ဇင်းနစ်အိမ်ကွင်းမှာ ဒေါ့မွန်သွင်းဂိုးနည်းနည်းနဲ့ပဲ အနိုင်ယူသွားမှာပါ

0
276

 

SBOTop Dec         ချန်ပီယံလိဂ်အုပ်စု(F) ရဲ့ အုပ်စုပွဲစဉ် ၆ အဖြစ် ဇင်းနစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ ဇင်းနစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၈-၁၂-၂၀၂၀ ရက် အင်္ဂါနေ့ည ၁၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဇင်းနစ်အသင်းက အုပ်စုပွဲ ၅ ပွဲကစားအပြီး ရမှတ် ၁ မှတ်နဲ့ အုပ်စုနောက်ဆုံးမှာ ရှိနေပြီး ဒေါ့မွန်က ရမှတ် ၁၀ မှတ်နဲ့ အုပ်စုပထမ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဒေါ့မွန် ၂ – ၀ ဇင်းနစ်(ချန်ပီယံလိဂ်)

ဒေါ့မွန် ၁ – ၂ ဇင်းနစ်(ချန်ပီယံလိဂ်)

ဇင်းနစ် ၂ – ၄ ဒေါ့မွန်(ချန်ပီယံလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဇင်းနစ်အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး ဒေါ့မွန်အသင်းကလည်း နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ဇင်းနစ်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲရှုံးထားသလို နောက်ဆုံးခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပေးဂိုးအနည်းဆုံး နှစ်ဂိုး ပေးထားရပါတယ်။ ဒေါ့မွန်အသင်းဟာ အုပ်စုအတွင်းမှာ ၁၀ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပေမဲ့ ဒုတိယ နေရာက လာဇီယိုအသင်းက ရမှတ် ၉ မှတ်ရရှိထားသလို နောက်ဆုံးပွဲမှာ အိမ်ကွင်းပွဲ ကစားရမှာ ဖြစ်လို့ ဒေါ့မွန် အနေနဲ့ ဇင်းနစ်ကို အနိုင်ကစားသွားနိုင်မှ အုပ်စုပထမအနေနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဇင်းနစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်နောက်ဆုံးပွဲကို ကစားရမှာ ဖြစ်ပေမဲ့ အိမ်ကွင်းမှာ ဂုဏ်သိက္ခာ အတွက် ဒေါ့မွန်ကို ဖိအားပေးကစားသွားနိုင်ပါတယ်။

ဇင်းနစ်အသင်းမှာ လိုဗရန်က ပါဝင်နိုင်ဖို့ မသေချာဘဲ ဒေါ့မွန်အသင်းမှာ ဒီလန်နေး၊ ဟာလန်၊ ရှမိုက်ဇာနဲ့ မူနီအာတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဒေါ့မွန်အသင်းက အဝေးကွင်းမှာ အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၃၀% နဲ့ ဇင်းနစ်အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

ဇင္းနစ္အိမ္ကြင္းမွာ ေဒါ့မြန္သြင္းဂိုးနည္းနည္းနဲ႔ပဲ အနိုင္ယူသြားမွာပါ

ခ်န္ပီယံလိဂ္အုပ္စု(F) ရဲ့ အုပ္စုပြဲစဥ္ ၆ အျဖစ္ ဇင္းနစ္အသင္းနဲ႔ ေဒါ့မြန္အသင္းတို႔ဟာ ဇင္းနစ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၈-၁၂-၂၀၂၀ ရက္ အဂၤါေန႔ည ၁၂း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဇင္းနစ္အသင္းက အုပ္စုပြဲ ၅ ပြဲကစားအၿပီး ရမွတ္ ၁ မွတ္နဲ႔ အုပ္စုေနာက္ဆုံးမွာ ရွိေနၿပီး ေဒါ့မြန္က ရမွတ္ ၁၀ မွတ္နဲ႔ အုပ္စုပထမ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ေဒါ့မြန္ ၂ – ၀ ဇင္းနစ္(ခ်န္ပီယံလိဂ္)
ေဒါ့မြန္ ၁ – ၂ ဇင္းနစ္(ခ်န္ပီယံလိဂ္)
ဇင္းနစ္ ၂ – ၄ ေဒါ့မြန္(ခ်န္ပီယံလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ဇင္းနစ္အသင္းက ႏွစ္ပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားၿပီး ေဒါ့မြန္အသင္းကလည္း ႏွစ္ပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားပါတယ္။ ဇင္းနစ္အသင္းက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ငါးပြဲရႈံးထားသလို ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ငါးပြဲမွာ ေပးဂိုးအနည္းဆုံး ႏွစ္ဂိုး ေပးထားရပါတယ္။ ေဒါ့မြန္အသင္းဟာ အုပ္စုအတြင္းမွာ ၁၀ မွတ္နဲ႔ အုပ္စုပထမေနရာမွာ ရွိေနေပမဲ့ ဒုတိယ ေနရာက လာဇီယိုအသင္းက ရမွတ္ ၉ မွတ္ရရွိထားသလို ေနာက္ဆုံးပြဲမွာ အိမ္ကြင္းပြဲ ကစားရမွာ ျဖစ္လို႔ ေဒါ့မြန္ အေနနဲ႔ ဇင္းနစ္ကို အနိုင္ကစားသြားနိုင္မွ အုပ္စုပထမအေနနဲ႔ ၁၆ သင္းအဆင့္ကို တက္ေရာက္နိုင္မွာ ျဖစ္ပါတယ္။ ဇင္းနစ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ေနာက္ဆုံးပြဲကို ကစားရမွာ ျဖစ္ေပမဲ့ အိမ္ကြင္းမွာ ဂုဏ္သိကၡာ အတြက္ ေဒါ့မြန္ကို ဖိအားေပးကစားသြားနိုင္ပါတယ္။
ဇင္းနစ္အသင္းမွာ လိုဗရန္က ပါဝင္နိုင္ဖို႔ မေသခ်ာဘဲ ေဒါ့မြန္အသင္းမွာ ဒီလန္ေနး၊ ဟာလန္၊ ရွမိုက္ဇာနဲ႔ မူနီအာတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ေဒါ့မြန္အသင္းက အေဝးကြင္းမွာ အနိုင္ရဖို႔ ၅၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၃၀% နဲ႔ ဇင္းနစ္အနိုင္ရဖို႔ ၂၀% ရွိေနပါတယ္။