ဖလက်က မန်ချက်စတာယူနိုက်တက်နဲ့ နောက်ထပ်ပွဲတွေမှာ ပါဝင်ဖိုမသင့်တော်တော့ကြောင်း မိုက်ကယ် အိုဝင် ထောက်ပြဝေဖန်

0
623

 

ezgif-7-cbfa92492bb7-2        မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီကို ၁-၃ နဲ့ အိမ်ကွင်းမှာ ကွင်းလယ်ကစားသမား ဖလက်ရဲ့ မှားယွင်းတဲ့မပြုအမူတွေကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဆိုပါပွဲစဉ်မှာ ထုတ်ပယ်ခံလိုက်ရတဲ့ ဖလက်ရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ မိုက်ကယ်အိုဝင်က ၎င်းရဲ့ ပြုမူမှုတွေက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ထပ်ပွဲစဉ်တွေမှာ ပါဝင်ဖို့ မသင့်တော်တော့ကြောင်း ထောက်ပြဝေဖန်လိုက်ပါတယ်။

အိုဝင်က “ အားလုံးကိုပတ်ခြုံကြည့်မယ်ဆိုရင် အမှန်တကယ်ကို မှားယွင်းမှုတွေပါပဲ။ ဒီအရာတွေက အနီကတ်ဖြစ်စေခဲ့တယ်။ မင်းက ခေါင်းနဲ့တိုက်လို့ မထိခဲ့ရင်လည်း သူက မြေပြင်ပေါ်ကို လှဲချမှာပဲ။ မင်းက ဒီလိုစိတ်မရှည်ပုံမျိုး ရှိမနေသင့်သလို ဒါတွေက အသင်းအတွက်လည်း စိုးရိမ်စရာတွေဆီ တွန်းပေးရာ ရောက်ပါတယ်။ တကယ်လို့ ကွျန်တော်သာ မန်နေဂျာ တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကစားသမားတစ်ယောက်က ဒီလိုအပြုအမူမျိုးပြုလုပ်ခဲ့ရင်တော့ နောက်ထပ်ပွဲစဉ်မှာ သူကို ကွျန်တော်က ပါဝင်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။ ဒါက အမှန်တကယ်ကို ပျော့ညံ့မှုတစ်ခု ဖြစ်တယ် ” လို့ ဆိုပါတယ်။

ဖလက်ဟာ အဆိုပါပွဲမှာ ပထမပိုင်း ၂၃ မိနစ်မှာ အဝါကတ်ပြသခံထားရသူ ဖြစ်ပြီး ဒုတိယပိုင်း မိနစ် ၇၀ မှာ နောက်ထပ်အဝါကတ်ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ဖလက်ဟာ အဝါကတ်တစ်ကတ် ထိထားပေမဲ့ ပီအက်စ်ဂျီ ကစားသမား ပါရီဒက်စ်ကို ခေါင်းနဲ့တိုက်ခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က မတော်တဆထိခိုက်မှုဆိုပြီး အပြစ်အပေးခဲ့ပေမဲ့ မိနစ် ၇၀ မှာ ဟာအဲယားကို ဖျက်ထုတ်ပုံကြမ်းခဲ့တယ်ဆိုပြီး အနီကတ်ပြသခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်မန်နေဂျာ ဆိုးရှားက ဖလက်ရဲ့ ခေါင်းနဲ့တိုက်လိုက်တာကို အပြစ်ပေးခြင်း မခံရလို့ ကံကောင်းတယ်လို့ ဆိုခဲ့ပြီး ဟာအဲယားကို ဖျက်ထုတ်ပုံမှာ ကြမ်းတယ်ဆိုပြီး နောက်ထပ်အဝါကတ်နဲ့ အနီကတ်ပြသခံလိုက်ရတာကတော့ မထိုက်တန်ဘူးလို့ ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပီအက်စ်ဂျီကို ရှုံးခဲ့တဲ့အတွက် ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့် တက်ရောက်နိုင်ဖို့ နောက်ဆုံးပွဲဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့ အဝေးကွင်းပွဲမှာ မဖြစ်မနေ ရမှတ်ရမှသာ နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ဖြစ်လာမှာ ဖြစ်ပါတယ်။

Zawgyi

ဖလက္က မန္ခ်က္စတာယူနိုက္တက္နဲ႔ ေနာက္ထပ္ပြဲေတြမွာ ပါဝင္ဖိုမသင့္ေတာ္ေတာ့ေၾကာင္း မိုက္ကယ္ အိုဝင္ ေထာက္ျပေဝဖန္

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ပီအက္စ္ဂ်ီကို ၁-၃ နဲ႔ အိမ္ကြင္းမွာ ကြင္းလယ္ကစားသမား ဖလက္ရဲ့ မွားယြင္းတဲ့မျပဳအမူေတြေၾကာင့္ ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။ အဆိုပါပြဲစဥ္မွာ ထုတ္ပယ္ခံလိုက္ရတဲ့ ဖလက္ရဲ့ အျပဳအမူေတြနဲ႔ ပတ္သက္လို႔ တိုက္စစ္မႉးေဟာင္း ျဖစ္တဲ့ မိုက္ကယ္အိုဝင္က ၎ရဲ့ ျပဳမူမႈေတြက မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ေနာက္ထပ္ပြဲစဥ္ေတြမွာ ပါဝင္ဖို႔ မသင့္ေတာ္ေတာ့ေၾကာင္း ေထာက္ျပေဝဖန္လိုက္ပါတယ္။
အိုဝင္က “ အားလုံးကိုပတ္ျခဳံၾကည့္မယ္ဆိုရင္ အမွန္တကယ္ကို မွားယြင္းမႈေတြပါပဲ။ ဒီအရာေတြက အနီကတ္ျဖစ္ေစခဲ့တယ္။ မင္းက ေခါင္းနဲ႔တိုက္လို႔ မထိခဲ့ရင္လည္း သူက ေျမျပင္ေပၚကို လွဲခ်မွာပဲ။ မင္းက ဒီလိုစိတ္မရွည္ပုံမ်ိဳး ရွိမေနသင့္သလို ဒါေတြက အသင္းအတြက္လည္း စိုးရိမ္စရာေတြဆီ တြန္းေပးရာ ေရာက္ပါတယ္။ တကယ္လို႔ ကြ်န္ေတာ္သာ မန္ေနဂ်ာ တစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ ကစားသမားတစ္ေယာက္က ဒီလိုအျပဳအမူမ်ိဳးျပဳလုပ္ခဲ့ရင္ေတာ့ ေနာက္ထပ္ပြဲစဥ္မွာ သူကို ကြ်န္ေတာ္က ပါဝင္ခြင့္ေပးေတာ့မွာ မဟုတ္ပါဘူး။ ဒါက အမွန္တကယ္ကို ေပ်ာ့ညံ့မႈတစ္ခု ျဖစ္တယ္ ” လို႔ ဆိုပါတယ္။
ဖလက္ဟာ အဆိုပါပြဲမွာ ပထမပိုင္း ၂၃ မိနစ္မွာ အဝါကတ္ျပသခံထားရသူ ျဖစ္ၿပီး ဒုတိယပိုင္း မိနစ္ ၇၀ မွာ ေနာက္ထပ္အဝါကတ္ျပသခံခဲ့ရတာ ျဖစ္ပါတယ္။ ဖလက္ဟာ အဝါကတ္တစ္ကတ္ ထိထားေပမဲ့ ပီအက္စ္ဂ်ီ ကစားသမား ပါရီဒက္စ္ကို ေခါင္းနဲ႔တိုက္ခဲ့ေပမဲ့ ကြင္းလယ္ဒိုင္က မေတာ္တဆထိခိုက္မႈဆိုၿပီး အျပစ္အေပးခဲ့ေပမဲ့ မိနစ္ ၇၀ မွာ ဟာအဲယားကို ဖ်က္ထုတ္ပုံၾကမ္းခဲ့တယ္ဆိုၿပီး အနီကတ္ျပသခဲ့ပါတယ္။
မန္ခ်က္စတာယူနိုက္တက္မန္ေနဂ်ာ ဆိုးရွားက ဖလက္ရဲ့ ေခါင္းနဲ႔တိုက္လိုက္တာကို အျပစ္ေပးျခင္း မခံရလို႔ ကံေကာင္းတယ္လို႔ ဆိုခဲ့ၿပီး ဟာအဲယားကို ဖ်က္ထုတ္ပုံမွာ ၾကမ္းတယ္ဆိုၿပီး ေနာက္ထပ္အဝါကတ္နဲ႔ အနီကတ္ျပသခံလိုက္ရတာကေတာ့ မထိုက္တန္ဘူးလို႔ ဆိုပါတယ္။ မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ ပီအက္စ္ဂ်ီကို ရႈံးခဲ့တဲ့အတြက္ ခ်န္ပီယံလိဂ္မွာ ၁၆ သင္းအဆင့္ တက္ေရာက္နိုင္ဖို႔ ေနာက္ဆုံးပြဲျဖစ္တဲ့ လိုက္ပ္ဇစ္နဲ႔ အေဝးကြင္းပြဲမွာ မျဖစ္မေန ရမွတ္ရမွသာ ေနာက္တစ္ဆင့္အတြက္ ေမၽွာ္လင့္ခ်က္ျဖစ္လာမွာ ျဖစ္ပါတယ္။