ပထမဆုံးကွင်းအတွင်း အကန့်အသတ်နဲ့ ဝင်ရောက်ကြည့်ခွင့်ရချိန်မှာ အိုဇေးကို ပွဲထွက်ခွင့်ပေးဖို့ အာဆင်နယ်ပရိသတ်တွေ တောင်းဆို
0
389
SBOTop Dec       အမ်းမရိတ်ကွင်းအတွင်း ပထမဆုံးကြည့်ရှုခွင့်ရချိန်မှာတော့ အိုဇေးကို အားပေးတဲ့ ပရိသတ်က အိုဇေးကို ပြိုင်ပွဲတွေအတွင်း ပြန်လည်ပါဝင်ခွင့်ရဖို့ တောင်းဆိုလိုက်ပါတယ်။ အသင်းမန်နေဂျာ အာတီတာက အိုဇေးကို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ကစားသမားစာရင်းမှာ ထည့်သွင်းခြင်း မပြုခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ပါဝင်ခွင့်မရခဲ့ ပါဘူး။ အသက် ၃၂ နှစ်အရွယ် အိုဇေးအတွက်တော့ အမ်မရီထွက်ခွာသွားပြီးနောက် အသင်းရဲ့ ကစားသမား ဟောင်း အာတီတာ ရောက်ရှိလာချိန်မှာ နေရာရဖို့ ခက်ခဲနေခဲ့ပါတယ်။ ၎င်းဟာ အသင်းမှာ တစ်ပတ်လုပ်ခပေါင် သုံးသိန်းငါးသောင်းရရှိနေပေမဲ့ ယခုနှစ် မတ်လက ဝက်ဟမ်းအသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးက စတင်လို့ အသင်းနဲ့ ပွဲထွက်ခွင့်မရခဲ့သူ ဖြစ်နေပါတယ်။
အခုလို ကာလကြာရှည် ပွဲထွက်ခွင့်မရခဲ့တဲ့ အိုဇေးအတွက် ပရိသတ်တစ်ဦးက ယူရိုပါလိဂ်ပွဲဖြစ်တဲ့ ရာပစ် ဗီအမ်နာအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အိုဇေးကို အသင်းမှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ၎င်းတစ်ဦးထဲ ကွင်းအတွင်းမှာ တောင်ဆိုခဲ့တာဖြစ်ပေမဲ့ ရုပ်သံတွေကနေ အများကမြင်တွေ့စေခဲ့ပါတယ်။
အိုဇေးဟာ ကြံ့ခိုင်မှုပြည့်၀နေပြီး အသင်းနဲ့ လေ့ကျင့်မှုတွေကို လုပ်ဆောင်နေကြောင်းကိုလည်း ၎င်းရဲ့ တွစ်တာအကောင့်ကနေ ပရိသတ်တွေဆီကို အမြဲပြသခဲ့ပါတယ်။ အိုဇေးအနေဲ့ ဇန်နဝါရီ ပြောင်းရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပေမဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးနိုင်တဲ့ အခွင့်အရေးနည်းပါးနေတာကို တွေ့နေရပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုးသွင်းယူထားပြီး တန်းဆင်းဇုံအသင်း သုံးသင်းအထက် အသင်းက အာဆင်နယ်ထက် သွင်းဂိုး တစ်ဂိုးပိုများနေပါတယ်။
9
ဒါကြောင့် အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းဖြစ်ခဲ့သူ ဆီးမန်းက အာတီတာက အိုဇေးရဲ့ လုပ်နိုင်အားတွေကို ဖြုန်းတီးပစ်နေတာ ဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ ၎င်းက “ အာတီတာက အိုဇေးကို ချန်လှပ်ထားတယ်ဆိုတာ ကွျန်တော့်အတွက် အံ့အားသင့်စေတယ်။ ဘာကြောင့်လဲဆိုရင် အိုဇေးက အရည်အချင်းရှိတဲ့ ကစားသမားဖြစ်နေလို့ပါပဲ။ သူတို့နှစ်ယောက်ကြားမှာ ပုဂ္ဂိုလ်ရေးအကြောင်းချင်းရာတွေ ရှိနေမယ်လို့ ကွျန်တော်တွေ့မိပါတယ်။ ဘာကြောင့်လဲဆိုရင် အရည်အချင်းရှိတဲ့ ကစားသမားကို ပွဲထွက်ခွင့် မပေးထားလို့ပါ ” လို့ ပြောပါတယ်။
10
အာဆင်နယ်ရဲ့ ကစားသမားဟောင်းဖြစ်ခဲ့တဲ့ ပေါမာဆင်ကလည်း “ ကွျန်တော့်အတွက်တော့ တကယ်လို့ ပါတေး ကြံ့ခိုင်မှု ပြည့်၀နေရင် အိုဇေးအသင်းမှာ ပါဝင်စေချင်ပါတယ်။ ဘာဖြစ်လိုလဲဆိုရင် ပါတေးက တစ်ကွင်းလုံးလိုက်ကစားနေချိန်မှာ အိုဇေးအတွက် နေရာလွတ်တွေနဲ့ အခွင့်အရေးတွေ ဖြစ်လာနိုင်လို့ပါ။ ဒီကာလမှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းက တိုက်စစ်ပိုင်းကို ပံ့ပိုးပေးမဲ့သူ ရှိမနေဘူး။ မင်းက တိုက်စစ်မှူး တစ်ဦးဖြစ်နေလို့ ရှေ့ကနေ ပြေးနေမယ်ဆိုရင် မင်းနောက်မှာ ကစားပေးမဲ့ ကစားသမားရှိရပါမယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းက ကစားသမားတစ်ဦးက ဘောလုံးရသွားလို့ အူဘာမီရန်က ပြေးနေရတော့မှာလား။ သူကလည်း ဘောလုံးရရှိမယ်ဆိုပြီး တွေးထင်မှုနဲ့ ယုံကြည်ချက်ရှိရှိပြေးနေမယ်၊ ဒါက ကြည့်နေတဲ့သူတွေကို ဒေါသဖြစ်အောင် ကလိပေးနေသလို ဖြစ်နေတယ်။ လုပ်နိုင်စွမ်းအား တစ်ခုကို ကွျန်တော် ပြောပြပါမယ်။ ဂျာရတ် ဘောလုံးရရင် တော့ရတ်က ပြေးတော့မယ်။ သူတို့အတွက် ဒါက ကြည့်စရာမလိုတဲ့ တွဲဆက်မှုတွေပဲ။ အာဆင်နယ်အသင်းက နောက်တန်းမှာ ဆင်းပြီး ထိုင်နေရချိန်မှာတော့ သူတို့ဆီမှာ တစ်ဖက်အသင်းကို တန်ပြန်တိုက်စစ်ဆင်ပေးနိုင်တဲ့ ကွင်းလယ် ကစားသမားရှိမနေတော့ဘူး။ တကယ်လို့ ပါတေး မလုပ်နိုင်ဘုးဆိုရင် အိုဇေးလည်း မလုပ်နိုင်တော့ဘူး။ ပါတေး မပါတော့ဘူးဆိုရင် အာဆင်နယ်ရဲ့ ကွင်းလယ်ပိုင်းက အလုပ်မဖြစ်တော့ဘူး။ သူတို့တွေက အလုပ်မဖြစ်သလို ကစားသမား ၁၀ ယောက်နဲ့ ကစားသလိုဖြစ်နေတယ်။ ဒါပေမြ့ အာဆင်နယ်အသင်းမှာ အူဘာမီရန်နောက်မှာ ကစားပေးနိုင်တဲ့ ကွင်းလယ် ကစားသမား အိုဇေး ရှိနေတယ် ” လို့ ပါတယ်။
Zawgyi