီလိုစံခ်ိန္ စိုက္ထူႏုိင္သူေတြကေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေဟာင္းပဲ ျဖစ္တဲ့ အီဘရာဟီမိုဗစ္ခ်္ျဖစ္ၿပီး ၅၉ ပြဲ ၾကာခဲ့ပါတယ္။

ဒါ့အျပင္ ဖယ္ကာအိုက ၇၂ ပြဲမွာ ဂိုး ၅၀ ၊ ေပၚလက္တာက ၇၅ ပြဲမွာ ဂိုး ၅၀၊ အမ္ဘက္ပီက ၈၈ ပြဲမွာ ဂိုး ၅၀ စီ အသီးသီး သြင္းယူႏုိင္ခဲ့ဖူးၾကပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ေနမာဟာ ျပင္သစ္ေျမကို ေရာက္ၿပီးကတည္းက ေဒသတြင္းဆုဖလား ၈ လုံးအထိ ဆြတ္ခူးထားၿပီး အဲဒီထဲမွာ လီဂူး-၁ ခ်န္ပီယံ ၃ ႏွစ္ဆက္ျဖစ္တာလည္း အပါ အ၀င္ျဖစ္ပါတယ္။ ဒါေပမဲ့ ေနမာဟာ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားေတာ့ ရယူႏုိင္ျခင္း မရွိေသး ပါဘူး။