ဖူလ်ဟမ်ကွင်းမှာ ချန်ပီယံလီဗာပူးလ်ကပဲ ဆက်လက်အနိုင်ယူသွားမှာပါ

0
318

 

SBOTop Dec          ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အဖြစ် ဖူလ်ဟမ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဖူလ်ဟမ်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၃-၁၂-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၁၁း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းက ပရီးမီးယားလိဂ် ၁၁ ပွဲကစားအပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရှိနေပြီး လီဗာပူးလ်အသင်းက ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဖူလ်ဟမ် ၁ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၂ – ၀ ဖူလ်ဟမ်(ပရီးမီးယားလိဂ်)

ဖူလ်ဟမ် ၂ – ၃ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၄ – ၀ ဖူလ်ဟမ်(ပရီးမီးယားလိဂ်)

ဖူလ်ဟမ် ၁ – ၃ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၄ – ၀ ဖူလ်ဟမ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဖူလ်ဟမ်အသင်းက နှစ်ပွဲနိုင် လေးပွဲရှုံးထားပြီး လီဗာပူးလ်အသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ လီဗာပူးလ်အသင်းက ဖူလ်ဟမ်နဲ့တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲ အနိုင်ရထားပြီး ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံးသုံးပွဲမှာ လီဗာပူးလ်က သရေရလဒ် ဖြစ်ပေါ်ထားပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် နောက်ဆုံး ၁၃ ပွဲကစားအပြီး ၁၁ ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ လီဗာပူးလ်က ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ခြောက်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဖူလ်ဟမ်အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပေးဂိုးအနည်းဆုံး နှစ်ဂိုးပေးထားရပါတယ်။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ လေးပွဲမှာ အနိုင်ရရှိခြင်း မရှိခဲ့ဘဲ သုံးပွဲသရေ တစ်ပွဲရှုံးထားပါတယ်။ လီဗာပူးလ် အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းတိုင်းကို ဂိုးသွင်းယူထားနိုင်တဲ့ မှတ်တမ်းကို ရယူထားနိုင်ပါတယ်။

ဖူလ်ဟမ်အသင်းမှာ ကွန်ဂိုလိုနဲ့ တီတီတို့က ဒဏ်ရာရနေပြီး လီဗာပူးလ်အသင်းမှာ ဂိုမက်ဇ်၊ ဗန်ဒိုက်၊ အော်လစ်ဆင်၊ သီယာဂို၊ ချိန်ဘာလိန်၊ ရှာကွီရီနဲ့ မီနာတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဖူလ်ဟမ်အသင်းက အနိုင်ရဖို့ ၃၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀% နဲ့ လီဗာပူးလ်အနိုင်ရဖို့ ၆၀% ရှိနေပါတယ်။

Zawgyi

