ဆီဗီလာကွင်းမှာ ရီးရဲလ်မက်ဒရစ်အတွက် သရေရလဒ်လောက်ပဲ ဖြစ်ပေါ်လာနိုင်တယ်

0
219

 

SBOTop Dec          လာလီဂါပွဲစဉ် ၁၁ အဖြစ် ဆီဗီလာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ဆီဗီလာရဲ့ အိမ်ကွင်းပွဲ အဖြစ် ၅-၁၂-၂၀၂၀ ရက် စနေနေ့ည ၉း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဆီဗီလာအသင်းက လာလီဂါ ၉ ပွဲ ကစားအပြီး ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းက ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရီးရဲလ်မက်ဒရစ် ၂ – ၁ ဆီဗီလာ(လာလီဂါ)

ဆီဗီလာ ၀ – ၁ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၂ – ၀ ဆီဗီလာ(လာလီဂါ)

ဆီဗီလာ ၃ – ၀ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ဆီဗီလာ ၃ – ၂ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၅ – ၀ ဆီဗီလာ(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဆီဗီလာက ငါးပွဲနိုင် တစ်ပွဲရှုံးထားပြီး ရီးရဲလ်မက်ဒရစ် အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ ဆီဗီလာအသင်းက လာလီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲကစားအပြီး ခြောက်ပွဲအနိုင်ရထားပါတယ်။ ရီးရဲလ်မက်ဒရစ်က ဆီဗီလာနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် သုံးပွဲမှာ အနိုင်ရလဒ် ဖြစ်ပေါ်ထားပြီး ရီးရဲလ်မက်ဒရစ်က လာလီဂါ အဝေးကွင်းပွဲ နောက်ဆုံး ၁၁ ပွဲ ကစားအပြီး ၁၀ ပွဲမှာ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

ဆီဗီလာအသင်းမှာ အက်ကျူဒီရိုက ဒဏ်ရာရနေပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ဗယ်ဗာဒီ၊ ဟာဇက်နဲ့ ကာဗာဂျယ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် ဆီဗီလာက အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၃၀% နဲ့ ရီးရဲလ်မက်ဒရစ်အနိုင်ရဖို့ ၁၀% လောက်ပဲ ရှိနေပါတယ်။

Zawgyi

