ခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံနေတဲ့ အာဆင်နယ်က အဲဗာတန်ကွင်းမှာအနိုင်ရဖို့ ဖိအားပေးသွားနိုင်တယ်

0
330

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ အဖြစ် အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အဲဗာတန်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၉-၁၂-၂၀၂၀ ရက် စနေနေ့ည ၁၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းက ပရီးမီးယားလိဂ် ၁၃ ပွဲကစားအပြီး ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး အာဆင်နယ်အသင်းက ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အာဆင်နယ် ၃ – ၂ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၀ – ၀ အာဆင်နယ်(ပရီးမီးယားလိဂ်)

အဲဗာတန် ၁ – ၀ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၂ – ၀ အဲဗာတန်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၅ – ၁ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၂ – ၅ အာဆင်နယ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အဲဗာတန်က သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး အာဆင်နယ်က နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၂ ပွဲမှာ နှစ်ပွဲသာ အနိုင်ရထားပြီး နှစ်ပွဲသရေ ရှစ်ပွဲရှုံးထားပါတယ်။ အာဆင်နယ်က အဲဗာတန်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၂၈ ပွဲမှာ ၂၅ ပွဲရှုံးပွဲမရှိ ဖြစ်ပေါ်ထား ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး ခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ အဲဗာတန်က ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံးလေးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။

အဲဗာတန်အသင်းမှာ ဒီဂျင်း၊ ဒီလက်နဲ့ ဂါဘာမင်တို့က ဒဏ်ရာရနေပြီး အာဆင်နယ်မှာ ပါတေးက ဒဏ်ရာ ရနေပြီး ဂါဘရီရယ်နဲ့ ဇာခါတို့က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အဲဗာတန်အနိုင်ရဖို့ ၄၀% ရှိနေပြီး သရေဖြစ်ဖို့ ၄၀% နဲ့ အာဆင်နယ် အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

