နောက်တစ်ဆင့်တက်ရောက်ခွင့်ရဖို့ အေဂျက်က အိမ်ကွင်းမှာ အားကုန်ရုန်အနိုင်ယူသွားမှာပါ

0
605

 

SBOTop Dec            ချန်ပီယံလိဂ် အုပ်စု(D) ရဲ့ အုပ်စုပွဲစဉ် ၆ အဖြစ် အေဂျက်အသင်းနဲ့ အတ္တလန္တာအသင်းတို့ဟာ အေဂျက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၉-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ည ၁၂း၂၅ နာရီကစားသွားရမှာ ဖြစ်ပါတယ်။ အေဂျက်အသင်းက အုပ်စုပွဲ ၅ ပွဲကစားအပြီး ရမှတ် ၇ မှတ်နဲ့ တတိယနေရာမှာ ရှိနေပြီး အတ္တလန္တာအသင်းက ရမှတ် ၈ မှတ်နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု အနေနဲ့ ပထမအကျော့ အတ္တလန္တာအသင်းကွင်းမှာ ကစားခဲ့စဉ်က အေဂျက်က ၂-၂ နဲ့ သရေရလဒ် ဖြစ်ပေါ်ခဲ့ပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အေဂျက်အသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးထားပြီး အတ္တလန္တာအသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲ ကစားအပြီး တစ်ပွဲနိုင် သုံးပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။

အေဂျက်အသင်းအနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရဖို့ အိမ်ကွင်းမှာ မဖြစ်မနေ အနိုင်ကစားသွားရမှာ ဖြစ်ပြီး အတ္တလန္တာအသင်းကတော့ အဝေးကွင်းမှာ ရမှတ်တစ်မှတ်ရခဲ့ရင် နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးရှိနေပါတယ်။

အေဂျက်အသင်းမှာ မာဇာရာဝူး၊ နီရက်စ်နဲ့ ကုဒက်စ်တို့က ဒဏ်ရာရနေပြီး အတ္တလန္တာအသင်းမှာ ကိုင်ဒါရာ၊ ဂိုလီနီနဲ့ လန်မာတို့က ဒဏ်ရာကြောင့်ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက် အေဂျက်အသင်းက အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၃၀% နဲ့ အတ္တလန္တာအသင်း အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

ေနာက္တစ္ဆင့္တက္ေရာက္ခြင့္ရဖို႔ ေအဂ်က္က အိမ္ကြင္းမွာ အားကုန္႐ုန္အနိုင္ယူသြားမွာပါ

ခ်န္ပီယံလိဂ္ အုပ္စု(D) ရဲ့ အုပ္စုပြဲစဥ္ ၆ အျဖစ္ ေအဂ်က္အသင္းနဲ႔ အတၱလႏၲာအသင္းတို႔ဟာ ေအဂ်က္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၉-၁၂-၂၀၂၀ ရက္ ဗုဒၶဟူးေန႔ည ၁၂း၂၅ နာရီကစားသြားရမွာ ျဖစ္ပါတယ္။ ေအဂ်က္အသင္းက အုပ္စုပြဲ ၅ ပြဲကစားအၿပီး ရမွတ္ ၇ မွတ္နဲ႔ တတိယေနရာမွာ ရွိေနၿပီး အတၱလႏၲာအသင္းက ရမွတ္ ၈ မွတ္နဲ႔ ဒုတိယ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ အေနနဲ႔ ပထမအေက်ာ့ အတၱလႏၲာအသင္းကြင္းမွာ ကစားခဲ့စဥ္က ေအဂ်က္က ၂-၂ နဲ႔ သေရရလဒ္ ျဖစ္ေပၚခဲ့ပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ေအဂ်က္အသင္းက ေလးပြဲနိုင္ ႏွစ္ပြဲရႈံးထားၿပီး အတၱလႏၲာအသင္းက ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးငါးပြဲ ကစားအၿပီး တစ္ပြဲနိုင္ သုံးပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။
ေအဂ်က္အသင္းအေနနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ခြင့္ရဖို႔ အိမ္ကြင္းမွာ မျဖစ္မေန အနိုင္ကစားသြားရမွာ ျဖစ္ၿပီး အတၱလႏၲာအသင္းကေတာ့ အေဝးကြင္းမွာ ရမွတ္တစ္မွတ္ရခဲ့ရင္ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ အခြင့္အေရးရွိေနပါတယ္။
ေအဂ်က္အသင္းမွာ မာဇာရာဝူး၊ နီရက္စ္နဲ႔ ကုဒက္စ္တို႔က ဒဏ္ရာရေနၿပီး အတၱလႏၲာအသင္းမွာ ကိုင္ဒါရာ၊ ဂိုလီနီနဲ႔ လန္မာတို႔က ဒဏ္ရာေၾကာင့္ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္ ေအဂ်က္အသင္းက အနိုင္ရဖို႔ ၅၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၃၀% နဲ႔ အတၱလႏၲာအသင္း အနိုင္ရဖို႔ ၂၀% ရွိေနပါတယ္။