တစ်ဂိုးအသာလောက်နဲ့ပဲ ရီးရဲလ်မက်ဒရစ် အနိုင်ယူသွားမှာပါ

0
260

 

SBOTop Dec          လာလီဂါပွဲစဉ် ၁၃ အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘီဘာအိုအသင်းတို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၆-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၃း၃၀ နာရီ ကစားသွားရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က လာလီဂါ ၁၂ ပွဲကစားအပြီး ရမှတ် ၂၃ မှတ်နဲ့တတိယနေရာမှာ ရှိနေပြီး ဘီဘာအိုအသင်းက ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဘီဘာအို ၀ – ၁ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၀ – ၀ ဘီဘာအို(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၃ – ၀ ဘီဘာအို(လာလီဂါ)

ဘီဘာအို ၁ – ၁ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၁ – ၁ ဘီဘာအို(လာလီဂါ)

ဘီဘာအို ၀ – ၀ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ရီးရဲလ်မက်ဒရစ်က လေးပွဲနိုင် နှစ်ပွဲရှုံးထားပြီး ဘီဘာအို အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ရီးရဲလ်မက်ဒရစ်က လာလီဂါအိမ်ကွင်းပွဲ နောက်ဆုံး ၁၂ ပွဲ ကစားအပြီးမှာ ၁၀ ပွဲ အနိုင်ရထားပါတယ်။ ရီးရဲလ်မက်ဒရစ် ဘီဘာအိုအသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံး ၁၆ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်က ဘီဘာအိုနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံးသုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ဘီဘာအိုက လာလီဂါအဝေးကွင်းပွဲ နောက်ဆုံး ငါးပွဲဆက် နိုင်ပွဲရရှိခြင်း မရှိသေးပါဘူး။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဂျိုဗစ်က ဒဏ်ရာရနေပြီး ကက်မီရိုက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ ပါဘူး။ ဘီဘာအိုအသင်းမှာ နိုလက်ကိုအမ်က ဒဏ်ာရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ရီးရဲလ်မက်ဒရစ်က အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၃၀% နဲ့ ဘီဘာအိုအနိုင်ရဖို့ ၂၀% ရှိနေပါတယ်။ အနိုင်ရလဒ်အတွက် ရီးရဲလ်မက်ဒရစ်က သွင်းဂိုး ၂-၁ လောက်ဖြစ်ပေါ် လာနိုင်ပါတယ်။

Zawgyi

