ချဲလ်ဆီး ခံစစ်ကစားသမား ရီစီ ဂျိမ်း ဒူးဒဏ်ရာ ခွဲစိတ်သွားဖို့ ရှိနေ

0
288

 

SBOTop Dec           ချဲလ်ဆီးအသင်းရဲ့ ခံစစ်ကစားသမား ရီစီ ဂျိမ်းဟာ ဒူးဒဏ်ရာအခြေအနေကြောင့် ဝက်ဟမ်းအသင်းနဲ့ ကစားရမဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘဲ ဖြစ်နေပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဂျိမ်းရဲ့ ညာဒူးဒဏ်ရာဟာ ခွဲစိတ်ကုသမှုခံယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အင်္ဂလန် လက်ရွေးစင်ကစား သမား ဂျိမ်းဟာ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ၁၃ မှာ ချဲလ်ဆီးအတွက် ၁၁ ပွဲ ပါဝင်ကစားထားပါတယ်။

တကယ်လို့ ဝက်ဟမ်းအသင်းနဲ့ ကစားရမဲ့ အိမ်ကွင်းပွဲမှာ ဂျိမ်းမပါဝင်နိုင်ခဲ့ရင် အသင်းမန်နေဂျာ လမ်းပတ်က ဝါရင့်ခံစစ်ကစားသမား ဖြစ်တဲ့ အက်ပလီကျူတာကို အစားထိုးအသုံးပြုသွားနိုင်ပါတယ်။ ဂျိမ်းဟာ ပြီးခဲ့တဲ့ အဲဗာတန်အသင်းကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ပွဲနဲ့ ဝုဗ်အသင်းကို ရှုံးခဲ့တဲ့ပွဲတွေမှာ သက်တောင့်သက်သာ မရှိဘဲ အသင်းအတွက် ပွဲထွက်ကစားခဲ့နေသူ ဖြစ်နေပါတယ်။ ဂျိမ်းအနေနဲ့လည်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ယူရို ၂၀၂၀ ပွဲမှာ ပါဝင်ခွင့်ရဖို့ နည်းလမ်းတွေကို သေချာအောင် ရှာဖွေသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၁၃ ပွဲကစားအပြီး ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိနေပြီး ပြီးခဲ့တဲ့ နှစ်ပွဲဆက် ရှုံးပွဲတွေ့ထားလို့ ဝက်ဟမ်းအသင်းနဲ့ပွဲမှာ အနိုင်ရလဒ် ပြန်လည်ဖြစ်ပေါ်လာအောင် ပြုလုပ်သွားနိုင်ဖွယ် ရှိနေပါတယ်။

Zawgyi

ခ်ဲလ္ဆီး ခံစစ္ကစားသမား ရီစီ ဂ်ိမ္း ဒူးဒဏ္ရာ ခြဲစိတ္သြားဖို႔ ရွိေန

ခ်ဲလ္ဆီးအသင္းရဲ့ ခံစစ္ကစားသမား ရီစီ ဂ်ိမ္းဟာ ဒူးဒဏ္ရာအေျခအေနေၾကာင့္ ဝက္ဟမ္းအသင္းနဲ႔ ကစားရမဲ့ပြဲစဥ္မွာ ပါဝင္နိုင္ဖို႔ မေသခ်ာဘဲ ျဖစ္ေနပါတယ္။ သတင္းေတြရဲ့ ေဖာ္ျပခ်က္အရ ဂ်ိမ္းရဲ့ ညာဒူးဒဏ္ရာဟာ ခြဲစိတ္ကုသမႈခံယူသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ အဂၤလန္ လက္ေရြးစင္ကစား သမား ဂ်ိမ္းဟာ ယခုႏွစ္ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ ၁၃ မွာ ခ်ဲလ္ဆီးအတြက္ ၁၁ ပြဲ ပါဝင္ကစားထားပါတယ္။
တကယ္လို႔ ဝက္ဟမ္းအသင္းနဲ႔ ကစားရမဲ့ အိမ္ကြင္းပြဲမွာ ဂ်ိမ္းမပါဝင္နိုင္ခဲ့ရင္ အသင္းမန္ေနဂ်ာ လမ္းပတ္က ဝါရင့္ခံစစ္ကစားသမား ျဖစ္တဲ့ အက္ပလီက်ဴတာကို အစားထိုးအသုံးျပဳသြားနိုင္ပါတယ္။ ဂ်ိမ္းဟာ ၿပီးခဲ့တဲ့ အဲဗာတန္အသင္းကို ၁-၀ နဲ႔ ရႈံးခဲ့တဲ့ပြဲနဲ႔ ဝုဗ္အသင္းကို ရႈံးခဲ့တဲ့ပြဲေတြမွာ သက္ေတာင့္သက္သာ မရွိဘဲ အသင္းအတြက္ ပြဲထြက္ကစားခဲ့ေနသူ ျဖစ္ေနပါတယ္။ ဂ်ိမ္းအေနနဲ႔လည္း အဂၤလန္လက္ေရြးစင္အသင္းနဲ႔ ယူရို ၂၀၂၀ ပြဲမွာ ပါဝင္ခြင့္ရဖို႔ နည္းလမ္းေတြကို ေသခ်ာေအာင္ ရွာေဖြသြားမွာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ၁၃ ပြဲကစားအၿပီး ရမွတ္ ၂၂ မွတ္နဲ႔ အဆင့္ ၈ ေနရာမွာ ရွိေနၿပီး ၿပီးခဲ့တဲ့ ႏွစ္ပြဲဆက္ ရႈံးပြဲေတြ႕ထားလို႔ ဝက္ဟမ္းအသင္းနဲ႔ပြဲမွာ အနိုင္ရလဒ္ ျပန္လည္ျဖစ္ေပၚလာေအာင္ ျပဳလုပ္သြားနိုင္ဖြယ္ ရွိေနပါတယ္။