နယူးကာဆယ်ကွင်းမှာ လီဗာပူးလ် နှစ်ဂိုးပြတ်လောက်တော့ သွင်းယူသွားနိုင်တယ်

0
281

 

ezgif-7-cbfa92492bb7-2           ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အဖြစ် နယူးကာဆယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ နယူးကာဆယ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၃၁-၁၂-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက ပရီးမီးယားလိဂ် ၁၄ ပွဲကစားအပြီး ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိနေပြီး လီဗာပူးလ်အသင်းက ရမှတ် ၃၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

နယူးကာဆယ် ၁ – ၃ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၃ – ၁ နယူးကာဆယ်(ပရီးမီးယားလိဂ်)

နယူးကာဆယ် ၂ – ၃ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၄ – ၀ နယူးကာဆယ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၂ – ၀ နယူးကာဆယ်(ပရီးမီးယားလိဂ်)

နယူးကာဆယ် ၁ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲကစားအပြီး နယူးကာဆယ်က တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပြီး လီဗာပူးလ်အသင်းက နောက်ဆုံးခြောက်ပွဲ ကစားအပြီး သုံးပွဲနိုင် သုံးပွဲသရေ ဖြစ်ထားပါတယ်။ နယူးကာဆယ် အသင်းက အိမ်ကွင်းမှာ ဇွန်လက ရှက်ဖီးလ်အသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ၁၁ ပွဲမှာ ပေးဂိုးမရှိအောင် မပြုလုပ်နိုင်ခဲ့ဘဲ ပေးဂိုး ၂၂ ဂိုးအထိ ဖြစ်ပေါ်ထားပါတယ်။ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံးခုနစ်ပွဲမှာ နယူးကာဆယ်က သုံးပွဲအနိုင်ရခဲ့ပြီး တစ်ပွဲသရေ သုံးပွဲရှုံးထားပါတယ်။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ၁၃ ပွဲကစားအပြီး လေးပွဲသာ အနိုင်ရခဲ့ပြီး ငါးပွဲ သရေ လေးပွဲရှုံးထားပါတယ်။ လီဗာပူးလ်အသင်းဟာ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးပွဲမှာ ခြောက်နှစ်ဆက် အောင်ပွဲခံ ထားပါတယ်။ လီဗာပူးလ်အသင်းက နယူးကာဆယ်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ လေးပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုး သွင်းယူထားနိုင်ပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

နယူးကာဆယ်အသင်းမှာ ဖရေဆာက ဒဏ်ရာရနေပြီး လီဗာပူးလ်အသင်းမှာ တာစီမီကပ်၊ ဗန်ဒိုက်၊ ဂျိုတာ၊ မီနာ၊ ဂိုမက်ဇ်၊ မာတစ်နဲ့ ကီတာတို့က ဒဏ်ရာကြောင့်ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က နယူးကာဆယ်က အနိုင်ရဖို့ ၄၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀% နဲ့ လီဗာပူးလ်အနိုင်ရဖို့ ၅၀% ရှိနေပါတယ်။

Zawgyi

နယူးကာဆယ္ကြင္းမွာ လီဗာပူးလ္ ႏွစ္ဂိုးျပတ္ေလာက္ေတာ့ သြင္းယူသြားနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၆ အျဖစ္ နယူးကာဆယ္အသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ နယူးကာဆယ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၃၁-၁၂-၂၀၂၀ ရက္ ၾကာသပေတးေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ နယူးကာဆယ္အသင္းက ပရီးမီးယားလိဂ္ ၁၄ ပြဲကစားအၿပီး ရမွတ္ ၁၈ မွတ္နဲ႔ အဆင့္ ၁၅ ေနရာမွာ ရွိေနၿပီး လီဗာပူးလ္အသင္းက ရမွတ္ ၃၂ မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
နယူးကာဆယ္ ၁ – ၃ လီဗာပူးလ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၃ – ၁ နယူးကာဆယ္(ပရီးမီးယားလိဂ္)
နယူးကာဆယ္ ၂ – ၃ လီဗာပူးလ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၄ – ၀ နယူးကာဆယ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၂ – ၀ နယူးကာဆယ္(ပရီးမီးယားလိဂ္)
နယူးကာဆယ္ ၁ – ၁ လီဗာပူးလ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးငါးပြဲကစားအၿပီး နယူးကာဆယ္က တစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားၿပီး လီဗာပူးလ္အသင္းက ေနာက္ဆုံးေျခာက္ပြဲ ကစားအၿပီး သုံးပြဲနိုင္ သုံးပြဲသေရ ျဖစ္ထားပါတယ္။ နယူးကာဆယ္ အသင္းက အိမ္ကြင္းမွာ ဇြန္လက ရွက္ဖီးလ္အသင္းကို ၃-၀ နဲ႔ အနိုင္ရခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံး ၁၁ ပြဲမွာ ေပးဂိုးမရွိေအာင္ မျပဳလုပ္နိုင္ခဲ့ဘဲ ေပးဂိုး ၂၂ ဂိုးအထိ ျဖစ္ေပၚထားပါတယ္။ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံးခုနစ္ပြဲမွာ နယူးကာဆယ္က သုံးပြဲအနိုင္ရခဲ့ၿပီး တစ္ပြဲသေရ သုံးပြဲရႈံးထားပါတယ္။ လီဗာပူးလ္အသင္းက ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ၁၃ ပြဲကစားအၿပီး ေလးပြဲသာ အနိုင္ရခဲ့ၿပီး ငါးပြဲ သေရ ေလးပြဲရႈံးထားပါတယ္။ လီဗာပူးလ္အသင္းဟာ ႏွစ္တစ္ႏွစ္ရဲ့ ေနာက္ဆုံးပြဲမွာ ေျခာက္ႏွစ္ဆက္ ေအာင္ပြဲခံ ထားပါတယ္။ လီဗာပူးလ္အသင္းက နယူးကာဆယ္နဲ႔ ေနာက္ဆုံးေတြ႕ဆုံခဲ့တဲ့ ေလးပြဲမွာ အနည္းဆုံးသြင္းဂိုး သုံးဂိုး သြင္းယူထားနိုင္ပါတယ္။ လီဗာပူးလ္က ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၁ ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။
နယူးကာဆယ္အသင္းမွာ ဖေရဆာက ဒဏ္ရာရေနၿပီး လီဗာပူးလ္အသင္းမွာ တာစီမီကပ္၊ ဗန္ဒိုက္၊ ဂ်ိဳတာ၊ မီနာ၊ ဂိုမက္ဇ္၊ မာတစ္နဲ႔ ကီတာတို႔က ဒဏ္ရာေၾကာင့္ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က နယူးကာဆယ္က အနိုင္ရဖို႔ ၄၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၀% နဲ႔ လီဗာပူးလ္အနိုင္ရဖို႔ ၅၀% ရွိေနပါတယ္။