နိုင်ပွဲပျောက်ဆုံးနေတဲ့ ဖူလ်ဟမ်အတွက် စပါးလ်ကွင်းမှာ နိုင်ပွဲရဖို့ ခက်ခဲစေနိုင်တယ်

0
406

 

SBOTop Dec         ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အဖြစ် စပါးလ်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ဟာ စပါးလ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၃၀-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ည ၁၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ စပါးလ်အသင်းက ပရီးမီးယားလိဂ် ၁၅ ပွဲကစားအပြီး ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရှိနေပြီး ဖူလ်ဟမ်အသင်းက ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဖူလ်ဟမ် ၁ – ၂ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၃ – ၁ ဖူလ်ဟမ်(ပရီးမီးယားလိဂ်)

ဖူလ်ဟမ် ၀ – ၃ စပါးလ်(အက်ဖ်အေဖလား)

စပါးလ် ၃ – ၁ ဖူလ်ဟမ်(ပရီးမီးယားလိဂ်)

ဖူလ်ဟမ် ၁ – ၂ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၀ – ၁ ဖူလ်ဟမ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး စပါးလ်အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး ဖူလ်ဟမ်အသင်းက တစ်ပွဲနိုင် လေးပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ စပါးလ်အသင်းက ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ကိုးပွဲကစားအပြီး ရှစ်ပွဲအနိုင်ရထားပါတယ်။ ဖူလ်ဟမ်က ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲဆက် သရေပွဲ ဖြစ်ထားပါတယ်။ စပါးလ်က ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ကိုးပွဲ ကစားအပြီး ရှစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ စပါးလ်က ပရီးမီးယားလိဂ် နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအောက် သွင်းယူထားနိုင်ပါတယ်။ ဖူလ်ဟမ်အသင်း ကလည်း ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲကစားအပြီး သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။

စပါးလ်အသင်းမှာ တန်ဂန်ဂါ၊ လိုဆယ်ဆိုနဲ့ ဘေးလ်တို့က ဒဏ်ရာရနေပြီး ဖူလ်ဟမ်အသင်းမှာ တီတီနဲ့ ကွန်ဂိုလိုတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က စပါးလ်က အိမ်ကွင်းမှာ အနိုင်ရဖို့ ၆၀% ရှိနေပြီး ဖူလ်ဟမ် အနိုင်ရဖို့ ၄၀% ရှိနေပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဂိုးရလဒ်က ၂-၁ ဖြစ်လာနိုင်ပါတယ်။

Zawgyi

