ဒမ်းဒက်ခ်ကွင်းမှာ အာဆင်နယ်အနိုင်ရဖို့ ၆၀% ရှိနေတယ်

0
305

 

ezgif-7-cbfa92492bb7-2           ယူရိုပါလိဂ်အုပ်(B) ရဲ့ အုပ်စုပွဲစဉ် ၆ အဖြစ် ဒမ်းဒက်ခ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ဒမ်းဒက်ခ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၀-၁၂-၂၀၂၀ ရက် ကြာသပတေးနေ့ည ၁၂း၂၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဒမ်းဒက်ခ် အသင်းက အုပ်စုပွဲ ၅ ပွဲကစားအပြီး ရမှတ်ရရှိခြင်း မရှိသေးပေမဲ့ အာဆင်နယ်ကတော့ ငါးပွဲနိုင် ရမှတ် ၁၅ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ပထမအကျော့ အာဆင်နယ်ကွင်းမှာ ၃-၀ နဲ့ ဒမ်းဒက်ခ်အသင်းက ရှုံးထားပါ တယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ဒမ်းဒက်ခ်အသင်းက သုံးပွဲနိုင် သုံးပွဲရှုံးထားပြီး အာဆင်နယ်က နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ အာဆင်နယ်အသင်းက ယူရိုပါလိဂ် နောက်ဆုံး ၁၆ ပွဲကစားအပြီး ၁၃ ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။ ဒမ်းဒက်ခ်အသင်းက ယူရိုပါလိဂ် နောက်ဆုံးလေးပွဲမှာ အနည်းဆုံးပေးဂိုး သုံးဂိုး ပေးထားရပါတယ်။ အာဆင်နယ်အသင်းက ယူရိုပါလိဂ် နောက်ဆုံး လေးပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုး သွင်းယူထားနိုင်ပါတယ်။ ဒမ်းဒက်ခ်က ယူရိုပါလိဂ် နောက်ဆုံး ငါးပွဲရှုံးထားပြီး အာဆင်နယ်ကတော့ ယူရိုပါလိဂ်နောက်ဆုံး ငါးပွဲဆက် အနိုင်ရထားပါတယ်။ ဒမ်းဒက်ခ်အသင်း ဟာ အင်္ဂလန်ကလပ်အသင်းတွေနဲ့ ခုနစ်ပွဲတွေ့ဆုံချိန်မှာ အနိုင်ရရှိခြင်း မရှိခဲ့ဘဲ တစ်ပွဲသရေ ခြောက်ပွဲရှုံးထားပါပြီး ပေးဂိုး ၂၄ ဂိုးအထိ ရှိခဲ့ပြီး နှစ်ဂိုးသာ ပြန်သွင်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက ယူရိုပါလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ရှစ်ပွဲဆက် ရှုံးပွဲမရှိဘဲ ခြောက်ပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။

ဒမ်းဒက်ခ်အသင်းမှာ ဒဏ်ရာရပွဲပယ် မရှိပေမဲ့ အာဆင်နယ်အသင်းမှာ မာတင်နယ်လီနဲ့ ပါတေးတို့က ဒဏ်ရာရကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် ဒမ်းဒက်ခ်က အနိုင်ရဖို့ ၂၀%နဲ့ သရေဖြစ်ဖို့ ၂၀% အာဆင်နယ် အသင်းက အနိုင်ရဖို့ ၆၀% ရှိနေပါတယ်။

Zawgyi

ဒမ္းဒက္ခ္ကြင္းမွာ အာဆင္နယ္အနိုင္ရဖို႔ ၆၀% ရွိေနတယ္

ယူရိုပါလိဂ္အုပ္(B) ရဲ့ အုပ္စုပြဲစဥ္ ၆ အျဖစ္ ဒမ္းဒက္ခ္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ဟာ ဒမ္းဒက္ခ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၀-၁၂-၂၀၂၀ ရက္ ၾကာသပေတးေန႔ည ၁၂း၂၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဒမ္းဒက္ခ္ အသင္းက အုပ္စုပြဲ ၅ ပြဲကစားအၿပီး ရမွတ္ရရွိျခင္း မရွိေသးေပမဲ့ အာဆင္နယ္ကေတာ့ ငါးပြဲနိုင္ ရမွတ္ ၁၅ မွတ္နဲ႔ အုပ္စုပထမေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈအေနနဲ႔ ပထမအေက်ာ့ အာဆင္နယ္ကြင္းမွာ ၃-၀ နဲ႔ ဒမ္းဒက္ခ္အသင္းက ရႈံးထားပါ တယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ဒမ္းဒက္ခ္အသင္းက သုံးပြဲနိုင္ သုံးပြဲရႈံးထားၿပီး အာဆင္နယ္က ႏွစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားပါတယ္။ အာဆင္နယ္အသင္းက ယူရိုပါလိဂ္ ေနာက္ဆုံး ၁၆ ပြဲကစားအၿပီး ၁၃ ပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးအထက္ သြင္းယူထားနိုင္ပါတယ္။ ဒမ္းဒက္ခ္အသင္းက ယူရိုပါလိဂ္ ေနာက္ဆုံးေလးပြဲမွာ အနည္းဆုံးေပးဂိုး သုံးဂိုး ေပးထားရပါတယ္။ အာဆင္နယ္အသင္းက ယူရိုပါလိဂ္ ေနာက္ဆုံး ေလးပြဲမွာ အနည္းဆုံးသြင္းဂိုး သုံးဂိုး သြင္းယူထားနိုင္ပါတယ္။ ဒမ္းဒက္ခ္က ယူရိုပါလိဂ္ ေနာက္ဆုံး ငါးပြဲရႈံးထားၿပီး အာဆင္နယ္ကေတာ့ ယူရိုပါလိဂ္ေနာက္ဆုံး ငါးပြဲဆက္ အနိုင္ရထားပါတယ္။ ဒမ္းဒက္ခ္အသင္း ဟာ အဂၤလန္ကလပ္အသင္းေတြနဲ႔ ခုနစ္ပြဲေတြ႕ဆုံခ်ိန္မွာ အနိုင္ရရွိျခင္း မရွိခဲ့ဘဲ တစ္ပြဲသေရ ေျခာက္ပြဲရႈံးထားပါၿပီး ေပးဂိုး ၂၄ ဂိုးအထိ ရွိခဲ့ၿပီး ႏွစ္ဂိုးသာ ျပန္သြင္းနိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းက ယူရိုပါလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ရွစ္ပြဲဆက္ ရႈံးပြဲမရွိဘဲ ေျခာက္ပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားပါတယ္။
ဒမ္းဒက္ခ္အသင္းမွာ ဒဏ္ရာရပြဲပယ္ မရွိေပမဲ့ အာဆင္နယ္အသင္းမွာ မာတင္နယ္လီနဲ႔ ပါေတးတို႔က ဒဏ္ရာရေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အိမ္ရွင္ ဒမ္းဒက္ခ္က အနိုင္ရဖို႔ ၂၀%နဲ႔ သေရျဖစ္ဖို႔ ၂၀% အာဆင္နယ္ အသင္းက အနိုင္ရဖို႔ ၆၀% ရွိေနပါတယ္။