မက်ဆီကိုကျော်ဖြတ်ပြီး ရွှေခြေဖဝါးဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ရော်နယ်ဒို

0
125

SBOTOP NOV

ဂျူဗင်တပ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ ခေတ်ပြိုင်ကစားသမား မက်ဆီကို ကျော်လွန်ပြီး ဒီနှစ်အတွက် နိုင်ငံတကာ ရွှေခြေဖဝါးဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ဒီနှစ်တွေအတွင်းမှာ ဆုဖလားတွေနဲ့ပတ်သက်ပြီး မက်ဆီနောက် ပြတ်ကျန်ခဲ့ရသလို ဘလွန်းဒီအော်ဆုမှာလည်း ၅ ကြိမ်သာ ရယူထားနိုင်ပြီး မက်ဆီက ၆ ကြိမ်အထိ ဆွတ်ခူးထားနိုင်ပါတယ်။

ဒါပေမဲ့ မက်ဆီ မဆွတ်ခူးဖူးသေးတဲ့ ဆုအနည်းအငယ်ကိုတော့ ရော်နယ်ဒိုက ရယူနိုင်နေခဲ့တာဖြစ်ပြီး အခုလည်း နိုင်ငံတကာရွှေခြေဖဝါးဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလအစောပိုင်းကတည်းကလည်း ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ရွှေခြေဖဝါးဆုကို ဆွတ်ခူးနိုင်တဲ့ နောက်ဆုံးလူဖြစ်လာလိမ့်မယ်လို့ ကြိုတင်ခန့်မှန်း ကြေညာထားတာတွေလည်း ရှိပါတယ်။

22

အဲဒီရွှေခြေဖဝါးဆုပေးတဲ့စနစ်ကို ၂၀ဝ၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အသက် ၂၈ နှစ်ကျော်တဲ့ ဘောလုံးသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ပေးအပ်တာဖြစ်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အဲဒီဆုကို တနင်္ဂနွေနေ့မှာ ရယူခဲ့တာဖြစ်ပြီး အရင်တုန်းကတော့ ရော်ဘတ်တိုဘက်ဂီယို၊ ဒယ်ပီယာရိုနဲ့ ရော်နယ်ဒင်ဟိုတို့ ရယူနိုင်ခဲ့ဖူးပါတယ်။

SBOTOP NOV

(zawgyi)

မက္ဆီကိုေက်ာ္ျဖတ္ၿပီး ေရႊေျခဖ၀ါးဆု ဆြတ္ခူးႏုိင္ခဲ့တဲ့ ေရာ္နယ္ဒို

ဂ်ဴဗင္တပ္အသင္းတိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ ေခတ္ၿပိဳင္ကစားသမား မက္ဆီကို ေက်ာ္လြန္ၿပီး ဒီႏွစ္အတြက္ ႏုိင္ငံတကာ ေရႊေျခဖ၀ါးဆုကို ဆြတ္ခူးႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။ ေရာ္နယ္ဒိုဟာ ဒီႏွစ္ေတြအတြင္းမွာ ဆုဖလားေတြနဲ႔ပတ္သက္ၿပီး မက္ဆီေနာက္ ျပတ္က်န္ခဲ့ရသလို ဘလြန္းဒီေအာ္ဆုမွာလည္း ၅ ႀကိမ္သာ ရယူထားႏုိင္ၿပီး မက္ဆီက ၆ ႀကိမ္အထိ ဆြတ္ခူးထားႏုိင္ပါတယ္။

ဒါေပမဲ့ မက္ဆီ မဆြတ္ခူးဖူးေသးတဲ့ ဆုအနည္းအငယ္ကိုေတာ့ ေရာ္နယ္ဒိုက ရယူႏုိင္ေနခဲ့တာျဖစ္ၿပီး အခုလည္း ႏုိင္ငံတကာေရႊေျခဖ၀ါးဆုကို ဆြတ္ခူးႏုိင္ခဲ့တာျဖစ္ပါတယ္။ ဒီလအေစာပိုင္းကတည္းကလည္း ဂ်ဴဗင္တပ္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ ေရႊေျခဖ၀ါးဆုကို ဆြတ္ခူးႏုိင္တဲ့ ေနာက္ဆုံးလူျဖစ္လာလိမ့္မယ္လုိ႔ ႀကိဳတင္ခန္႔မွန္း ေၾကညာထားတာေတြလည္း ရွိပါတယ္။

အဲဒီေရႊေျခဖ၀ါးဆုေပးတဲ့စနစ္ကို ၂၀၀၃ ခုႏွစ္မွာ စတင္မိတ္ဆက္ခဲ့တာျဖစ္ၿပီး အသက္ ၂၈ ႏွစ္ေက်ာ္တဲ့ ေဘာလုံးသမားေတြရဲ႕ စြမ္းေဆာင္ရည္အေပၚ မူတည္ၿပီး ေပးအပ္တာျဖစ္တယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုဟာ အဲဒီဆုကို တနဂၤေႏြေန႔မွာ ရယူခဲ့တာျဖစ္ၿပီး အရင္တုန္းကေတာ့ ေရာ္ဘတ္တိုဘက္ဂီယို၊ ဒယ္ပီယာရိုနဲ႔ ေရာ္နယ္ဒင္ဟိုတို႔ ရယူႏုိင္ခဲ့ဖူးပါတယ္။