မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ခန့်မှန်းလိုက်တဲ့ ဥက္ကဋ္ဌလောင်း ရူဆောက်

0
335

SBOTOP NOV

ဘာစီလိုနာ ဥက္ကဋ္ဌလောင်းအဖြစ် သတ်မှတ်ခံထားရတဲ့ အီမီလီရူဆောက်က မက်ဆီအနေနဲ့ ကိုဗစ်ကာလ အတွင်းမှာ လစာလျှော့ယူဖို့ သဘောတူညီမှုမရှိဘူးဆိုရင် အသင်းက ထွက်ခွာရလိမ့်မယ်လို့ ထုတ်ဖော်ပြော ကြားလိုက်ပါတယ်။ မက်ဆီဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာကတည်းက အသင်းကထွက်ခွာချင်တယ်လို့ ဖွင့်ဟပြီးကတည်းက နူးကမ့်နဲ့ အနာဂတ်က မရေမရာဖြစ်နေခဲ့တာပါ။

ဘလွန်းဒီအော်ဆု ၆ ဆုပိုင်ရှင် မက်ဆီဟာ လတ်တလောမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း မန်စီးတီး အသင်းကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေတဲ့သူဖြစ်ပြီး လီဂူး-၁ ချန်ပီယံ ပီအက်စ်ဂျီနဲ့ အင်တာမီလန်အသင်းတို့က လည်း စိတ်ဝင်စားနေကြပါတယ်။ ဒါပေမဲ့ မက်ဆီကတော့ အဲဒီအချိန်က စပိန်မြေမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ကြောင့် သူ့ကို စိတ်ဝင်စားတဲ့အသင်းတွေ နှမြောသတဖြစ်ခဲ့ကြရပါတယ်။

ဒီအချိန်မှာ ဘာစီလိုနာ ဥက္ကဋ္ဌလောင်းအဖြစ် ရွေးချယ်ခံရဖို့ ရေပန်းစားနေတဲ့ ရူဆောက်ဟာ မက်ဆီနဲ့ အသင်းရဲ့ အနာဂတ်အတွက် ဆွေးနွေးသွားခဲ့ပြီး ကိုဗစ်ကာလအတွင်း လစာလျှော့ယူဖို့ သဘောမတူရင် ဆက်ထိန်းထားနိုင်ဖို့ မလွယ်ဘူးလို့ ထုတ်ဖော်ပြောကြားသွားခဲ့တာပါ။ ရူဆောက်က “ ကျွန်တော်တို့ မက်ဆီနဲ့ ပတ်သက်ပြီး အထိုင်ချဖို့ စဉ်းစားရမှာဖြစ်ပြီး သူ့ကို လစာလျှော့ယူဖို့ တောင်းဆိုသွားရမှာပါ။ လက်ရှိမှာတော့ သူတို့လုပ်တဲ့အတိုင်းပဲ ဆက်သွားနေပါတယ်။ သူ့ကို အနစ်နာခံဖို့ ကျွန်တော်တို့ တောင်းဆိုသွားမယ်။ ဒါကိုမှ သူ လက်မခံဘူးဆိုရင်တော့ အသင်းက သူ ထွက်ခွာသွားနိုင်ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

မက္ဆီရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ခန္႔မွန္းလိုက္တဲ့ ဥကၠ႒ေလာင္း ရူေဆာက္

ဘာစီလိုနာ ဥကၠ႒ေလာင္းအျဖစ္ သတ္မွတ္ခံထားရတဲ့ အီမီလီရူေဆာက္က မက္ဆီအေနနဲ႔ ကိုဗစ္ကာလ အတြင္းမွာ လစာေလွ်ာ့ယူဖို႔ သေဘာတူညီမႈမရွိဘူးဆိုရင္ အသင္းက ထြက္ခြာရလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာ ၾကားလိုက္ပါတယ္။ မက္ဆီဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီမွာကတည္းက အသင္းကထြက္ခြာခ်င္တယ္လို႔ ဖြင့္ဟၿပီးကတည္းက ႏူးကမ့္နဲ႔ အနာဂတ္က မေရမရာျဖစ္ေနခဲ့တာပါ။

ဘလြန္းဒီေအာ္ဆု ၆ ဆုပိုင္ရွင္ မက္ဆီဟာ လတ္တေလာမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံေဟာင္း မန္စီးတီး အသင္းကို ေျပာင္းေရႊ႕ဖို႔ ေရပန္းစားေနတဲ့သူျဖစ္ၿပီး လီဂူး-၁ ခ်န္ပီယံ ပီအက္စ္ဂ်ီနဲ႔ အင္တာမီလန္အသင္းတို႔က လည္း စိတ္၀င္စားေနၾကပါတယ္။ ဒါေပမဲ့ မက္ဆီကေတာ့ အဲဒီအခ်ိန္က စပိန္ေျမမွာပဲ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာ ေၾကာင့္ သူ႕ကို စိတ္၀င္စားတဲ့အသင္းေတြ ႏွေျမာသတျဖစ္ခဲ့ၾကရပါတယ္။

ဒီအခ်ိန္မွာ ဘာစီလိုနာ ဥကၠ႒ေလာင္းအျဖစ္ ေရြးခ်ယ္ခံရဖို႔ ေရပန္းစားေနတဲ့ ရူေဆာက္ဟာ မက္ဆီနဲ႔ အသင္းရဲ႕ အနာဂတ္အတြက္ ေဆြးေႏြးသြားခဲ့ၿပီး ကိုဗစ္ကာလအတြင္း လစာေလွ်ာ့ယူဖို႔ သေဘာမတူရင္ ဆက္ထိန္းထားႏုိင္ဖို႔ မလြယ္ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့တာပါ။ ရူေဆာက္က “ ကၽြန္ေတာ္တို႔ မက္ဆီနဲ႔ ပတ္သက္ၿပီး အထိုင္ခ်ဖို႔ စဥ္းစားရမွာျဖစ္ၿပီး သူ႕ကို လစာေလွ်ာ့ယူဖို႔ ေတာင္းဆိုသြားရမွာပါ။ လက္ရွိမွာေတာ့ သူတို႔လုပ္္တဲ့အတိုင္းပဲ ဆက္သြားေနပါတယ္။ သူ႕ကို အနစ္နာခံဖုိ႔ ကၽြန္ေတာ္တုိ႔ ေတာင္းဆိုသြားမယ္။ ဒါကိုမွ သူ လက္မခံဘူးဆိုရင္ေတာ့ အသင္းက သူ ထြက္ခြာသြားႏုိင္ပါတယ္” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။