ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းကျဆင်းနေတဲ့ စပါးလ် စတုတ်စီးတီးကွင်းမှာ လိဂ်ဖလားပွဲ အောင်ပွဲခံသွားမှာပါ

0
383

 

SBOTop Dec       လိဂ်ဖလား(ခါလာဘောင်းဖလား) ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စတုတ်စီးတီးအသင်းနဲ့ စပါးလ်အသင်း တို့ဟာ စတုတ်စီးတီးရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၃-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ည ၁၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

စတုတ် ၁ – ၂ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၅ – ၁ စတုတ်(ပရီးမီးယားလိဂ်)

စပါးလ် ၄ – ၀ စတုတ်(ပရီးမီးယားလိဂ်)

စတုတ် ၀ – ၄ စပါးလ်(ပရီးမီးယားလိဂ်)

စတုတ် ၀ – ၄ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၂ – ၂ စတုတ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး စတုတ်စီးတီးက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး စပါးလ်က နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ စတုတ်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ ခုနစ်ပွဲမှာ တစ်ပွဲသာ ရှုံးထားပြီး ခြောက်ပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ စပါးလ်အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ ခရစ္စတယ်ပဲလေ့ကို သရေဖြစ်ခဲ့ပြီး လီဗာပူးလ်နဲ့ လက်စတာကို ရှုံးပွဲတွေ့ထားပါတယ်။ စတုတ်စီးတီးအသင်းအတွက် အဓိက ထိုးနှက်ချက်တစ်ခု လာနိုင်တာက ဒဏ်ရာရကစားသမားတွေထဲမှာ ဝါရင့် ကစားသမားအများအပြားပါဝင်နေပါတယ်။

စတုတ်စီးတီးအသင်းမှာ အိုဘီ မီခေး၊ ဂမ်း၊ ဂျီဂရိုရီ၊ ကလူးကပ်၊ ကမ်းဘဲလ်၊ ဂျိုး အယ်လန်နဲ့ အဒမ် ဒါးဗစ်တို့က ဒဏ်ရာရနေပြီး စပါးလ်အသင်းမှာ တန်ဂန်ဂါနဲ့ လာမီလာတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က စပါးလ်အသင်းက အဝေးကွင်းမှာ အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေပြီး သွင်းဂိုး ၂-၀ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

