ငါးပွဲဆက် ရှုံးပွဲကြောင့် အသင်းနည်းပြဗီအဲယားကို နိုက်အသင်း ထုတ်ပယ်

0
240

 

SBOTop Dec           ပြင်သစ်လီဂူး-၁ ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ငါးပွဲဆက် ရှုံးပွဲတွေ့ခဲ့လို့ အသင်းနည်းပြဖြစ်တဲ့ ဗီအဲယားကို နိုက်အသင်းက ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ နိုက်အသင်းက ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲဖြစ်တဲ့ လီဗာကူဆင် အသင်းကို အိမ်ကွင်းမှာ ၂-၃ နဲ့ ရှုံးခဲ့လို့ ယူရိုပါလိဂ် ၅ ပွဲကစားအပြီး ရမှတ် သုံးမှတ်နဲ့ နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်မဲ့ခဲ့ရပါတယ်။

နိုက်အသင်းက သောကြာနေ့ နံနက်ပိုင်းက ဗီအဲယားကို ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီး လက်ထောက်နည်းပြဖြစ်တဲ့ အာဆီးကို နည်းပြအဖြစ် အစားထိုးခန့်အပ်လိုက်ပါတယ်။ နိုက်အသင်းအနေနဲ့ အာဆင်နယ်ရဲ့ ဂန္ထဝင်ကစားသမား ဖြစ်တဲ့ ဗီအဲယားကို ထုတ်ပယ်ဖို့အတွက် လီဗာကူဆင်ကို ယူရိုပါလိဂ်ပွဲ အပြီးမှာ ပြိုင်ပွဲကနေထွက်ခွာခဲ့ရလို့ ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ဗီအဲယားက နိုက်အသင်းကို ၂၀၁၈ ဇွန်လက ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

နိုက်အသင်းရဲ့ ထုတ်ပြန်ချက်မှာ “ ဒီနေ့မှာတော့ ပက်ထရစ် ဗီအဲယားက နိုက်အသင်းနဲ့ ကာလရှည် လက်တွဲသွားဖို့ ဖြစ်မလာခဲ့တော့ပါဘူး။ ပြီးခဲ့တဲ့ည ပွဲစဉ်အပြီးမှာ နိုက်အသင်း ဘုတ်အဖွဲ့က ဗီအဲယားနဲ့ လက်တွဲခဲ့ခြင်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြသလို ဗီအဲယားကိုလည်း သတင်းပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ လပေါင် ၃၀ အတွင်း နိုက်အသင်းနဲ့ လက်တွဲခဲ့တဲ့ ဗီအဲယားရဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ နှလုံးသားက မှတ်ကျောက်တင်ခံနိုင်ခဲ့ပါတယ်။ နိုက်အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ ပြင်သစ်လက်ရွေးစင်ဟောင်းဖြစ်တဲ့ ဗီအဲယားရဲ့ အသင်းကို တိုးတက်ရာတိုးတက်ကြောင်းတွေ ပြုလုပ်ခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိပါတယ် ” လို့ ပါရှိ ပါတယ်။

နိုက်အသင်းက ထွက်ခွာခဲ့ရတဲ့ ဗီအဲယားကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးခြောက်သင်းက ကမ်းလှမ်းမှုတွေ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။

Zawgyi

ငါးပြဲဆက္ ရႈံးပြဲေၾကာင့္ အသင္းနည္းျပဗီအဲယားကို နိုက္အသင္း ထုတ္ပယ္

ျပင္သစ္လီဂူး-၁ ပြဲနဲ႔ ယူရိုပါလိဂ္ၿပိဳင္ပြဲ ငါးပြဲဆက္ ရႈံးပြဲေတြ႕ခဲ့လို႔ အသင္းနည္းျပျဖစ္တဲ့ ဗီအဲယားကို နိုက္အသင္းက ထုတ္ပယ္လိုက္တယ္လို႔ သိရပါတယ္။ နိုက္အသင္းက ၿပီးခဲ့တဲ့ ယူရိုပါလိဂ္ပြဲျဖစ္တဲ့ လီဗာကူဆင္ အသင္းကို အိမ္ကြင္းမွာ ၂-၃ နဲ႔ ရႈံးခဲ့လို႔ ယူရိုပါလိဂ္ ၅ ပြဲကစားအၿပီး ရမွတ္ သုံးမွတ္နဲ႔ ေနာက္တစ္ဆင့္အတြက္ ေမၽွာ္လင့္ခ်က္မဲ့ခဲ့ရပါတယ္။
နိုက္အသင္းက ေသာၾကာေန႔ နံနက္ပိုင္းက ဗီအဲယားကို ထုတ္ပယ္လိုက္ေၾကာင္း ထုတ္ျပန္ခဲ့ၿပီး လက္ေထာက္နည္းျပျဖစ္တဲ့ အာဆီးကို နည္းျပအျဖစ္ အစားထိုးခန႔္အပ္လိုက္ပါတယ္။ နိုက္အသင္းအေနနဲ႔ အာဆင္နယ္ရဲ့ ဂႏၴဝင္ကစားသမား ျဖစ္တဲ့ ဗီအဲယားကို ထုတ္ပယ္ဖို႔အတြက္ လီဗာကူဆင္ကို ယူရိုပါလိဂ္ပြဲ အၿပီးမွာ ၿပိဳင္ပြဲကေနထြက္ခြာခဲ့ရလို႔ ထုတ္ပယ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တာ ျဖစ္ပါတယ္။ ဗီအဲယားက နိုက္အသင္းကို ၂၀၁၈ ဇြန္လက ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။
နိုက္အသင္းရဲ့ ထုတ္ျပန္ခ်က္မွာ “ ဒီေန႔မွာေတာ့ ပက္ထရစ္ ဗီအဲယားက နိုက္အသင္းနဲ႔ ကာလရွည္ လက္တြဲသြားဖို႔ ျဖစ္မလာခဲ့ေတာ့ပါဘူး။ ၿပီးခဲ့တဲ့ည ပြဲစဥ္အၿပီးမွာ နိုက္အသင္း ဘုတ္အဖြဲ႕က ဗီအဲယားနဲ႔ လက္တြဲခဲ့ျခင္းကို အဆုံးသတ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ၾကသလို ဗီအဲယားကိုလည္း သတင္းေပးခဲ့ပါတယ္။ လြန္ခဲ့တဲ့ လေပါင္ ၃၀ အတြင္း နိုက္အသင္းနဲ႔ လက္တြဲခဲ့တဲ့ ဗီအဲယားရဲ့ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္ရဲ့ ႏွလုံးသားက မွတ္ေက်ာက္တင္ခံနိုင္ခဲ့ပါတယ္။ နိုက္အသင္းရဲ့ ဘုတ္အဖြဲ႕ကေတာ့ ျပင္သစ္လက္ေရြးစင္ေဟာင္းျဖစ္တဲ့ ဗီအဲယားရဲ့ အသင္းကို တိုးတက္ရာတိုးတက္ေၾကာင္းေတြ ျပဳလုပ္ခဲ့တဲ့အေပၚ ေက်းဇူးတင္ရွိပါတယ္ ” လို႔ ပါရွိ ပါတယ္။
နိုက္အသင္းက ထြက္ခြာခဲ့ရတဲ့ ဗီအဲယားကို ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းႀကီးေျခာက္သင္းက ကမ္းလွမ္းမႈေတြ အနာဂတ္မွာ ျဖစ္ေပၚလာနိုင္တယ္လို႔ခန႔္မွန္းထားၾကပါတယ္။