ဂျူဗင်တပ်စ်အသင်း အရာရှိ ပါရာတီစီက ပေါ့ဘာကို ခေါ်ယူဖို့ အရိတ်အမြွတ်ပြောကြား

0
240

 

SBOTop DecSBOTop Dec          ဂျူဗင်တပ်စ်အသင်းရဲ့ အရာရှိဖြစ်တဲ့ ပါရာတီစီက ကစားသမားဟောင်းဖြစ်ခဲ့တဲ့ ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမဲ့ ဘဏ္ဍာရေးအခက်အခဲကြောင့် တုံ့ဆိုင်းထားရပြီး ပြန်လည်ခေါ်ယူသွားဖို့ ရှိနေတယ်လို့ အရိတ်အမြွတ်ပြောကြားလိုက်ပါတယ်။

ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရီအိုလာကလည်း လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ ပေါ့ဘာရဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိခဲ့တဲ့ အချိန်တွေက ကုန်လွန်ခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်ကို ၂၀၁၆ ခုနှစ်က ပေါင် ၈၉ သန်းနဲ့ ရောက်ရှိခဲ့ပေမဲ့ အသင်းမှာ ဝေဖန်မှုတွေ ခံနေရသလို အသင်းတစ်သင်းရဲ့ နှလုံးသားနေရာဖြစ်တဲ့ ကွင်းလယ်ပိုင်းမှာ စွမ်းဆောင်ရည်ကျဆင်း နေသူဆိုပြီး ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ပေါ့ဘာကတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ စဉ်ဆက်မပြတ်ပြောဆိုနေပြီး ၎င်းရဲ့ အေးဂျင့် ဖြစ်သူကတော့ အသင်းဟောင်း ဂျူဗင်တပ်စ်ရဲ့ ခေါ်ယူလိုမှုတွေ ရှိနေတယ်လို့ဆိုပါတယ်။ ဂျူဗင်တပ်စ်ရဲ့ အားကစားဒါရိုက်တာက ပေါ့ဘာကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် မျှတတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ခွင့်ရရင် ခေါ်ယူချင်နေသလို ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ချိန်ဆနေတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

41

ပါရာတီစီက “ ပေါ့ဘာ ဂျူဗင်တပ်စ်ကို ပြန်လာမှာလား။ ကွျန်တော်တို့တွေက ပေါ့ဘာကိုချစ်ကြတယ်။ သူက ဆန်းပြားတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ သူက အခုချိန်မှာ မန်ချက်စတာယူနိုက်တက်မှာ ကစားနေတယ်လေ။ သူက ပြောင်းရွှေ့ကြေးအလွတ်ဖြစ်နေတဲ့ ကစားသမားလည်း မဟုတ်ဘူး။ တကယ်လို့ ပေါ့ဘာကို ခေါ်ယူလိုတယ်ဆိုရင်တော့ မင်းမှာ ပေးဖို့ ငွေကြေးရှိနေရမယ်။ ပေါ့ဘာရဲ့ စျေးနှုန်းက မြင့်မားနေမယ်ဆိုတာ ကွျန်တော်တို့ သိပါတယ်။ သူရဲ့ ပြောင်းရွှေ့ကြေးကို သိနေတော့ ဘာတွေဖြစ်လာမလဲ ဆိုတာ ကွျန်တော်တို့ စောင့်ကြည့်သွားရပါမယ် ” လို့ ပြောပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်ကို ဂျူဗင်တပ်စ်ကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီရဲ့ ပါဝင်ခွင့်ရခဲ့တဲ့ နောက်ဆုံးနှစ်ပွဲမှာ နှစ်ဂိုးသွင်းယူထားနိုင် ပါတယ်။

၎င်းရဲ့ အေးဂျင့်ဖြစ်သူ ရီအိုလာက “ ကွျန်တော်ပြောနိုင်တာက ပေါ့ဘာရဲ့ မန်ချက်စတာယူနိုက်တက်မှာ ရှိနေတဲ့ အချိန်တွေ ကုန်လွန်နေပါပြီ။ သူကလည်း အသင်းပြောင်း ကစားလိုနေတယ်။ သူ့ရဲ့ အသင်းနဲ့ စာချုပ်သက်တမ်း ပြီးဆုံးဖို့ကလည်း ၂၀၂၂ ခုနှစ်အထိ ကျန်ရှိနေတယ်။ ဒါပေမဲ့ အကောင်းဆုံးသော အဖြေရှာခြင်းက နောက်လာမဲ့ အပြောင်းအရွှေ့စျေးကွက်မှာ ပေါ့ဘာကို ရောင်းချဖို့ပါပဲ။ ပေါ့ဘာက မန်ချက်စတာ ယူနိုက်တက်မှာ ပျော်ရွှင်မနေဘူး။ အကောင်းဆုံးစကားပြောရမယ်ဆိုရင် သူ့ရဲ့ အချိန်တွေကို အဆုံးရှုံးစေချင်ဘူး။ ပေါ့ဘာက နောက်လာမဲ့ နွေရာသီပြောင်းရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာခဲ့ရင် သူတို့တွေက အပြစ်တင်ကြ လိမ့်မယ် ” လို့ ပြောပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ကစားချိန်မှာ ၁၇၈ ပွဲကစားအပြီး ၃၄ ဂိုး သွင်းယူထားခဲ့သလို ဖန်တီးမှု အကြိမ် ၄၀ ပြုလုပ်နိုင်ခဲ့ပြီး စီးရီးအေဖလားတစ်လုံးနဲ့ ကိုပါအီတလီယာ ဖလား နှစ်လုံး ရယူနိုင်ခဲ့ပါတယ်။

Zawgyi

ဂ်ဴဗင္တပ္စ္အသင္း အရာရွိ ပါရာတီစီက ေပါ့ဘာကို ေခၚယူဖို႔ အရိတ္အႁမြတ္ေျပာၾကား

ဂ်ဴဗင္တပ္စ္အသင္းရဲ့ အရာရွိျဖစ္တဲ့ ပါရာတီစီက ကစားသမားေဟာင္းျဖစ္ခဲ့တဲ့ ေပါ့ဘာကို ျပန္လည္ေခၚယူဖို႔ ဆႏၵရွိခဲ့ေပမဲ့ ဘ႑ာေရးအခက္အခဲေၾကာင့္ တုံ႔ဆိုင္းထားရၿပီး ျပန္လည္ေခၚယူသြားဖို႔ ရွိေနတယ္လို႔ အရိတ္အႁမြတ္ေျပာၾကားလိုက္ပါတယ္။
ေပါ့ဘာရဲ့ ေအးဂ်င့္ျဖစ္သူ ရီအိုလာကလည္း လိုက္ပ္ဇစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမတိုင္ခင္မွာ ေပါ့ဘာရဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ရွိခဲ့တဲ့ အခ်ိန္ေတြက ကုန္လြန္ခဲ့ၿပီးျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ေပါ့ဘာဟာ မန္ခ်က္စတာယူနိုက္တက္ကို ၂၀၁၆ ခုႏွစ္က ေပါင္ ၈၉ သန္းနဲ႔ ေရာက္ရွိခဲ့ေပမဲ့ အသင္းမွာ ေဝဖန္မႈေတြ ခံေနရသလို အသင္းတစ္သင္းရဲ့ ႏွလုံးသားေနရာျဖစ္တဲ့ ကြင္းလယ္ပိုင္းမွာ စြမ္းေဆာင္ရည္က်ဆင္း ေနသူဆိုၿပီး ေျပာဆိုတာေတြလည္း ရွိေနပါတယ္။
ေပါ့ဘာကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ စဥ္ဆက္မျပတ္ေျပာဆိုေနၿပီး ၎ရဲ့ ေအးဂ်င့္ ျဖစ္သူကေတာ့ အသင္းေဟာင္း ဂ်ဴဗင္တပ္စ္ရဲ့ ေခၚယူလိုမႈေတြ ရွိေနတယ္လို႔ဆိုပါတယ္။ ဂ်ဴဗင္တပ္စ္ရဲ့ အားကစားဒါရိုက္တာက ေပါ့ဘာကို ျပန္လည္ေခၚယူနိုင္ဖို႔အတြက္ မၽွတတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚခြင့္ရရင္ ေခၚယူခ်င္ေနသလို ေျပာင္းေရႊ႕ေၾကးနဲ႔ ပတ္သက္ၿပီး ခ်ိန္ဆေနတာေတြလည္း ရွိတယ္လို႔ဆိုပါတယ္။
ပါရာတီစီက “ ေပါ့ဘာ ဂ်ဴဗင္တပ္စ္ကို ျပန္လာမွာလား။ ကြ်န္ေတာ္တို႔ေတြက ေပါ့ဘာကိုခ်စ္ၾကတယ္။ သူက ဆန္းျပားတဲ့ ကစားသမားတစ္ဦးပါ။ ဒါေပမဲ့ သူက အခုခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္မွာ ကစားေနတယ္ေလ။ သူက ေျပာင္းေရႊ႕ေၾကးအလြတ္ျဖစ္ေနတဲ့ ကစားသမားလည္း မဟုတ္ဘူး။ တကယ္လို႔ ေပါ့ဘာကို ေခၚယူလိုတယ္ဆိုရင္ေတာ့ မင္းမွာ ေပးဖို႔ ေငြေၾကးရွိေနရမယ္။ ေပါ့ဘာရဲ့ ေစ်းႏႈန္းက ျမင့္မားေနမယ္ဆိုတာ ကြ်န္ေတာ္တို႔ သိပါတယ္။ သူရဲ့ ေျပာင္းေရႊ႕ေၾကးကို သိေနေတာ့ ဘာေတြျဖစ္လာမလဲ ဆိုတာ ကြ်န္ေတာ္တို႔ ေစာင့္ၾကည့္သြားရပါမယ္ ” လို႔ ေျပာပါတယ္။
ေပါ့ဘာဟာ မန္ခ်က္စတာယူနိုက္တက္ကို ဂ်ဴဗင္တပ္စ္ကေန ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ လာခဲ့သူျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီရဲ့ ပါဝင္ခြင့္ရခဲ့တဲ့ ေနာက္ဆုံးႏွစ္ပြဲမွာ ႏွစ္ဂိုးသြင္းယူထားနိုင္ ပါတယ္။
၎ရဲ့ ေအးဂ်င့္ျဖစ္သူ ရီအိုလာက “ ကြ်န္ေတာ္ေျပာနိုင္တာက ေပါ့ဘာရဲ့ မန္ခ်က္စတာယူနိုက္တက္မွာ ရွိေနတဲ့ အခ်ိန္ေတြ ကုန္လြန္ေနပါၿပီ။ သူကလည္း အသင္းေျပာင္း ကစားလိုေနတယ္။ သူ႔ရဲ့ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၿပီးဆုံးဖို႔ကလည္း ၂၀၂၂ ခုႏွစ္အထိ က်န္ရွိေနတယ္။ ဒါေပမဲ့ အေကာင္းဆုံးေသာ အေျဖရွာျခင္းက ေနာက္လာမဲ့ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ေပါ့ဘာကို ေရာင္းခ်ဖို႔ပါပဲ။ ေပါ့ဘာက မန္ခ်က္စတာ ယူနိုက္တက္မွာ ေပ်ာ္ရႊင္မေနဘူး။ အေကာင္းဆုံးစကားေျပာရမယ္ဆိုရင္ သူ႔ရဲ့ အခ်ိန္ေတြကို အဆုံးရႈံးေစခ်င္ဘူး။ ေပါ့ဘာက ေနာက္လာမဲ့ ေႏြရာသီေျပာင္းေရႊ႕ကာလမွာ အသင္းကေန ထြက္ခြာခဲ့ရင္ သူတို႔ေတြက အျပစ္တင္ၾက လိမ့္မယ္ ” လို႔ ေျပာပါတယ္။
ေပါ့ဘာဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိ ကစားခ်ိန္မွာ ၁၇၈ ပြဲကစားအၿပီး ၃၄ ဂိုး သြင္းယူထားခဲ့သလို ဖန္တီးမႈ အႀကိမ္ ၄၀ ျပဳလုပ္နိုင္ခဲ့ၿပီး စီးရီးေအဖလားတစ္လုံးနဲ႔ ကိုပါအီတလီယာ ဖလား ႏွစ္လုံး ရယူနိုင္ခဲ့ပါတယ္။