နာပိုလီနဲ့ ဆက်လက်တွဲဖို့ သဘောတူညီမှုရသွားတဲ့ ဂတ်တူဆို

0
211

SBOTOP NOV

နာပိုလီအသင်းနည်းပြ ဂတ်တူဆိုဟာ အသင်းနဲ့ ဆက်လက်တွဲဖို့ သဘောတူညီမှုရသွားပြီဖြစ်တယ်လို့ အသင်းအားကစားဒါရိုက်တာ ခရစ္စတီယန်နိုဂျီယန်တိုလီက ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ အသက် ၄၂ နှစ်အရွယ် ဂတ်တူဆိုဟာ ပြီးခဲ့တဲ့နှစ်မှာ အန်ဆလော့တီနေရာကို အစားဝင်လာပြီးတဲ့နောက် ဒီရာသီကုန် အထိသာ စာချုပ်သက်တမ်း ရှိတော့တာဖြစ်ပါတယ်။

ဂတ်တူဆိုဟာ နာပိုလီအသင်းကို စတင်ကိုင်တွယ်ပြီးကတည်းက ကိုပါအီတာလီယာဖလားကို ရယူပေးနိုင်ခဲ့ပြီး ဒါဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း နာပိုလီအသင်းရဲ့ ပထမဆုံး ဆုဖလားလည်းဖြစ်ခဲ့ပါတယ်။ ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ အယ်ကမာကို အနိုင်ရတဲ့ပွဲအပြီးမှာ ဂတ်တူဆိုရဲ့ အနာဂတ်အကြောင်းနဲ့ပတ်သက်ပြီး ဂျီယန်တိုလီကို မီဒီယာတွေက မေးမြန်းခဲ့ကြပါတယ်။

အဲဒီနောက် ဂျီယန်တိုလီက “ ရှေ့နေတွေက စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြောင်းလဲချင်နေကြတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ကြားမှာ သဘောတူညီမှုရထားပြီဖြစ်ပြီး ဒီတစ်ပတ်အတွင်းမှာပဲ တရားဝင် စာချုပ်လက်မှတ်ရေးထိုးပွဲတွေ လုပ်ဖြစ်မှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်တော့မှ ပြဿနာဖြစ်မှာမဟုတ်ပါဘူး။ ဂတ်တူဆိုရော အန်ဆလော့တီရော ပရော်ဖက်ရှင်နယ်ဆန်တဲ့ နည်းပြတွေဖြစ် ကြပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။ နာပိုလီဟာ လတ်တလော စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် ၅ နေရာ ရပ်တည်နေပါတယ်။

SBOTOP NOV

(zawgyi)

နာပိုလီနဲ႔ ဆက္လက္တြဲဖို႔ သေဘာတူညီမႈရသြားတဲ့ ဂတ္တူဆို

နာပိုလီအသင္းနည္းျပ ဂတ္တူဆိုဟာ အသင္းနဲ႔ ဆက္လက္တြဲဖို႔ သေဘာတူညီမႈရသြားၿပီျဖစ္တယ္လို႔ အသင္းအားကစားဒါရိုက္တာ ခရစၥတီယန္ႏိုဂ်ီယန္တိုလီက ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။ အသက္ ၄၂ ႏွစ္အရြယ္ ဂတ္တူဆိုဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အန္ဆေလာ့တီေနရာကို အစား၀င္လာၿပီးတဲ့ေနာက္ ဒီရာသီကုန္ အထိသာ စာခ်ဳပ္သက္တမ္း ရွိေတာ့တာျဖစ္ပါတယ္။

ဂတ္တူဆိုဟာ နာပိုလီအသင္းကို စတင္ကိုင္တြယ္ၿပီးကတည္းက ကိုပါအီတာလီယာဖလားကို ရယူေပးႏုိင္ခဲ့ၿပီး ဒါဟာ ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း နာပိုလီအသင္းရဲ႕ ပထမဆုံး ဆုဖလားလည္းျဖစ္ခဲ့ပါတယ္။ ၾကာသပေတးေန႔မွာ ကစားခဲ့တဲ့ အယ္ကမာကို အႏုိင္ရတဲ့ပြဲအၿပီးမွာ ဂတ္တူဆိုရဲ႕ အနာဂတ္အေၾကာင္းနဲ႔ပတ္သက္ၿပီး ဂ်ီယန္တိုလီကို မီဒီယာေတြက ေမးျမန္းခဲ့ၾကပါတယ္။

အဲဒီေနာက္ ဂ်ီယန္တိုလီက “ ေရွ႕ေနေတြက စာခ်ဳပ္ကိစၥနဲ႔ပတ္သက္ၿပီး ေျပာင္းလဲခ်င္ေနၾကတယ္ဆုိတာ ကၽြန္ေတာ္ နားလည္ပါတယ္။ ကၽြန္ေတာ္တို႔ၾကားမွာ သေဘာတူညီမႈရထားၿပီျဖစ္ၿပီး ဒီတစ္ပတ္အတြင္းမွာပဲ တရား၀င္ စာခ်ဳပ္လက္မွတ္ေရးထိုးပြဲေတြ လုပ္ျဖစ္မွာပါ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ ဘယ္ေတာ့မွ ျပႆနာျဖစ္မွာမဟုတ္ပါဘူး။ ဂတ္တူဆိုေရာ အန္ဆေလာ့တီေရာ ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ နည္းျပေတြျဖစ္ ၾကပါတယ္” လု႔ိ ဖြင့္ဟသြားခဲ့ပါတယ္။ နာပိုလီဟာ လတ္တေလာ စီးရီးေအအမွတ္ေပးဇယားမွာ အဆင့္ ၅ ေနရာ ရပ္တည္ေနပါတယ္။