ဂန္ထဝင် ပီလီရဲ့စံချိန်ကိုကျော်လွန်သွားတဲ့ မက်ဆီ

0
276

SBOTOP NOV

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ဗယ်လာဒိုးလစ်ကို အနိုင်ရတဲ့ပွဲမှာ သူ့ရဲ့ ကက်တာလန်အသင်းအတွက် သွင်းဂိုးပေါင်း ၆၄၄ ဂိုးအထိ ပြည့်မြောက်ခဲ့ပြီးနောက် ဘောလုံးဂန္ထဝင် ပီလီရဲ့ အသင်းတစ်သင်းတည်းအတွက် သွင်းပေးခဲ့တဲ့ သွင်းဂိုးစံချိန်ဟောင်းကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ ဗယ်လာဒိုးလစ်ကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် တတိယဂိုးမြောက်ကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပထမဆုံးသွင်းဂိုးအတွက်ကိုလည်း မက်ဆီကပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး ကလီးမန့်လန် ဂလက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘရာဇီးဂန္ထဝင် ပီလီဟာ ၁၉၅၆ ခုနှစ်နဲ့ ၁၉၇၄ ခုနှစ်အတွင်း မွေးရပ်မြေကလပ်တစ်ခုဖြစ်တဲ့ ဆန်းတို့စ်မှာ ၁၉ ရာသီအထိ ကျင်လည်ခဲ့ပြီးနောက် သွင်းဂိုး ၆၄၃ ဂိုးအထိ သွင်းပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီကတော့ ဘာစီလိုနာအသင်းအတွက် ပထမဆုံးသွင်းဂိုးကို ၂၀ဝ၅ ခုနှစ်မှာ စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး လာလီဂါဖလား ၁၀ ကြိမ်အပါအဝင် ချန်ပီယံလိဂ်ဖလားလည်း ၄ ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပါတယ်။ မက်ဆီဟာ ရာသီအကုန်မှာ နောက်အသင်းသစ် တစ်သင်းကိုပြောင်းရွှေ့ဖို့ ပြောဖူးထားပေမဲ့ ပေမဲ့ ကာယကံရှင်ရဲ့ သဘောတူညီမှုက အဓိကဖြစ်တာကြောင့် ကက်တာလန်ဒေသမှာ ဆက်ရှိနေတာဖြစ်ပါတယ်။

SBOTOP NOV

(zawgyi)

ဂႏၳ၀င္ ပီလီရဲ႕စံခ်ိန္ကိုေက်ာ္လြန္သြားတဲ့ မက္ဆီ

ဘာစီလုိနာတိုက္စစ္မွဴး မက္ဆီဟာ ဗယ္လာဒိုးလစ္ကို အႏုိင္ရတဲ့ပြဲမွာ သူ႕ရဲ႕ ကက္တာလန္အသင္းအတြက္ သြင္းဂိုးေပါင္း ၆၄၄ ဂိုးအထိ ျပည့့္ေျမာက္ခဲ့ၿပီးေနာက္ ေဘာလုံးဂႏၳ၀င္ ပီလီရဲ႕ အသင္းတစ္သင္းတည္းအတြက္ သြင္းေပးခဲ့တဲ့ သြင္းဂိုးစံခ်ိန္ေဟာင္းကို ေက်ာ္ျဖတ္သြားႏုိင္ခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ မက္ဆီဟာ ဗယ္လာဒိုးလစ္ကို အႏုိင္ရတဲ့ပြဲမွာ အသင္းအတြက္ တတိယဂိုးေျမာက္ကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဘာစီလုိနာအသင္းရဲ႕ ပထမဆုံးသြင္းဂိုးအတြက္ကိုလည္း မက္ဆီကပဲ ဖန္တီးေပးခဲ့တာျဖစ္ၿပီး ကလီးမန္႔လန္ ဂလက္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဘရာဇီးဂႏၳ၀င္ ပီလီဟာ ၁၉၅၆ ခုႏွစ္နဲ႔ ၁၉၇၄ ခုႏွစ္အတြင္း ေမြးရပ္ေျမကလပ္တစ္ခုျဖစ္တဲ့ ဆန္းတို႔စ္မွာ ၁၉ ရာသီအထိ က်င္လည္ခဲ့ၿပီးေနာက္ သြင္းဂိုး ၆၄၃ ဂိုးအထိ သြင္းေပးထားႏုိင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီကေတာ့ ဘာစီလိုနာအသင္းအတြက္ ပထမဆုံးသြင္းဂိုးကို ၂၀၀၅ ခုႏွစ္မွာ စတင္သြင္းယူေပးခဲ့တာျဖစ္ၿပီး လာလီဂါဖလား ၁၀ ႀကိမ္အပါအ၀င္ ခ်န္ပီယံလိဂ္ဖလားလည္း ၄ ႀကိမ္အထိ ဆြတ္ခူးထားႏိုင္ခဲ့သူျဖစ္ပါတယ္။ မက္ဆီဟာ ရာသီအကုန္မွာ ေနာက္အသင္းသစ္ တစ္သင္းကိုေျပာင္းေရႊ႕ဖို႔ ေျပာဖူးထားေပမဲ့ ေပမဲ့ ကာယကံရွင္ရဲ႕ သေဘာတူညီမႈက အဓိကျဖစ္တာေၾကာင့္ ကက္တာလန္ေဒသမွာ ဆက္ရွိေနတာျဖစ္ပါတယ္။