ပရီးမီးယားလိဂ်ရဲ့ နိုဝင်ဘာလအတွက် အကောင်းဆုံးမန်နေဂျာဆုကို စပါးလ်အသင်း မန်နေဂျာ မော်ရင်ဟို ရရှိ

0
480

 

ezgif-7-cbfa92492bb7-2           နိုဝင်ဘာလအတွက် တစ်လတာအကောင်းဆုံး မန်နေဂျာဆုကို စပါးလ်အသင်း မန်နေဂျာ မော်ရင်ဟိုက ရယူခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုအနေနဲ့ နိုဝင်ဘာလအတွင်းမှာ မန်စီးတီးအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပါဝင် လေးပွဲကစားအပြီး သုံးပွဲအနိုင်ရခဲ့ပါတယ်။ မော်ရင်ဟို အသင်းဟောင်းဖြစ်ခဲ့သလို တပည့်ဟောင်း ဖြစ်ခဲ့သူ လမ်းပတ်ကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းကိုလည်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ သရေဖြစ်ခဲ့ပါတယ်။

တစ်လတာအကောင်းဆုံး မန်နေဂျာဆုအတွက် မော်ရင်ဟိုနဲ့အပြိုင် မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဆိုးရှား၊ ဝက်ဟမ်းအသင်းမန်နေဂျာ မိုယက်စ်နဲ့ ချဲလ်ဆီးအသင်း မန်နေဂျာ လမ်းပတ်တို့လည်း ပါဝင်ခဲ့ပါတယ်။ မော်ရင်ဟိုက ဆုရရှိခြင်းနဲ့ ပတ်သက်ပြီး ၎င်းတစ်ဦးထဲကြောင့် မဟုတ်ဘဲ အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေ ပါဝင်ခဲ့လို့သာ ဆုရရှိခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

47

မော်ရင်ဟိုက အင်တာဂရမ်ကနေ “ ပထမဆုံး အရာတစ်ခုကို ပြောရမယ်ဆိုရင် ကွျန်တော်က တစ်လတာ အကောင်းဆုံးမန်နေဂျာ ဆုကို ရရှိခဲ့တယ်ပေါ့လေ။ ဒါပေမဲ့ ဒီဆုက ကွျန်တော့်အတွက်တော့ အသင်းအတွက် တစ်လတာ အကောင်းဆုံးဆုဖြစ်သလို နည်းပြအဖွဲ့ဝင်တွေရဲ့ တစ်လတာအကောင်းဆုံးဆုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါက ကစားသမားတွေရဲ့ အကြောင်းဖြစ်ပြီး ဒီကစားသမားတွေကလည်း အသင်းမှာ ရှိနေကြ သူတွေဖြစ်ကြလို့ပါပဲ ” ဆိုပြီး ဗီဒီယိုတင်ခဲ့ပါတယ်။ မော်ရင်ဟို နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လန်ဒန် ဒါဘီပွဲဖြစ်တဲ့ အာဆင်နယ်အသင်းကို အနိုင်ယူခဲ့ပါတယ်။

စပါးလ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ရှိနေပြီး ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းကို ဦးဆောင်ထားနိုင်ပါတယ်။ စပါးလ်အသင်းက လာမဲ့ တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့ကွင်းမှာ ပရီးမီးယားလိဂ်ပွဲ သွားရောက်ကစားရမှာ ဖြစ်ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ပွဲမှာတော့ စပါးလ်အသင်းက အက်ဝပ်အသင်းကို အနိုင်ရခဲ့လို့ အုပ်စုပထမနေရာကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ရဲ့ နိုဝင္ဘာလအတြက္ အေကာင္းဆုံးမန္ေနဂ်ာဆုကို စပါးလ္အသင္း မန္ေနဂ်ာ ေမာ္ရင္ဟို ရရွိ

နိုဝင္ဘာလအတြက္ တစ္လတာအေကာင္းဆုံး မန္ေနဂ်ာဆုကို စပါးလ္အသင္း မန္ေနဂ်ာ ေမာ္ရင္ဟိုက ရယူခဲ့တယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုအေနနဲ႔ နိုဝင္ဘာလအတြင္းမွာ မန္စီးတီးအသင္းကို ၂-၀ နဲ႔ အနိုင္ရခဲ့တဲ့ ပြဲအပါဝင္ ေလးပြဲကစားအၿပီး သုံးပြဲအနိုင္ရခဲ့ပါတယ္။ ေမာ္ရင္ဟို အသင္းေဟာင္းျဖစ္ခဲ့သလို တပည့္ေဟာင္း ျဖစ္ခဲ့သူ လမ္းပတ္ကိုင္တြယ္ေနတဲ့ ခ်ဲလ္ဆီးအသင္းကိုလည္း ပရီးမီးယားလိဂ္ ပြဲစဥ္မွာ သေရျဖစ္ခဲ့ပါတယ္။
တစ္လတာအေကာင္းဆုံး မန္ေနဂ်ာဆုအတြက္ ေမာ္ရင္ဟိုနဲ႔အၿပိဳင္ မန္ခ်က္စတာယူနိုက္တက္ မန္ေနဂ်ာ ဆိုးရွား၊ ဝက္ဟမ္းအသင္းမန္ေနဂ်ာ မိုယက္စ္နဲ႔ ခ်ဲလ္ဆီးအသင္း မန္ေနဂ်ာ လမ္းပတ္တို႔လည္း ပါဝင္ခဲ့ပါတယ္။ ေမာ္ရင္ဟိုက ဆုရရွိျခင္းနဲ႔ ပတ္သက္ၿပီး ၎တစ္ဦးထဲေၾကာင့္ မဟုတ္ဘဲ အသင္းရဲ့ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ကစားသမားေတြ ပါဝင္ခဲ့လို႔သာ ဆုရရွိျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။
ေမာ္ရင္ဟိုက အင္တာဂရမ္ကေန “ ပထမဆုံး အရာတစ္ခုကို ေျပာရမယ္ဆိုရင္ ကြ်န္ေတာ္က တစ္လတာ အေကာင္းဆုံးမန္ေနဂ်ာ ဆုကို ရရွိခဲ့တယ္ေပါ့ေလ။ ဒါေပမဲ့ ဒီဆုက ကြ်န္ေတာ့္အတြက္ေတာ့ အသင္းအတြက္ တစ္လတာ အေကာင္းဆုံးဆုျဖစ္သလို နည္းျပအဖြဲ႕ဝင္ေတြရဲ့ တစ္လတာအေကာင္းဆုံးဆုျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဒါက ကစားသမားေတြရဲ့ အေၾကာင္းျဖစ္ၿပီး ဒီကစားသမားေတြကလည္း အသင္းမွာ ရွိေနၾက သူေတြျဖစ္ၾကလို႔ပါပဲ ” ဆိုၿပီး ဗီဒီယိုတင္ခဲ့ပါတယ္။ ေမာ္ရင္ဟို ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ လန္ဒန္ ဒါဘီပြဲျဖစ္တဲ့ အာဆင္နယ္အသင္းကို အနိုင္ယူခဲ့ပါတယ္။
စပါးလ္အသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္မွာ ရွိေနၿပီး ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ခ်န္ပီယံျဖစ္တဲ့ လီဗာပူးလ္အသင္းကို ဦးေဆာင္ထားနိုင္ပါတယ္။ စပါးလ္အသင္းက လာမဲ့ တနဂၤေႏြေန႔မွာ ခရစၥတယ္ပဲေလ့ကြင္းမွာ ပရီးမီးယားလိဂ္ပြဲ သြားေရာက္ကစားရမွာ ျဖစ္ၿပီး အမွတ္ေပးဇယားကို ဆက္လက္ ဦးေဆာင္သြားနိုင္မလား ဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ယူရိုပါလိဂ္ပြဲမွာေတာ့ စပါးလ္အသင္းက အက္ဝပ္အသင္းကို အနိုင္ရခဲ့လို႔ အုပ္စုပထမေနရာကေန ေနာက္တစ္ဆင့္ကို တက္ေရာက္နိုင္ခဲ့ပါတယ္။