ပေါ့ဘာနဲ့ ပတ်သက်ပြီး အေးဂျင့်ရီအိုလာရဲ့ စိန်ခေါ်သံတွေနောက်မှာ ပေါ့ဘာကို တာဝန်ယူမှုအပြည့်နဲ့ ပွဲထွက်ခွင့်ပေးလိုက်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းကို ဖာဒီနန် တိုက်တွန်း

0
228

 

SBOTop Dec           မန်ချက်စတာယူနိုက်တက်မှာ ဝေဖန်မှုတွေများစွာကြားမှာ ရှိနေတဲ့ ပေါ့ဘာကို ၎င်းရဲ့ အေးဂျင့်ဖြစ်သူ ရီအိုလာက အသင်းမှာ ရှိနေတဲ့ ပေါ့ဘာရဲ့ အချိန်တွေ ကုန်လွန်ခဲ့ပြီဖြစ်လို့ အသင်းပြောင်းရွှေ့ဖို့ ရှိနေကြောင်း စိန်ခေါ်ပြောဆိုလိုက်ပါတယ်။ အဆိုပါစကားတွေပြီးနောက် အသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ ဖာဒီနန်က ပေါ့ဘာကို တာဝန်ယူမှုအပြည့်နဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ပြုပြီး ယခင်ဂျူဗင်တပ်စ်နဲ့ ပြင်သစ်အသင်းမှာ ကစားခဲ့တဲ့ ခြေစွမ်းမျိုးပြသဖို့ အခွင့်အရေးပေးစေလိုကြောင်း မန်ချက်စတာယူနိုက်တက်အသင်းကို တိုက်တွန်းပြောကြား လိုက်ပါတယ်။

ပေါ့ဘာဟာ နိုဝင်ဘာ ၁ ရက်နေ့က အာဆင်နယ်ကို ရှုံးခဲ့တဲ့ ပွဲပြီးနောက် အသင်းနဲ့ ပါဝင်ခွင့်မရခဲ့ပေမဲ့ ပြီးခဲ့တဲ့ စနေနေ့က ဝက်ဟမ်းအသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စတင်ပါဝင်ခွင့်ရခဲ့သလို တစ်ဂိုး သွင်းယူနိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ ၎င်းရဲ့ ပွဲထွက်ခွင့်ရဖို့အတွက် ဖာနန်ဒက်နဲ့ ဘန်ဒီဘိခ်တို့နဲ့ အပြိုင်ကြိုးစားသွားရမဲ့ အခြေအနေမှာ ရှိနေပါတယ်။

35

ဖာနန်ဒက်က “ ကွျန်တော့်မှာ ပေါ့ဘာနဲ့ ပတ်သက်ပြီး အထူးတလည်ပြောစရာ ရှိခဲ့ပါတယ်။ ကျေးဇူးပြုပြီး ပေါ့ဘာကို လွတ်လပ်စွာ ကစားခွင့်ပြုလိုက်ပါ။ သူက အရမ်းကောင်းတဲ့ ခြေစွမ်းမျိုးတွေ ထုတ်ဖော် ပြသနိုင်သူဖြစ်တယ်။ သူ့ရဲ့ ခြေစွမ်းတွေကို ဂျူဗင်တပ်စ်နဲ့ ပြင်သစ်လက်ရွေးစင်အသင်းတွေမှာ တွေ့ခဲ့ကြမှာပါ။ မန်ချက်စတာယူနိုက်တက်မှာ သူကစားခဲ့တဲ့ ခြေစွမ်းတွေက ပြတ်တောင်းပြတ်တောင်းနဲ့ ဖြစ်နေတယ်။ သူ့ရဲ့ ခြေစွမ်းက ဘာလဲဆိုတာကို အစီအစဉ်အတိုင်း မြင်တွေ့လိုတယ်။ ဒါက ဘာလဲဆိုရင် ပေါ့ဘာကို ပုံမှန်ပွဲထွက်ခွင့် ပေးပြီး သူခြေစွမ်းကို ကွျန်တော်မြင်တွေ့လိုတာပါ ” လို့ ပြောပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်ကို ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်စ်အသင်းကနေ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၉ သန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက် ပွဲ ၁၇၀ ကစားအပြီးမှာ ၃၄ ဂိုးသွင်းယူထားပြီး ၃၅ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

အေးဂျင့်ဖြစ်သူ ရီအိုလာက “ သူက အသင်းပြောင်းလဲ ကစားသွားဖို့ ရှိနေပါတယ်။ သူက အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေတယ်ဆိုပေမဲ့ အကောင်းဆုံးသော အဖြေရှာခြင်းက လာမဲ့ အပြောင်းအရွှေ့ စျေးကွက်မှာ သူ့ကို ရောင်းထုတ်ပစ်ဖို့ပါပဲ ” ဆိုပြီး ပြောဆိုထားပါတယ်။

Zawgyi

ေပါ့ဘာနဲ႔ ပတ္သက္ၿပီး ေအးဂ်င့္ရီအိုလာရဲ့ စိန္ေခၚသံေတြေနာက္မွာ ေပါ့ဘာကို တာဝန္ယူမႈအျပည့္နဲ႔ ပြဲထြက္ခြင့္ေပးလိုက္ဖို႔ မန္ခ်က္စတာယူနိုက္တက္အသင္းကို ဖာဒီနန္ တိုက္တြန္း

မန္ခ်က္စတာယူနိုက္တက္မွာ ေဝဖန္မႈေတြမ်ားစြာၾကားမွာ ရွိေနတဲ့ ေပါ့ဘာကို ၎ရဲ့ ေအးဂ်င့္ျဖစ္သူ ရီအိုလာက အသင္းမွာ ရွိေနတဲ့ ေပါ့ဘာရဲ့ အခ်ိန္ေတြ ကုန္လြန္ခဲ့ၿပီျဖစ္လို႔ အသင္းေျပာင္းေရႊ႕ဖို႔ ရွိေနေၾကာင္း စိန္ေခၚေျပာဆိုလိုက္ပါတယ္။ အဆိုပါစကားေတြၿပီးေနာက္ အသင္းရဲ့ ဂႏၴဝင္ကစားသမားျဖစ္တဲ့ ဖာဒီနန္က ေပါ့ဘာကို တာဝန္ယူမႈအျပည့္နဲ႔ ၿပိဳင္ပြဲေတြမွာ ပါဝင္ခြင့္ျပဳၿပီး ယခင္ဂ်ဴဗင္တပ္စ္နဲ႔ ျပင္သစ္အသင္းမွာ ကစားခဲ့တဲ့ ေျခစြမ္းမ်ိဳးျပသဖို႔ အခြင့္အေရးေပးေစလိုေၾကာင္း မန္ခ်က္စတာယူနိုက္တက္အသင္းကို တိုက္တြန္းေျပာၾကား လိုက္ပါတယ္။
ေပါ့ဘာဟာ နိုဝင္ဘာ ၁ ရက္ေန႔က အာဆင္နယ္ကို ရႈံးခဲ့တဲ့ ပြဲၿပီးေနာက္ အသင္းနဲ႔ ပါဝင္ခြင့္မရခဲ့ေပမဲ့ ၿပီးခဲ့တဲ့ စေနေန႔က ဝက္ဟမ္းအသင္းကို ၃-၁ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ စတင္ပါဝင္ခြင့္ရခဲ့သလို တစ္ဂိုး သြင္းယူနိုင္ခဲ့ပါ တယ္။ ဒါေပမဲ့ ၎ရဲ့ ပြဲထြက္ခြင့္ရဖို႔အတြက္ ဖာနန္ဒက္နဲ႔ ဘန္ဒီဘိခ္တို႔နဲ႔ အၿပိဳင္ႀကိဳးစားသြားရမဲ့ အေျခအေနမွာ ရွိေနပါတယ္။
ဖာနန္ဒက္က “ ကြ်န္ေတာ့္မွာ ေပါ့ဘာနဲ႔ ပတ္သက္ၿပီး အထူးတလည္ေျပာစရာ ရွိခဲ့ပါတယ္။ ေက်းဇူးျပဳၿပီး ေပါ့ဘာကို လြတ္လပ္စြာ ကစားခြင့္ျပဳလိုက္ပါ။ သူက အရမ္းေကာင္းတဲ့ ေျခစြမ္းမ်ိဳးေတြ ထုတ္ေဖာ္ ျပသနိုင္သူျဖစ္တယ္။ သူ႔ရဲ့ ေျခစြမ္းေတြကို ဂ်ဴဗင္တပ္စ္နဲ႔ ျပင္သစ္လက္ေရြးစင္အသင္းေတြမွာ ေတြ႕ခဲ့ၾကမွာပါ။ မန္ခ်က္စတာယူနိုက္တက္မွာ သူကစားခဲ့တဲ့ ေျခစြမ္းေတြက ျပတ္ေတာင္းျပတ္ေတာင္းနဲ႔ ျဖစ္ေနတယ္။ သူ႔ရဲ့ ေျခစြမ္းက ဘာလဲဆိုတာကို အစီအစဥ္အတိုင္း ျမင္ေတြ႕လိုတယ္။ ဒါက ဘာလဲဆိုရင္ ေပါ့ဘာကို ပုံမွန္ပြဲထြက္ခြင့္ ေပးၿပီး သူေျခစြမ္းကို ကြ်န္ေတာ္ျမင္ေတြ႕လိုတာပါ ” လို႔ ေျပာပါတယ္။
ေပါ့ဘာဟာ မန္ခ်က္စတာယူနိုက္တက္ကို ၂၀၁၆ ခုႏွစ္က ဂ်ဴဗင္တပ္စ္အသင္းကေန စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၈၉ သန္းနဲ႔ ေရာက္ရွိလာခဲ့ၿပီးေနာက္ ပြဲ ၁၇၀ ကစားအၿပီးမွာ ၃၄ ဂိုးသြင္းယူထားၿပီး ၃၅ ႀကိမ္ ဖန္တီးမႈ ျပဳလုပ္ထားနိုင္ပါတယ္။
ေအးဂ်င့္ျဖစ္သူ ရီအိုလာက “ သူက အသင္းေျပာင္းလဲ ကစားသြားဖို႔ ရွိေနပါတယ္။ သူက အသင္းနဲ႔ စာခ်ဳပ္သက္တမ္း က်န္ရွိေနတယ္ဆိုေပမဲ့ အေကာင္းဆုံးေသာ အေျဖရွာျခင္းက လာမဲ့ အေျပာင္းအေရႊ႕ ေစ်းကြက္မွာ သူ႔ကို ေရာင္းထုတ္ပစ္ဖို႔ပါပဲ ” ဆိုၿပီး ေျပာဆိုထားပါတယ္။