ခရစ္စတယ်ပဲလေ့ကွင်းမှာ လီဗာပူးလ် ဂိုးပြတ်နိုင်ဖို့ ခက်ခဲစေနိုင်တယ်

0
403

 

SBOTop Dec

ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ အဖြစ် ခရစ္စတယ်ပဲလေ့အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ခရစ္စတယ်ပဲလေ့ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၉-၁၂-၂၀၂၀ ရက် စနေနေ့ည ၇း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့က ပရီးမီးယားလိဂ် ၁၃ ပွဲကစားအပြီး ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရှိနေပြီး လီဗာပူးလ်က ရမှတ် ၂၈ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လီဗာပူးလ် ၄ – ၀ ခရစ္စတယ်ပဲလေ့(ပရီးမီးယားလိဂ်)

ခရစ္စတယ်ပဲလေ့ ၁ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၄ – ၃ ခရစ္စတယ်ပဲလေ့(ပရီးမီးယားလိဂ်)

ခရစ္စတယ်ပဲလေ့ ၀ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

ခရစ္စတယ်ပဲလေ့ ၁ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၁ – ၀ ခရစ္စတယ်ပဲလေ့(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ခရစ္စတယ်ပဲလေ့က နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထား ပြီး လီဗာပူးလ်က သုံးပွဲနိုင် သုံးပွဲသရေ ဖြစ်ထားပါတယ်။ ခရစ္စတယ်ပဲလေ့က အိမ်ကွင်းမှာ လီဗာပူးလ်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာက ၃-၁ နဲ့ အနိုင်ရပြီးနောက် အနိုင်ရရှိခြင်း မရှိသေးပါဘူး။ လီဗာပူးလ်က ခရစ္စတယ်ပဲလေ့နဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံး ခုနစ်ပွဲမှာ အနိုင်ရထားပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး လေးပွဲဆက် သရေဖြစ်ထားပါတယ်။ လီဗာပူးလ်က ခရစ္စတယ်ပဲလေ့ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့တဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံးခြောက်ပွဲမှာ အနည်းဆုံး သွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် နောက်ဆုံး ကိုးပွဲမှာ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ငါးပွဲနိုင် လေးပွဲသရေ ဖြစ်ထားပေါ်ထားပါတယ်။ ခရစ္စတယ်ပဲလေ့အသင်းက ပရီးမီးယားလိဂ် ထိပ်ဆုံးခြောက်နေရာမှာ ရပ်တည်နေတဲ့ အသင်းတွေနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ၁၈ ပွဲမှာ နိုင်ပွဲ ရရှိခြင်း မရှိခဲ့ပါဘူး။

ခရစ္စတယ်ပဲလေ့အသင်းမှာ ဝှစ်ဟမ်၊ ကယ်လီ၊ ဟန်နက်ဆီနဲ့ ဖာဂူဆန်တို့က ဒဏ်ရာရနေပြီး ဘန်တီကီက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးလ်အသင်းမှာ တက်ဆီမီကပ်၊ ဗန်ဒိုက်၊ ဂျိုတာ၊ သီယာဂို၊ ရှာကွီရီ၊ မီနာနဲ့ ဂိုမက်ဇ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ခရစ္စတယ်ပဲလေ့က အိမ်ကွင်းမှာ အနိုင်ရဖို့ ၃၀% လောက် ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ လီဗာပူးလ်အနိုင်ရဖို့ ၅၀% ရှိနေပါတယ်။

Zawgyi

ခရစၥတယ္ပဲေလ့ကြင္းမွာ လီဗာပူးလ္ ဂိုးျပတ္နိုင္ဖို႔ ခက္ခဲေစနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၄ အျဖစ္ ခရစၥတယ္ပဲေလ့အသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ခရစၥတယ္ပဲေလ့ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၉-၁၂-၂၀၂၀ ရက္ စေနေန႔ည ၇း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ခရစၥတယ္ပဲေလ့က ပရီးမီးယားလိဂ္ ၁၃ ပြဲကစားအၿပီး ရမွတ္ ၁၈ မွတ္နဲ႔ အဆင့္ ၁၂ ေနရာမွာ ရွိေနၿပီး လီဗာပူးလ္က ရမွတ္ ၂၈ မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ထားပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လီဗာပူးလ္ ၄ – ၀ ခရစၥတယ္ပဲေလ့(ပရီးမီးယားလိဂ္)
ခရစၥတယ္ပဲေလ့ ၁ – ၂ လီဗာပူးလ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၄ – ၃ ခရစၥတယ္ပဲေလ့(ပရီးမီးယားလိဂ္)
ခရစၥတယ္ပဲေလ့ ၀ – ၂ လီဗာပူးလ္(ပရီးမီးယားလိဂ္)
ခရစၥတယ္ပဲေလ့ ၁ – ၂ လီဗာပူးလ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၁ – ၀ ခရစၥတယ္ပဲေလ့(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ခရစၥတယ္ပဲေလ့က ႏွစ္ပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထား ၿပီး လီဗာပူးလ္က သုံးပြဲနိုင္ သုံးပြဲသေရ ျဖစ္ထားပါတယ္။ ခရစၥတယ္ပဲေလ့က အိမ္ကြင္းမွာ လီဗာပူးလ္ကို ၂၀၁၄ ခုႏွစ္ နိုဝင္ဘာက ၃-၁ နဲ႔ အနိုင္ရၿပီးေနာက္ အနိုင္ရရွိျခင္း မရွိေသးပါဘူး။ လီဗာပူးလ္က ခရစၥတယ္ပဲေလ့နဲ႔ ၿပိဳင္ပြဲ အရပ္ရပ္ ေနာက္ဆုံး ခုနစ္ပြဲမွာ အနိုင္ရထားပါတယ္။ လီဗာပူးလ္က ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ေလးပြဲဆက္ သေရျဖစ္ထားပါတယ္။ လီဗာပူးလ္က ခရစၥတယ္ပဲေလ့ရဲ့ အိမ္ကြင္းမွာ သြားေရာက္ကစားခဲ့တဲ့ ၿပိဳင္ပြဲ အရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲမွာ အနည္းဆုံး သြင္းဂိုး ႏွစ္ဂိုးသြင္းယူထားနိုင္ပါတယ္။ လီဗာပူးလ္က ပရီးမီးယားလိဂ္ ေနာက္ဆုံး ကိုးပြဲမွာ ရႈံးပြဲမရွိ ျဖစ္ေပၚထားၿပီး ငါးပြဲနိုင္ ေလးပြဲသေရ ျဖစ္ထားေပၚထားပါတယ္။ ခရစၥတယ္ပဲေလ့အသင္းက ပရီးမီးယားလိဂ္ ထိပ္ဆုံးေျခာက္ေနရာမွာ ရပ္တည္ေနတဲ့ အသင္းေတြနဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံခဲ့တဲ့ ၁၈ ပြဲမွာ နိုင္ပြဲ ရရွိျခင္း မရွိခဲ့ပါဘူး။
ခရစၥတယ္ပဲေလ့အသင္းမွာ ဝွစ္ဟမ္၊ ကယ္လီ၊ ဟန္နက္ဆီနဲ႔ ဖာဂူဆန္တို႔က ဒဏ္ရာရေနၿပီး ဘန္တီကီက ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ လီဗာပူးလ္အသင္းမွာ တက္ဆီမီကပ္၊ ဗန္ဒိုက္၊ ဂ်ိဳတာ၊ သီယာဂို၊ ရွာကြီရီ၊ မီနာနဲ႔ ဂိုမက္ဇ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ခရစၥတယ္ပဲေလ့က အိမ္ကြင္းမွာ အနိုင္ရဖို႔ ၃၀% ေလာက္ ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀% နဲ႔ လီဗာပူးလ္အနိုင္ရဖို႔ ၅၀% ရွိေနပါတယ္။