နောက်ထပ်အိမ်ကွင်းရှုံးပွဲအဖြစ်ခံမှာ မဟုတ်တဲ့ လီဗာပူးလ်က ပရိသတ်တွေကို ပျော်ရွှင်စရာ ဖြစ်စေမှာပါ

0
454

 

SBOTop Dec          ချန်ပီယံလိဂ် အုပ်စု(D)ရဲ့ အုပ်စုပွဲစဉ် ၅ အဖြစ် လီဗာပူးလ်အသင်းနဲ့ အေဂျက်အသင်းတို့ဟာ လီဗာပူးလ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်က အုပ်စု ၄ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပြီး အေဂျက်က ရမှတ် ၇ မှတ်နဲ့ အုပ်စုဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ပထမအကျော့ အဝေးကွင်းပွဲမှာ လီဗာပူးလ်က ၁-၀ နဲ့ အနိုင်ရထားပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လီဗာပူးလ်က သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး အေဂျက်က ခြောက်ပွဲဆက် အနိုင်ရထားပါတယ်။ အေဂျက်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး သုံးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ လီဗာပူးလ်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး ရှစ်ပွဲကစား အပြီး ခုနစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲမှာ အတ္တလန္တာကို ၂-၀နဲ့ ရှုံးထားလို့ ယခုပွဲမှာ ရမှတ်အပြည့်ရယူနိုင်အောင် ကြိုးစားသွားနိုင်ပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အကောင်းဆုံးကစားသွားနိုင်ပါတယ်။

လီဗာပူးလ်အသင်းမှာ ဗန်ဒိုက်၊ အာနိုး၊ ဂိုမက်ဇ်၊ ချိန်ဘာလိန်၊ ဂျိမ်းမီနာနဲ့ သီယာဂိုတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ကီတာကလည်း ပါဝင်နိုင်ဖို့ မသေချာပါဘူး။ အေဂျက်အသင်းမှာ ကူဒက်စ်က ဒဏ်ရာကြောင့် ပါဝင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လီဗာပူးလ်က အိမ်ကွင်းမှာ အနိုင်ရဖို့ ၆၀% ရှိနေပြီး အေဂျက်က အနိုင်ရဖို့ ၃၀%နဲ့ သရေဖြစ်ဖို့ ၁၀% ရှိနေပါတယ်။

Zawgyi

