ခြေစွမ်းမှန်နေတဲ့ မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ လိဒ်ကို အနိုင်ယူသွားမှာပါ

0
373

 

SBOTop Dec         ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်အသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၀-၁၂-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၁၁း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် တစ်ပွဲကျန် ၁၂ ပွဲကစားအပြီး ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရှိနေပြီး လိဒ်ယူနိုက်တက်က ၁၃ ပွဲကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၁၄ နေရာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်ချက်စတာယူနိုက်တက် ၄ – ၀ လိဒ်(ခြေစမ်းပွဲ)

လိဒ် ၀ – ၃ မန်ချက်စတာယူနိုက်တက်(လိဂ်ဖလား)

လိဒ် ၀ – ၁ မန်ချက်စတာယူနိုက်တက်(အက်ဖ်အေဖလား)

မန်ချက်စတာယူနိုက်တက် ၁ – ၁ လိဒ်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၂ – ၃ လိဒ်(လိဂ်ဖလား)

လိဒ် ၀ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်ချက်စတာယူနိုက်တက်က သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး လိဒ်အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ၁၉၈၁ ခုနှစ်က စတင်ပြီး အိမ်ကွင်းမှာ လိဒ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ကိုးပွဲနိုင် ခြောက်ပွဲသရေ ဖြစ်ပေါ်ထားပါတယ်။ ယခုပွဲဟာ ၂၀၀၄ ခုနှစ်က မန်ချက်စတာယူနိုက်တက်ကွင်းမှာ ၁-၁ သရေ ဖြစ်ခဲ့ပြီးနောက် လိဒ်အသင်းနဲ့ အိမ်ကွင်းပွဲ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲ အနိုင်ရထားပါတယ်။ လိဒ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲမှာ ပေးဂိုးအနည်းဆုံး နှစ်ဂိုး ပေးထားရပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ ရိုဂျိုက ဒဏ်ရာရနေပြီး လိဒ်အသင်းမှာ ရော်ဘက် ကို့ချ်၊ လိုရန်တေးနဲ့ ဘီရာဒီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ အနိုင်ရဖို့ ၇၀% ရှိနေပြီး သွင်းဂိုး ၂-၁ လောက်နဲ့ အနိုင်ရသွားနိုင်ပါတယ်။

Zawgyi


မန်ချက်စတာယူနိုက်တက်မှာ ရိုဂျိုက ဒဏ်ရာရနေပြီး လိဒ်အသင်းမှာ ရော်ဘက် ကို့ခ်ျ၊ လိုရန်တေးနဲ့ ဘီရာဒီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။