နေမာရဲ့ ဒဏ်ရာပြဿနာကြောင့် ပီအက်စ်ဂျီအသင်း နစ်နာရတော့မလား

0
589

SBOTOP NOV

ပီအက်စ်ဂျီအသင်း အဓိကတိုက်စစ်မှူး နေမာဟာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာပြဿနာ ဆိုးဆိုးရွားရွားရခဲ့ပြီး မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရသလို ထမ်းစင်နဲ့လည်း သယ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီဘရာဇီးသားဟာ လိုင်ယွန်ကို ရှုံးတဲ့ပွဲမှာ ပြိုင်ဘက်ကစားသမား သီယာဂိုမန်ဒက်စ်နဲ့ ထိခိုက်မိပြီးနောက် အခုလို ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။

နေမာရဲ့ ဒဏ်ရာဟာ ဘယ်လောက်အထိ ပြင်းထန်မလဲဆိုတာ ဆေးစစ်မှုမပြီးခင်အထိ သိရဦးမှာမဟုတ်ဘဲ နည်းပြ တူချယ်ကတော့ ဆေးအဖွဲ့ရဲ့ စမ်းသပ်စစ်ဆေးမှုကို စောင့်ကြည့်ရဦးမယ်လို့ အတည်ပြု ပြောကြားသွား ခဲ့ပါတယ်။ တူချယ်က “ ပွဲအပြီးမှာ ကျွန်တော် နေမာကိုကြည့်လိုက်တော့ သူက အဆင်ပြေနေသလိုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဆေးစစ်ချက်တွေကို စောင့်ကြည့်ရဦးမှာပါ။ တနင်္လာနေ့(ဒီနေ့)မှာ ဆေးစစ်မှု ပြုလုပ်သွားမှာဖြစ် ပြီး အဲဒါကို ကျွန်တော်တို့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်” လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

1

နေမာဟာ ခြေချင်းဝတ်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်း ပရိသတ်တွေကလည်း သူတို့ရဲ့ အဓိက ကစားသမားအတွက် စိုးရိမ်ကြောင့်ကြနေကြတယ်လို့ သိရပါတယ်။ လိုင်ယွန်ကစားသမား သီယာဂို မန်ဒက်စ်ကတော့ အဲဒီဖြစ်ရပ်ကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ လတ်တလောမှာတော့ နေမာဟာ ဘယ်လောက်အထိ အနားယူရမယ်ဆိုတာ ခန့်မှန်းလို့မရသေးတာကြောင့် ပီအက်စ်ဂျီအသင်းအတွက် ကြီးမားတဲ့ နစ်နာမှုတစ်ရပ် ဖြစ်နေပါတော့တယ်။

SBOTOP NOV

(zawgyi)

ေနမာရဲ႕ ဒဏ္ရာျပႆနာေၾကာင့္ ပီအက္စ္ဂ်ီအသင္း နစ္နာရေတာ့မလား

ပီအက္စ္ဂ်ီအသင္း အဓိကတိုက္စစ္မွဴး ေနမာဟာ လိုင္ယြန္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ဒဏ္ရာျပႆနာ ဆိုးဆိုးရြားရြားရခဲ့ၿပီး မ်က္ရည္က်တဲ့အထိ ျဖစ္ခဲ့ရသလို ထမ္းစင္နဲ႔လည္း သယ္ထုတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။ ဒီဘရာဇီးသားဟာ လိုင္ယြန္ကို ရႈံးတဲ့ပြဲမွာ ၿပိဳင္ဘက္ကစားသမား သီယာဂိုမန္ဒက္စ္နဲ႔ ထိခိုက္မိၿပီးေနာက္ အခုလို ဒဏ္ရာရသြားခဲ့တာျဖစ္ပါတယ္။

ေနမာရဲ႕ ဒဏ္ရာဟာ ဘယ္ေလာက္အထိ ျပင္းထန္မလဲဆိုတာ ေဆးစစ္မႈမၿပီးခင္အထိ သိရဦးမွာမဟုတ္ဘဲ နည္းျပ တူခ်ယ္ကေတာ့ ေဆးအဖြဲ႕ရဲ႕ စမ္းသပ္စစ္ေဆးမႈကို ေစာင့္ၾကည့္ရဦးမယ္လို႔ အတည္ျပဳ ေျပာၾကားသြား ခဲ့ပါတယ္။ တူခ်ယ္က “ ပြဲအၿပီးမွာ ကၽြန္ေတာ္ ေနမာကိုၾကည့္လိုက္ေတာ့ သူက အဆင္ေျပေနသလိုပါပဲ။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ေဆးစစ္ခ်က္ေတြကို ေစာင့္ၾကည့္ရဦးမွာပါ။ တနလၤာေန႔(ဒီေန႔)မွာ ေဆးစစ္မႈ ျပဳလုပ္သြားမွာျဖစ္ ၿပီး အဲဒါကို ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္” လို႔ ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။

ေနမာဟာ ေျခခ်င္း၀တ္ဒဏ္ရာရသြားခဲ့တယ္လို႔ သိရၿပီး ပီအက္စ္ဂ်ီအသင္း ပရိသတ္ေတြကလည္း သူတို႔ရဲ႕ အဓိက ကစားသမားအတြက္ စိုးရိမ္ေၾကာင့္ၾကေနၾကတယ္လို႔ သိရပါတယ္။ လိုင္ယြန္ကစားသမား သီယာဂို မန္ဒက္စ္ကေတာ့ အဲဒီျဖစ္ရပ္ေၾကာင့္ အနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။ လတ္တေလာမွာေတာ့ ေနမာဟာ ဘယ္ေလာက္အထိ အနားယူရမယ္ဆိုတာ ခန္႔မွန္းလို႔မရေသးတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းအတြက္ ႀကီးမားတဲ့ နစ္နာမႈတစ္ရပ္ ျဖစ္ေနပါေတာ့တယ္။