ပြိုင်ဘက်နည်းပြ အာတီတာကို ချီးမွမ်းခန်းဖွင့်လိုက်တဲ့ မော်ရင်ဟို

0
249

SBOTOP NOV

စပါးနည်းပြမော်ရင်ဟိုက အာဆင်နယ်နဲ့ ကစားရမယ့် ပွဲမတိုင်မီ ပြိုင်ဘက်နည်းပြ အာတီတာဟာ ပါရမီရှင် နည်းပြတစ်ဦးဖြစ်တယ်လို့ စကားစစ်ထိုးလိုက်ပါတယ်။ ဒါ့အပြင် သူတို့ကစားရမယ့် လန်ဒန်ဒါဘီပြိုင်ဘက် နှစ်သင်းပွဲဟာ အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်လာလိမ့်မယ်လို့လည်း မော်ရင်ဟိုက ထုတ်ဖော်ပြောကြားသွား ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အရင်နည်းပြဟောင်း အမ်မရီကို ထုတ်ပယ်ပြီး အာတီတာလက်အောက်မှာ ကျင်လည်ခဲ့တဲ့နောက် ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲဆက်နိုင်ပွဲပျောက်ထား ကာ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာသာ ရပ်တည်နေနိုင်ပါတယ်။ ဒါပေမဲ့ စပါးအသင်းကတော့ အဖွင့်ပွဲမှာ ရှုံးခဲ့ပေမဲ့ နောက်ဆုံး ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေနိုင်ပါ တယ်။

အသက် ၃၈ နှစ်အရွယ် အာတီတာဟာ အာဆင်နယ်နည်းပြဘဝ ၁၂ နှစ်တာကာလအတွင်း ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲမှာ ၅ ဂိုးသာသွင်းနိုင်တဲ့အထိ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုကတော့ ပြီးခဲ့တဲ့ရာသီမှာ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ အာတီတာဟာ အရည်အသွေးပြည့်မီတဲ့ နည်းပြတစ်ယောက်ဖြစ်တယ်လို့ ထုတ်ဖော်ချီးမွမ်းလိုက်ပါတယ်။ မော်ရင်ဟိုက “ သူက ပါရမီပြည့်ဝတဲ့ နည်းပြ ကောင်းတစ်ယောက်ပါ။ သူ့နည်းပြဘဝ အစောပိုင်းမှာပဲ အရေးပါတဲ့ ဆုဖလားတစ်လုံးကို ရယူပေးနိုင်ခဲ့တယ်။ အဆာင်နယ်အသင်းနည်းပြတစ်ယောက်ဖြစ်ဖို့ဆိုရင် ခင်ဗျားက အရည်အသွေးပြည့်မီဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီလိုပြောတာဟာ တခြားနည်းပြတွေကို မလေးစားလို့တော့ မဟုတ်ပါဘူး” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

ၿပိဳင္ဘက္နည္းျပ အာတီတာကို ခ်ီးမြမ္းခန္းဖြင့္လိုက္တဲ့ ေမာ္ရင္ဟို

စပါးနည္းျပေမာ္ရင္ဟိုက အာဆင္နယ္နဲ႔ ကစားရမယ့္ ပြဲမတိုင္မီ ၿပိဳင္ဘက္နည္းျပ အာတီတာဟာ ပါရမီရွင္ နည္းျပတစ္ဦးျဖစ္တယ္လို႔ စကားစစ္ထိုးလိုက္ပါတယ္။ ဒါ့အျပင္ သူတို႔ကစားရမယ့္ လန္ဒန္ဒါဘီၿပိဳင္ဘက္ ႏွစ္သင္းပြဲဟာ အေကာင္းဆုံးပြဲစဥ္ တစ္ပြဲျဖစ္လာလိမ့္မယ္လို႔လည္း ေမာ္ရင္ဟိုက ထုတ္ေဖာ္ေျပာၾကားသြား ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အရင္နည္းျပေဟာင္း အမ္မရီကို ထုတ္ပယ္ၿပီး အာတီတာလက္ေအာက္မွာ က်င္လည္ခဲ့တဲ့ေနာက္ ရလဒ္ဆိုးေတြနဲ႔ ႀကဳံေတြ႕ေနရၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး ၃ ပြဲဆက္ႏုိင္ပြဲေပ်ာက္ထား ကာ အမွတ္ေပးဇယားအဆင့္ ၁၄ ေနရာမွာသာ ရပ္တည္ေနႏုိင္ပါတယ္။ ဒါေပမဲ့ စပါးအသင္းကေတာ့ အဖြင့္ပြဲမွာ ရႈံးခဲ့ေပမဲ့ ေနာက္ဆုံး ၉ ပြဲဆက္တိုက္ ရႈံးပြဲမရွိ ကစားထားကာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနႏုိင္ပါ တယ္။

အသက္ ၃၈ ႏွစ္အရြယ္ အာတီတာဟာ အာဆင္နယ္နည္းျပဘ၀ ၁၂ ႏွစ္တာကာလအတြင္း ရလဒ္ဆိုးေတြနဲ႔ ႀကဳံေတြ႕ေနရၿပီး ေနာက္ဆံုးကစားခဲ့တဲ့ ၈ ပြဲမွာ ၅ ဂိုးသာသြင္းႏုိင္တဲ့အထိ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ ေမာ္ရင္ဟိုကေတာ့ ၿပီးခဲ့တဲ့ရာသီမွာ အက္ဖ္ေအဖလား ဆြတ္ခူးႏုိင္ခဲ့တဲ့ အာတီတာဟာ အရည္အေသြးျပည့္မီတဲ့ နည္းျပတစ္ေယာက္ျဖစ္တယ္လု႔ိ ထုတ္ေဖာ္ခ်ီးမြမ္းလိုက္ပါတယ္။ ေမာ္ရင္ဟိုက “ သူက ပါရမီျပည့္၀တဲ့ နည္းျပ ေကာင္းတစ္ေယာက္ပါ။ သူ႕နည္းျပဘ၀ အေစာပိုင္းမွာပဲ အေရးပါတဲ့ ဆုဖလားတစ္လုံးကို ရယူေပးႏုိင္ခဲ့တယ္။ အဆာင္နယ္အသင္းနည္းျပတစ္ေယာက္ျဖစ္ဖို႔ဆုိရင္ ခင္ဗ်ားက အရည္အေသြးျပည့္မီဖို႔ လိုအပ္ပါတယ္။ ဒါေပမဲ့ ဒီလိုေျပာတာဟာ တျခားနည္းျပေတြကို မေလးစားလို႔ေတာ့ မဟုတ္ပါဘူး” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။