ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့အတွက် အပြစ်ဖို့ခံမယ်ဆိုတဲ့ ဆိုးလ်ရှား

0
276

SBOTOP NOV

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လိုက်ဇစ်အသင်းကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ကာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့နောက် အဲဒီရလဒ်အတွက် သူ အပြည့်အဝ တာဝန်ယူတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းက ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်ဖို့ အဲဒီပွဲမှာ သရေရလဒ်သာ လိုအပ်ပေမဲ့ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုး ၃ ဂိုး အရင်ပေးခဲ့ရပြီး ပွဲပြီးခါနီးမှ ၂ ဂိုးပြန်သွင်းနိုင်တာကြောင့် အရှုံးရလဒ် နဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်ယူအသင်းဟာ အုပ်စုပွဲစဉ် ၆ ပွဲလုံး ပြည့်မြောက်သွားခဲ့ပြီဖြစ်ကာ ဒုတိယနေရာက မန်ယူနဲ့ ရမှတ်တူနေပေမဲ့ တစ်ပွဲကစားဖို့ ကျန်နေသေးတာကြောင့် သရဲနီအသင်းဟာ အုပ်စုအဆင့်ကထွက်ခွာရဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။ အဲဒီအုပ်စု(H)ထိပ်ဆုံးမှာတော့ ဂျာမနီကလပ် လိုက်ဇစ်အသင်းက ရမှတ် ၁၂ မှတ်နဲ့ ရပ်တည်နေပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ဆိုးလ်ရှားက “ ကျွန်တော့်အနေနဲ့ ဒီရာသီအခြေအနေရာ နောက်ကြောင်း တွေရော ကစားသမားတွေရဲ့ အခြေအနေပါ ကြည့်လိုက်တဲ့အခါ အားလုံးက ချီးမွမ်းဖွယ်ရာကောင်းတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒါက အလုပ်မဖြစ်ခဲ့ဘဲ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းတစ်သင်းလို စုစုစည်းစည်း မကစားနိုင်ခဲ့ကြဘဲ အဲဒီအတွက်လည်း နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်မှာပဲ အမြဲတမ်း တာဝန်ရှိပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

ခ်န္ပီယံလိဂ္က ထြက္ခဲ့ရတဲ့အတြက္ အျပစ္ဖို႔ခံမယ္ဆိုတဲ့ ဆိုးလ္ရွား

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက လိုက္ဇစ္အသင္းကို ၃-၂ ဂိုးနဲ႔ ရႈံးနိမ့္ကာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရတဲ့ေနာက္ အဲဒီရလဒ္အတြက္ သူ အျပည့္အ၀ တာ၀န္ယူတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းက ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္ကို တက္ေရာက္ဖို႔ အဲဒီပြဲမွာ သေရရလဒ္သာ လိုအပ္ေပမဲ့ ၿပိဳင္ဘက္အသင္းကို ဦးေဆာင္ဂိုး ၃ ဂိုး အရင္ေပးခဲ့ရၿပီး ပြဲၿပီးခါနီးမွ ၂ ဂိုးျပန္သြင္းႏုိင္တာေၾကာင့္ အရႈံးရလဒ္ နဲ႔သာ ရင္ဆုိင္ခဲ့ရပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ မန္ယူအသင္းဟာ အုပ္စုပြဲစဥ္ ၆ ပြဲလုံး ျပည့္ေျမာက္သြားခဲ့ၿပီျဖစ္ကာ ဒုတိယေနရာက မန္ယူနဲ႔ ရမွတ္တူေနေပမဲ့ တစ္ပြဲကစားဖို႔ က်န္ေနေသးတာေၾကာင့္ သရဲနီအသင္းဟာ အုပ္စုအဆင့္ကထြက္ခြာရဖို႔ ေသခ်ာသြားခဲ့တာျဖစ္ပါတယ္။ အဲဒီအုပ္စု(H)ထိပ္ဆုံးမွာေတာ့ ဂ်ာမနီကလပ္ လိုက္ဇစ္အသင္းက ရမွတ္ ၁၂ မွတ္နဲ႔ ရပ္တည္ေနပါတယ္။

ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာေတာ့ ဆိုးလ္ရွားက “ ကၽြန္ေတာ့္အေနနဲ႔ ဒီရာသီအေျခအေနရာ ေနာက္ေၾကာင္း ေတြေရာ ကစားသမားေတြရဲ႕ အေျခအေနပါ ၾကည့္လိုက္တဲ့အခါ အားလုံးက ခ်ီးမြမ္းဖြယ္ရာေကာင္းတယ္လို႔ ထင္ရပါတယ္။ ဒါေပမဲ့ ဒီေန႔မွာေတာ့ အဲဒါက အလုပ္မျဖစ္ခဲ့ဘဲ ကၽြန္ေတာ္တို႔အတြက္ ခက္ခဲတဲ့ ရာသီတစ္ခု ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ အသင္းတစ္သင္းလို စုစုစည္းစည္း မကစားႏုိင္ခဲ့ၾကဘဲ အဲဒီအတြက္လည္း နည္းျပတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ့္မွာပဲ အၿမဲတမ္း တာ၀န္ရွိပါတယ္” လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။