ဘွန်ဒက်စ်လီဂါမှာ ဖိအားများနေတဲ့ ဒေါ့မွန် ဝါဒါဘရီမင်ကွင်းမှာ ရမှတ်အပြည့်ယူသွားမှာပါ

0
339

 

SBOTop Dec        ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၂ အဖြစ် ဝါဒါဘရီမင်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ ဝါဒါဘရီမင်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၆-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဝါဒါဘရီမင်အသင်းက ဘွန်ဒက်စ်လီဂါ ၁၁ ပွဲကစားအပြီး ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရှိနေပြီး ဒေါ့မွန်အသင်းက ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဝါဒါဘရီမင် ၀ – ၂ ဒေါ့မွန်(ဘွန်ဒက်စ်လီဂါ)

ဝါဒါဘရီမင် ၃ – ၂ ဒေါ့မွန်(ပိုကယ်လ်ဖလား)

ဒေါ့မွန် ၂ – ၂ ဝါဒါဘရီမင်(ဘွန်ဒက်စ်လီဂါ)

ဝါဒါဘရီမင် ၂ – ၂ ဒေါ့မွန်(ဘွန်ဒက်စ်လီဂါ)

ဒေါ့မွန် ၃ – ၃ ဝါဒါဘရီမင်(ပိုကယ်လ်ဖလား)

ဒေါ့မွန် ၂ – ၁ ဝါဒါဘရီမင်(ဘွန်ဒက်စ်လီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဝါဒါဘရီမင်အသင်းက နှစ်ပွဲသရေ လေးပွဲရှုံးထားပြီး ဒေါ့မွန်အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ဝါဒါဘရီမင်အသင်းက ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲ ၂၀ ကစားအပြီးမှာ ၁၈ ပွဲ နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ ဒေါ့မွန်အသင်း ဝါဒါဘရီမင်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံးလေးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဒေါ့မွန်အသင်းက ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲ နောက်ဆုံး ၁၁ ပွဲမှာ ၁၀ ပွဲရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဝါဒါဘရီမင်က ဘွန်ဒက်စ်လီဂါ နောက်ဆုံးသုံးပွဲမှာ ပေးဂိုး အနည်းဆုံးနှစ်ဂိုး ပေးထားရပါတယ်။

ဝါဒါဘရီမင်အသင်းမှာ ဖူလီကော့ချ်နဲ့ ရာချီကာတို့က ဒဏ်ရာရနေပြီး ဒေါ့မွန်အသင်းမှာ ရှမိုက်ဇာ၊ ဟာလန်၊ မီနူအာနဲ့ ဒီလန်နေးတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဒေါ့မွန်အသင်းက အဝေးကွင်းမှာ အနိုင်ရဖို့ ၆၅% ရှိနေပြီး ဝါဒါဘရီမင် အနိုင်ရဖို့ ၃၅% ရှိနေပါတယ်။

Zawgyi


ဝါဒါဘရီမင်အသင်းမှာ ဖူလီကော့ခ်ျနဲ့ ရာချီကာတို့က ဒဏ်ရာရနေပြီး ဒေါ့မွန်အသင်းမှာ ရှမိုက်ဇာ၊ ဟာလန်၊ မီနူအာနဲ့ ဒီလန်နေးတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။