ချန်ပီယံခြေစွမ်းပြသပြီး ခရစ္စတယ်ပဲလေ့ကွင်းမှာ လီဗာပူးလ် ခုနစ်ဂိုးသွင်းယူအနိုင်ယူခဲ့

0
320

ezgif-7-cbfa92492bb7-2

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့အသင်းနဲ့ လီဗာပူးလ်အသင်းတို့ပွဲစဉ် ပြီးဆုံးချိန်မှာ လီဗာပူးလ်က အဝေးကွင်းမှာ ၀-၇ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ချန်ပီယံလီဗာပူးလ်အသင်းက ၁၄ ပွဲကစားအပြီး ရမှတ် ၃၁ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ပြီး ဒုတိယနေရာက စပါးလ်အသင်းကို ရမှတ် ၆ မှတ် ဖြတ်ထားပါတယ်။

လီဗာပူးလ်အတွက် ဂိုးတွေကို ပထမပိုင်း ၃ မိနစ်မှာ မာနေးရဲ့ ပေးပို့မှုကနေ မီနာမီနိုက အဖွင့်ဂိုး သွင်းယူခဲ့ပြီး ၃၅ မိနစ်မှာ ဖာမီနိုရဲ့ ပေးပို့မှုကနေ မာနေးက သွင်းယူခဲ့ပြီး ၄၄ မိနစ်မှာ ရော်ဘတ်ဆင်ရဲ့ ပေးပို့မှုကနေ ဖာမီနို တတိယအနိုင်ဂိုးသွင်းယူခဲ့လို့ ပထမပိုင်းမှာ ၃-၀ နဲ့ လီဗာပူးလ်က ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၅၂ မိနစ်မှာ အာနိုးရဲ့ ဖန်တီးပေးမှုကနေ ဟမ်ဒါဆင်က စတုတ္ထမြောက်ဦးဆောင်ဂိုး ရရှိခဲ့ပြီး ၅၇ မိနစ်မှာ မာနေးရဲ့ နေရာမှာ ဆာလက်ကို အစားထိုးခဲ့ပါတယ်။ လူစားခဲ့ပြီးနောက် ၆၈ မိနစ်မှာ ဖာမီနိုက ပဉ္စမမြောက် ဂိုးရရှိအောင် ဆာလက်က ဖန်တီးပေးခဲ့ပြီး ၈၁ မိနစ်မှာ မာတစ်ရဲ့ ပေးပို့မှုကနေ ဆာလက်က ဆဋ္ဌမမြောက် အနိုင်ဂိုးနဲ့ ၈၄ မိနစ်မှာ အာနိုးရဲ့ ပေးပို့မှုကနေ သတ္တမမြောက် အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့အသင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၅% အထိ ရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ် မှာ ရှစ်ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး ခုနစ်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့က ဂိုးပေါက်ကန်သွင်းခွင့် ငါးကြိမ် ရခဲ့ပြီး သုံးကြိမ်ဂိုးပေါက်ကို ထိရောက်ခဲ့ပါတယ်။

လီဗာပူးလ်အသင်း အနေနဲ့ ၁၉၉၁ ခုနှစ်က ဒါဘီကောင်တီအသင်းကို အဝေးကွင်းမှာ ခုနစ်ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် ယခုအကြိမ် ပထမဆုံး သွင်းများ ခုနစ်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေနဲ့ ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆာလက်က ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ၁၃ ဂိုး နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Zawgyi

ခ်န္ပီယံေျခစြမ္းျပသၿပီး ခရစၥတယ္ပဲေလ့ကြင္းမွာ လီဗာပူးလ္ခုနစ္ဂိုးသြင္းယူအနိုင္ယူခဲ့

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၄ ျဖစ္တဲ့ ခရစၥတယ္ပဲေလ့အသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ပြဲစဥ္ ၿပီးဆုံးခ်ိန္မွာ လီဗာပူးလ္က အေဝးကြင္းမွာ ၀-၇ နဲ႔ အနိုင္ရခဲ့ပါတယ္။ ဒါေၾကာင့္ ခ်န္ပီယံလီဗာပူးလ္အသင္းက ၁၄ ပြဲကစားအၿပီး ရမွတ္ ၃၁ မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ၿပီး ဒုတိယေနရာက စပါးလ္အသင္းကို ရမွတ္ ၆ မွတ္ ျဖတ္ထားပါတယ္။
လီဗာပူးလ္အတြက္ ဂိုးေတြကို ပထမပိုင္း ၃ မိနစ္မွာ မာေနးရဲ့ ေပးပို႔မႈကေန မီနာမီနိုက အဖြင့္ဂိုး သြင္းယူခဲ့ၿပီး ၃၅ မိနစ္မွာ ဖာမီနိုရဲ့ ေပးပို႔မႈကေန မာေနးက သြင္းယူခဲ့ၿပီး ၄၄ မိနစ္မွာ ေရာ္ဘတ္ဆင္ရဲ့ ေပးပို႔မႈကေန ဖာမီနို တတိယအနိုင္ဂိုးသြင္းယူခဲ့လို႔ ပထမပိုင္းမွာ ၃-၀ နဲ႔ လီဗာပူးလ္က ဦးေဆာင္ခဲ့ပါတယ္။
ဒုတိယပိုင္း ၅၂ မိနစ္မွာ အာနိုးရဲ့ ဖန္တီးေပးမႈကေန ဟမ္ဒါဆင္က စတုတၳေျမာက္ဦးေဆာင္ဂိုး ရရွိခဲ့ၿပီး ၅၇ မိနစ္မွာ မာေနးရဲ့ ေနရာမွာ ဆာလက္ကို အစားထိုးခဲ့ပါတယ္။ လူစားခဲ့ၿပီးေနာက္ ၆၈ မိနစ္မွာ ဖာမီနိုက ပဥၥမေျမာက္ ဂိုးရရွိေအာင္ ဆာလက္က ဖန္တီးေပးခဲ့ၿပီး ၈၁ မိနစ္မွာ မာတစ္ရဲ့ ေပးပို႔မႈကေန ဆာလက္က ဆ႒မေျမာက္ အနိုင္ဂိုးနဲ႔ ၈၄ မိနစ္မွာ အာနိုးရဲ့ ေပးပို႔မႈကေန သတၱမေျမာက္ အနိုင္ဂိုးေတြကို သြင္းယူနိုင္ခဲ့ပါတယ္။
လီဗာပူးလ္အသင္းဟာ ခရစၥတယ္ပဲေလ့အသင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၅% အထိ ရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၄ ႀကိမ္ မွာ ရွစ္ႀကိမ္ ဂိုးေပါက္တည့္ခဲ့ၿပီး ခုနစ္ဂိုး သြင္းယူနိုင္ခဲ့ေပမဲ့ ခရစၥတယ္ပဲေလ့က ဂိုးေပါက္ကန္သြင္းခြင့္ ငါးႀကိမ္ ရခဲ့ၿပီး သုံးႀကိမ္ဂိုးေပါက္ကို ထိေရာက္ခဲ့ပါတယ္။
လီဗာပူးလ္အသင္း အေနနဲ႔ ၁၉၉၁ ခုႏွစ္က ဒါဘီေကာင္တီအသင္းကို အေဝးကြင္းမွာ ခုနစ္ဂိုးနဲ႔ အနိုင္ယူခဲ့ၿပီးေနာက္ ယခုအႀကိမ္ ပထမဆုံး သြင္းမ်ား ခုနစ္ဂိုး သြင္းယူနိုင္ခဲ့တာ ျဖစ္ပါတယ္။ ခရစၥတယ္ပဲေလနဲ႔ ပြဲမွာ ႏွစ္ဂိုးသြင္းယူနိုင္ခဲ့တဲ့ ဆာလက္က ပရီးမီးယားလိဂ္ သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာ ၁၃ ဂိုး နဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။