ကိုဗစ် ၁၉ ရောဂါပိုးမရှိတော့လို့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဆွာရတ်ဇ် ပြန်လည်ပါဝင်တော့မည်

0
296

 

SBOTop Dec          ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရခြင်း မရှိတော့ကြောင့် စစ်ဆေးတွေ့ရှိခဲ့လို့ တိုက်စစ်မှူး ဆွာရတ်ဇ်က အသင်းနဲ့ ပြန်လည်ပါဝင်တော့မှာဖြစ်ကြောင်း အက်သလက်တီကိုမက်ဒရစ်အသင်းက ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဆွာရတ်ဇ်ဟာ ပြီးခဲ့တဲ့လက ကိုဗစ် ၁၉ ကူးစက်ခံခဲ့ရတာ ဖြစ်လို့ ဥရောဂွေးအသင်းက ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တဲ့ပွဲနဲ့ ဘရာဇီးကို ရှုံးခဲ့တဲ့ပွဲတွေနဲ့ ပါဝင်ခွင့်မရခဲ့သလို အက်သလက်တီကို မက်ဒရစ်အသင်းနဲ့လည်း လေးပွဲလောက် လွဲချော်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ အသင်းက စစ်ဆေးတဲ့ POR Test မှာ ကိုဗစ် ၁၉ Negative ဖြစ်ခဲ့လို့ အသင်းနဲ့ စတင်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“ ဥရုဂွေးတိုက်စစ်မှူး ဆွာရတ်ဇ်မှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့တော့လို့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်း တွေနဲ့အညီ အသင်းမန်နေဂျာ ဆီမြွန်နီရဲ့ ဦးဆောင်မှုအောက် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ ” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဆွာရတ်ဇ်ဟာ ပြီးခဲ့တဲ့ ပြောင်းရွှေ့ကာလက ဘာစီလိုနာကနေ အက်သလက်တီကိုမက်ဒရစ်ကို ရောက်ရှိလာခဲ့ပြီးနောက် လာလီဂါ ခြောက်ပွဲကစားအပြီး ငါးဂိုး သွင်းယူထားနိုင်ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ စနေနေ့မှာ ဗယ်လာဒိုလစ်အသင်းကို အိမ်ကွင်းပွဲ ကစားဖို့ရှိနေပြီး ဗုဒ္ဓဟူးနေ့မှာတော့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲအဖြစ် ဆာဇ်ဘက်ချ်အသင်းနဲ့ ကစားဖို့ ရှိနေပါတယ်။ အက်သလက်တီကိုက လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ဆိုစီဒက်အသင်းနောက် ရမှတ်တစ်မှတ်ကွာဟနေပေမဲ့ လာလီဂါ ပွဲကျန် နှစ်ပွဲကစားဖို့ ကျန်နေပါသေးတယ်။

Zawgyi

ကိုဗစ္ ၁၉ ေရာဂါပိုးမရွိေတာ့လို႔ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ဆြာရတ္ဇ္ ျပန္လည္ပါဝင္ေတာ့မည္

ကိုဗစ္ ၁၉ ေရာဂါပိုးကူးစက္ခံထားရျခင္း မရွိေတာ့ေၾကာင့္ စစ္ေဆးေတြ႕ရွိခဲ့လို႔ တိုက္စစ္မႉး ဆြာရတ္ဇ္က အသင္းနဲ႔ ျပန္လည္ပါဝင္ေတာ့မွာျဖစ္ေၾကာင္း အက္သလက္တီကိုမက္ဒရစ္အသင္းက ၾကာသပေတးေန႔က ထုတ္ျပန္လိုက္ပါတယ္။ ဆြာရတ္ဇ္ဟာ ၿပီးခဲ့တဲ့လက ကိုဗစ္ ၁၉ ကူးစက္ခံခဲ့ရတာ ျဖစ္လို႔ ဥေရာေဂြးအသင္းက ကိုလံဘီယာအသင္းကို အနိုင္ရခဲ့တဲ့ပြဲနဲ႔ ဘရာဇီးကို ရႈံးခဲ့တဲ့ပြဲေတြနဲ႔ ပါဝင္ခြင့္မရခဲ့သလို အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔လည္း ေလးပြဲေလာက္ လြဲေခ်ာ္ခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ အသင္းက စစ္ေဆးတဲ့ POR Test မွာ ကိုဗစ္ ၁၉ Negative ျဖစ္ခဲ့လို႔ အသင္းနဲ႔ စတင္ၿပီး ေလ့က်င့္မႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။
“ ဥ႐ုေဂြးတိုက္စစ္မႉး ဆြာရတ္ဇ္မွာ ကိုရိုနာဗိုင္းရပ္စ္ မေတြ႕ေတာ့လို႔ က်န္းမာေရးစည္းမ်ဥ္းစည္းကမ္း ေတြနဲ႔အညီ အသင္းမန္ေနဂ်ာ ဆီႁမြန္နီရဲ့ ဦးေဆာင္မႈေအာက္ အသင္းနဲ႔ ေလ့က်င့္မႈေတြ ျပဳလုပ္သြားမွာပါ ” ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။
ဆြာရတ္ဇ္ဟာ ၿပီးခဲ့တဲ့ ေျပာင္းေရႊ႕ကာလက ဘာစီလိုနာကေန အက္သလက္တီကိုမက္ဒရစ္ကို ေရာက္ရွိလာခဲ့ၿပီးေနာက္ လာလီဂါ ေျခာက္ပြဲကစားအၿပီး ငါးဂိုး သြင္းယူထားနိုင္ပါတယ္။ အက္သလက္တီကို မက္ဒရစ္အသင္းဟာ စေနေန႔မွာ ဗယ္လာဒိုလစ္အသင္းကို အိမ္ကြင္းပြဲ ကစားဖို႔ရွိေနၿပီး ဗုဒၶဟူးေန႔မွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆုံးပြဲအျဖစ္ ဆာဇ္ဘက္ခ်္အသင္းနဲ႔ ကစားဖို႔ ရွိေနပါတယ္။ အက္သလက္တီကိုက လာလီဂါအမွတ္ေပးဇယားရဲ့ အဆင့္ ၂ ေနရာမွာ ဆိုစီဒက္အသင္းေနာက္ ရမွတ္တစ္မွတ္ကြာဟေနေပမဲ့ လာလီဂါ ပြဲက်န္ ႏွစ္ပြဲကစားဖို႔ က်န္ေနပါေသးတယ္။