ဒေါ့မွန်က အိမ်ကွင်းမှာ ရမှတ်အပြည့်အ၀ ရယူသွားမှာပါ

0
419

 

SBOTop Dec          ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၁ အဖြစ် ဒေါ့မွန်အသင်းနဲ့ စတုဂတ်အသင်းတို့ဟာ ဒေါ့မွန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁-၁၂-၂၀၂၀ ရက် စနေနေ့ည ၉း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက ဘွန်ဒက်စ်လီဂါ ၁၀ ပွဲ ကစားအပြီး ရမှတ် ၁၉ မှတ်နဲ့အဆင့် ၅ နေရာမှာ ရှိနေပြီး စတုဂတ်အသင်းက ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဒေါ့မွန် ၃ – ၁ စတုဂတ်(ဘွန်ဒက်စ်လီဂါ)

စတုဂတ် ၀ – ၄ ဒေါ့မွန်(ဘွန်ဒက်စ်လီဂါ)

ဒေါ့မွန် ၃ – ၀ စတုဂတ်(ဘွန်ဒက်စ်လီဂါ)

စတုဂတ် ၂ – ၁ ဒေါ့မွန်(ဘွန်ဒက်စ်လီဂါ)

စတုဂတ် ၀ – ၃ ဒေါ့မွန်(ဘွန်ဒက်စ်လီဂါ)

စတုဂတ် ၁ – ၃ ဒေါ့မွန်(ပိုကယ်လ်ဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဒေါ့မွန်အသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ထားပြီး စတုဂတ်အသင်းက နှစ်ပွဲနိုင် သုံးပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ ဒေါ့မွန်အသင်းက စတုဂတ်အသင်း နဲ့တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုး သွင်းယူထားနိုင် သလို ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ ဒေါ့မွန်က စတုဂတ်ကို အနိုင်ရခဲ့ပါတယ်။ စတုဂတ် အသင်းက ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲ နောက်ဆုံး ခြောက်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဒေါ့မွန်အသင်း က ဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲ နောက်ဆုံးခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါ တယ်။ ဒေါ့မွန်အသင်းက စတုဂတ်နဲ့တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၂ ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုး အထက်သွင်းယူထားနိုင်ပါတယ်။

ဒေါ့မွန်အသင်းမှာ ရှမိုက်ဇာနဲ့ ဟာလန်တို့က ဒဏ်ရာရနေပြီး စတုဂတ်အသင်းမှာ အယ်ဝူဂျာ၊ တွန်မီ၊ ဂါဟက်ဒီဟူနဲ့ ဆစ်ဆီတို့က ဒဏ်ရာရနေပြီး ကတ်ထရိုက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင်ဒေါ့မွန်က အနိုင်ရဖို့ ၈၅% အထိ ရှိနေပါတယ်။

Zawgyi

