“ ကာလရှည်ကြာနှစ်သက်စောင့်စားခဲ့ရတဲ့ ဆုကို ကွျန်တော် ရယူနိုင်ခဲ့ပြီ ” ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရ လီဝမ်ဒေါ့စကီး

0
254

 

ezgif-7-cbfa92492bb7-2     ၂၀၂၀ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန် တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက ရရှိခဲ့တယ်လို့ သိရပါတယ်။ ၎င်းက ယခုလို ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရဖို့အတွက် ကာလရှည်ကြာ စောင့်ခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါဆုကို ပြီးခဲ့တဲ့ နှစ်က ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ရရှိခဲ့ပြီး ယခုနှစ်မှာ လီဝမ်ဒေါ့စကီးက ရရှိခဲ့တာ ဖြစ်ပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၄၇ ပွဲမှာ ၅၅ ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းကို ဖလားသုံးလုံးရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အသက် ၃၂ နှစ် တိုက်စစ်မှူး လိဝမ်ဒေါ့စကီးက ဂျာမနီ ဘွန်ဒက်စ်လီဂါမှာလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂိုးသွင်းအများဆုံး ကစားဆုကို ရရှိခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။

လီဝမ်ဒေါ့စကီးက “ ဒီဆုက မက်ဆီနဲ့ ရော်နယ်ဒိုတို့ အလှည့်ကျ ခွဲဝေယူနေကျဆိုတော့ ကွျန်တော် ဒီဆု ရရှိတော့ မင်းတို့က မယုံကြည်နိုင်စရာ ဖြစ်စေခဲ့မှာပါ။ ဟိုး ကာလရှည်တွေကို ကွျန်တော် သတိရနေပါတယ်။ ကွျန်တော်က ဒီဆုကို ရရှိဖို့ ကာလရှည်ကြာစောင့်စားခဲ့ရပြီး ကွျန်တော်နှစ်သက်တဲ့ ဆုတစ်ခုကို အခုချိန်မှာ ရယူနိုင်ခဲ့ပါပြီ ” လို့ ပြောပါတယ်။

၎င်းဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁၄ ပွဲ ကစားအပြီးမှာ ၁၆ ဂိုး သွင်းယူ ထားနိုင်ပါတယ်။ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို လီဗာပူးလ်နည်းပြ ကလော့ပ်က ရရှိခဲ့ပါတယ်။ ကလော့ပ်က ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့သလို ၂၀၁၉ ခုနှစ်အတွက် တစ်နှစ်တာ နည်းပြဆုကိုလည်း ကလော့ပ်က ရယူထားနိုင်ခဲ့လို့ နှစ်နှစ်ဆက် ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဖီဖာရဲ့ အကောင်းဆုံးသွင်းဂိုးဆု(ပက်ကက်ဆု)ကို စပါးလ်မှာ ခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်က ရရှိခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့နှစ် ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ တစ်ကိုယ်အစွမ်းနဲ့ ဘောလုံးကို ဆွဲယူလာပြီး အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဆုကို ၂၀၀၉ ခုနှစ်က စတင်ပေးအပ်ခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ပက်ကက် အမှတ်တရအနေနဲ့ ပက်ကက်ဆုအဖြစ် အမည်ပေးထားတာ ဖြစ်ပါတယ်။

Zawgyi

“ ကာလရွည္ၾကာႏွစ္သက္ေစာင့္စားခဲ့ရတဲ့ ဆုကို ကြ်န္ေတာ္ ရယူနိုင္ခဲ့ၿပီ ” ဖီဖာတစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုရ လီဝမ္ေဒါ့စကီး

၂၀၂၀ ခုႏွစ္အတြက္ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုကို ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ ပိုလန္ တိုက္စစ္မႉး လီဝမ္ေဒါ့စကီးက ရရွိခဲ့တယ္လို႔ သိရပါတယ္။ ၎က ယခုလို ဖီဖာတစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုရဖို႔အတြက္ ကာလရွည္ၾကာ ေစာင့္ခဲ့ရသူျဖစ္တယ္လို႔ ဆိုပါတယ္။ အဆိုပါဆုကို ၿပီးခဲ့တဲ့ ႏွစ္က ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီက ရရွိခဲ့ၿပီး ယခုႏွစ္မွာ လီဝမ္ေဒါ့စကီးက ရရွိခဲ့တာ ျဖစ္ပါတယ္။
၎ဟာ ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီက ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ၄၇ ပြဲမွာ ၅၅ ဂိုးသြင္းယူနိုင္ခဲ့သလို အသင္းကို ဖလားသုံးလုံးရရွိေအာင္ ကူညီေပးနိုင္ခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္ တိုက္စစ္မႉး လိဝမ္ေဒါ့စကီးက ဂ်ာမနီ ဘြန္ဒက္စ္လီဂါမွာလည္း ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဂိုးသြင္းအမ်ားဆုံး ကစားဆုကို ရရွိခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း ဂိုးသြင္းအမ်ားဆုံး ကစားသမားဆု ရရွိခဲ့ပါတယ္။
လီဝမ္ေဒါ့စကီးက “ ဒီဆုက မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ အလွည့္က် ခြဲေဝယူေနက်ဆိုေတာ့ ကြ်န္ေတာ္ ဒီဆု ရရွိေတာ့ မင္းတို႔က မယုံၾကည္နိုင္စရာ ျဖစ္ေစခဲ့မွာပါ။ ဟိုး ကာလရွည္ေတြကို ကြ်န္ေတာ္ သတိရေနပါတယ္။ ကြ်န္ေတာ္က ဒီဆုကို ရရွိဖို႔ ကာလရွည္ၾကာေစာင့္စားခဲ့ရၿပီး ကြ်န္ေတာ္ႏွစ္သက္တဲ့ ဆုတစ္ခုကို အခုခ်ိန္မွာ ရယူနိုင္ခဲ့ပါၿပီ ” လို႔ ေျပာပါတယ္။
၎ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ၁၄ ပြဲ ကစားအၿပီးမွာ ၁၆ ဂိုး သြင္းယူ ထားနိုင္ပါတယ္။ ဖီဖာရဲ့ တစ္ႏွစ္တာ အေကာင္းဆုံး နည္းျပဆုကို လီဗာပူးလ္နည္းၿပ ကေလာ့ပ္က ရရွိခဲ့ပါတယ္။ ကေလာ့ပ္က ၿပီးခဲ့တဲ့ႏွစ္က ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ခဲ့သလို ၂၀၁၉ ခုႏွစ္အတြက္ တစ္ႏွစ္တာ နည္းျပဆုကိုလည္း ကေလာ့ပ္က ရယူထားနိုင္ခဲ့လို႔ ႏွစ္ႏွစ္ဆက္ ရယူနိုင္ခဲ့ျခင္းျဖစ္ပါတယ္။
ဖီဖာရဲ့ အေကာင္းဆုံးသြင္းဂိုးဆု(ပက္ကက္ဆု)ကို စပါးလ္မွာ ေျခစြမ္းျပေနတဲ့ ဆြန္ေဟာင္မင္က ရရွိခဲ့ပါတယ္။ ဆြန္ေဟာင္မင္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဘန္ေလအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ တစ္ကိုယ္အစြမ္းနဲ႔ ေဘာလုံးကို ဆြဲယူလာၿပီး အဆုံးသတ္ဂိုးသြင္းယူနိုင္ခဲ့တာ ျဖစ္ပါတယ္။ အဆိုပါဆုကို ၂၀၀၉ ခုႏွစ္က စတင္ေပးအပ္ခဲ့တာ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉး ပက္ကက္ အမွတ္တရအေနနဲ႔ ပက္ကက္ဆုအျဖစ္ အမည္ေပးထားတာ ျဖစ္ပါတယ္။