မက်ဆီကို ဘယ်တုန်းကမှ ပြိုင်ဘက်အဖြစ်မမြင်ခဲ့ဘူးဆိုတဲ့ ရော်နယ်ဒို

0
185

SBOTOP NOV

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုက ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ မက်ဆီကို သူ့ရဲ့ပြိုင်ဘက်ကစားသမားလို့ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နူးကမ့်မှာ ကစားခဲ့တဲ့ အဲဒီချန်ပီယံလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ ပင်နယ်တီဂိုး ၂ ဂိုး အပါဝင် ဂျူဗင်တပ်အသင်းအနေနဲ့ ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မက်ဆီဟာ အဲဒီပွဲစဉ်မှာ ဂိုးကန်သွင်းချက် ၁၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှုက ၇ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်မှာ ရှိစဉ်က ၉ ရာသီကြာ ထိပ်တိုက်တွေ့ ဆုံခဲ့ကြသူဖြစ်ပြီး အခု ပြန်လည်ရင်ဆိုင်ကြရတာဖြစ်ပါတယ်။ အဲဒီပွဲမတိုင်ခင်မှာ ရော်နယ်ဒိုက မက်ဆီနဲ့ ပွေ့ဖက် နှုတ်ဆက်ခဲ့ပြီး သူတို့နှစ်ဦးကြားမှာ ပြိုင်ဘက်ရယ်လို့ မတွေးထားကြောင်း ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုက “ ကျွန်တော်က အမြဲတမ်း သူနဲ့ ဆက်ဆံရေး အရမ်းကိုကောင်းပါတယ်။ ကျွန်တော် အသက် ၁၂၊ ၁၃ ၊ ၁၄ အရွယ်လောက်ကတည်းက ဆုပေးပွဲတွေမှာ သူနဲ့ အတူ တက်ရောက်ခဲ့ရတာပါ။ သူ့ကို ကျွန်တော့် ပြိုင်ဘက်အဖြစ် ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး။ သူက သူ့အသင်းအတွက် အကောင်းဆုံးဖြစ်အောင် အမြဲ ကြိုးစားသလို ကျွန်တော်လည်း ဒီအတိုင်းပါပဲ။ ကျွန်တော်နဲ့ သူ့ကြားက ဆက်ဆံရေးက အမြဲတမ်းလို ကောင်းနေမှာပါ။ ဒါပေမဲ့ ဘောလုံးလောကဆိုတော့ ဒီလိုပဲ ထိပ်တိုက်တွေ့ရင် ပြိုင်ဆိုင်ကြရတာပါပဲ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

မက္ဆီကို ဘယ္တုန္းကမွ ၿပိဳင္ဘက္အျဖစ္မျမင္ခဲ့ဘူးဆိုတဲ့ ေရာ္နယ္ဒို

ဂ်ဴဗင္တပ္တိုက္စစ္မွဴး ေရာ္နယ္ဒိုက ဘာစီလိုနာကို အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ မက္ဆီကို သူ႕ရဲ႕ၿပိဳင္ဘက္ကစားသမားလို႔ ဘယ္တုန္းကမွ မျမင္ခဲ့ဖူးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ႏူးကမ့္မွာ ကစားခဲ့တဲ့ အဲဒီခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေရာ္နယ္ဒိုရဲ႕ ပင္နယ္တီဂိုး ၂ ဂိုး အပါ၀င္ ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ၃ ဂိုးျပတ္ အႏုိင္ရခဲ့ပါတယ္။

မက္ဆီဟာ အဲဒီပြဲစဥ္မွာ ဂိုးကန္သြင္းခ်က္ ၁၁ ႀကိမ္အထိ ျပဳလုပ္ႏုိင္ခဲ့ၿပီး ဂိုးေပါက္တည့္မႈက ၇ ႀကိမ္အထိ ရွိခဲ့ပါတယ္။ ဒီကစားသမားႏွစ္ေယာက္ဟာ ေရာ္နယ္ဒို ရီးရဲလ္မက္ဒရစ္မွာ ရွိစဥ္က ၉ ရာသီၾကာ ထိပ္တိုက္ေတြ႕ ဆုံခဲ့ၾကသူျဖစ္ၿပီး အခု ျပန္လည္ရင္ဆိုင္ၾကရတာျဖစ္ပါတယ္။ အဲဒီပြဲမတိုင္ခင္မွာ ေရာ္နယ္ဒိုက မက္ဆီနဲ႔ ေပြ႕ဖက္ ႏႈတ္ဆက္ခဲ့ၿပီး သူတို႔ႏွစ္ဦးၾကားမွာ ၿပိဳင္ဘက္ရယ္လို႔ မေတြးထားေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ေရာ္နယ္ဒိုက “ ကၽြန္ေတာ္က အၿမဲတမ္း သူနဲ႔ ဆက္ဆံေရး အရမ္းကိုေကာင္းပါတယ္။ ကၽြန္ေတာ္ အသက္ ၁၂၊ ၁၃ ၊ ၁၄ အရြယ္ေလာက္ကတည္းက ဆုေပးပြဲေတြမွာ သူနဲ႔ အတူ တက္ေရာက္ခဲ့ရတာပါ။ သူ႕ကို ကၽြန္ေတာ့္ ၿပိဳင္ဘက္အျဖစ္ ဘယ္တုန္းကမွ မျမင္ခဲ့ဖူးပါဘူး။ သူက သူ႕အသင္းအတြက္ အေကာင္းဆုံးျဖစ္ေအာင္ အၿမဲ ႀကိဳးစားသလို ကၽြန္ေတာ္လည္း ဒီအတိုင္းပါပဲ။ ကၽြန္ေတာ္နဲ႔ သူ႕ၾကားက ဆက္ဆံေရးက အၿမဲတမ္းလို ေကာင္းေနမွာပါ။ ဒါေပမဲ့ ေဘာလုံးေလာကဆိုေတာ့ ဒီလိုပဲ ထိပ္တိုက္ေတြ႕ရင္ ၿပိဳင္ဆိုင္ၾကရတာပါပဲ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။