မက်ဆီ၊ ဒိုလေးတို့နဲ့အတူ တစ်တန်းတည်းလို့ ပြောလိုက်တဲ့ ဂါရတ်ဘေးလ်

0
314

SBOTOP NOV

ဒဏ်ရာပြဿနာတွေသာမရှိခဲ့ရင် သူဟာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့တစ်တန်းထဲရှိနေမယ့်ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ဂါရက်ဘေးလ်ကပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂါရက်ဘေးလ်ဟာ ကလပ်အသင်းကစားသမားဘဝမှာ ပွဲပေါင်း ၅၀ဝ ကျော်ပါဝင်ကစားခဲ့သူဖြစ်ပြီး ၁၆၈ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ စပါးအသင်းမှာ ခြေစွမ်းပြကစားခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ ရီးယဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ခဲ့သူ ဂါရက်ဘေးလ်ဟာ ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ လုံးအပါအဝင် ဆုဖလားအောင်မြင်မှုများစွာ ဆွတ်ခူးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရီးယဲလ်ကစားသမားဘဝ ၂၅၁ ပွဲမှာ ၁၀၅ ဂိုးသွင်းယူထားခဲ့တဲ့ သူ့ရဲ့ဂိုးသွင်းနှုန်းဟာလည်း တောင်ပံကစားသမားတစ်ယောက်အနေနဲ့ အတော်လေးချီးကျူးစရာကောင်းတဲ့ဂိုးသွင်းနှုန်းမျိုးပါပဲ။

လက်ရှိမှာ စပါးအသင်းကို အငှါးစာချုပ်နဲ့တစ်ကျော့ပြန်ရောက်ရှိနေခဲ့သူဂါရက်ဘေးလ်က သူ့အနေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် အောင်မြင်သင့်သလောက်မအောင်မြင်ခဲ့ဘူးလို့ ယုံကြည်နေခဲ့တာဖြစ်ပါတယ်။
“ဒဏ်ရာကြောင့်သာမဟုတ်ရင် မက်ဆီ-ရော်နယ်ဒို ဘယ်သူပိုကောင်းသလဲ ငြင်းခုန်ကြတဲ့အခါမှာ ကျွန်တော့်နာမည်ကိုပါ ထည့်ပြောကြရပါလိမ့်မယ်။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်ဟာ အကောင်းဆုံးFree-kickကန်သွင်းသူဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ထောင့်ကန်ဘောကလွဲရင် set-pieceတွေအကုန်လုံးကို သူပဲကန်ချင်တာဆိုတော့ တကယ့်ပွဲတွေမှာ ကျွန်တော်သိပ်ကန်ခွင့်မရခဲ့ပါဘူး။

ဒါပေမယ့် လေ့ကျင့်ရေးကွင်းမှတ်တမ်းတွေကိုပြန်ကြည့်ရင် အသင်းမှာ Free-kick အကောင်းဆုံးက ကျွန်တော်ပါပဲ။
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အသင်းကို ကျွန်တော်ကယ်တင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရှုံးသွားဖို့ ၂ မိနစ်လောက်အလိုမှာ ကျွန်တော်ကယ်တင်ခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့်နာမည်ကို သူတို့မေ့သွားကြပါတယ်။
တစ်ခါ လီဗာပူးနဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ကျွန်တော်အလှပဆုံးဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒါလည်းအသိအမှတ်ပြုမခံခဲ့ရပါဘူး”လို့ ဂါရက်ဘေးလ်ကပြောကြားခဲ့ပါတယ်။ ဂါရက်ဘေးလ်ဟာ ဒီနှစ်ဘောလုံးရာသီ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲပါဝင်ကစားပေးထားရာမှာတော့ ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

မက္ဆီ၊ ဒိုေလးတို႔နဲ႔အတူ တစ္တန္းတည္းလို႔ ေျပာလိုက္တဲ့ ဂါရတ္ေဘးလ္

ဒဏ္ရာျပႆနာေတြသာမရွိခဲ့ရင္ သူဟာ မက္ဆီ၊ ေရာ္နယ္ဒိုတို့နဲ့တစ္တန္းထဲရွိေနမယ့္ကစားသမားတစ္ေယာက္ျဖစ္တယ္လို့ ဂါရက္ေဘးလ္ကေျပာျကားလိုက္ပါတယ္။
အသက္ ၃၁ နွစ္အရြယ္ရွိျပီျဖစ္တဲ့ဂါရက္ေဘးလ္ဟာ ကလပ္အသင္းကစားသမားဘဝမွာ ပြဲေပါင္း ၅၀ဝ ေက်ာ္ပါဝင္ကစားခဲ့သူျဖစ္ျပီး ၁၆၈ ဂိုးသြင္းယူထားနိုင္ခဲ့ပါတယ္။ စပါးအသင္းမွာ ေျခစြမ္းျပကစားခဲ့ျပီးေနာက္ ၂၀၁၃ ခုနွစ္မွာ ရီးယဲလ္မက္ဒရစ္ကိုေျပာင္းေရွြ့ခဲ့သူ ဂါရက္ေဘးလ္ဟာ ရီးယဲလ္နဲ့အတူ ခ်န္ပီယံလိဂ္ဖလား ၄ လံုးအပါအဝင္ ဆုဖလားေအာင္ျမင္မႈမ်ားစြာ ဆြတ္ခူးနိုင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ရီးယဲလ္ကစားသမားဘဝ ၂၅၁ ပြဲမွာ ၁၀၅ ဂိုးသြင္းယူထားခဲ့တဲ့ သူ့ရဲ့ဂိုးသြင္းနႈန္းဟာလည္း ေတာင္ပံကစားသမားတစ္ေယာက္အေနနဲ့ အေတာ္ေလးခ်ီးက်ူးစရာေကာင္းတဲ့ဂိုးသြင္းနႈန္းမ်ိုးပါပဲ။
လက္ရွိမွာ စပါးအသင္းကို အငွါးစာခ်ုပ္နဲ့တစ္ေက်ာ့ျပန္ေရာက္ရွိေနခဲ့သူဂါရက္ေဘးလ္က သူ့အေနနဲ့ ဒဏ္ရာျပႆနာေတြေျကာင့္ ေအာင္ျမင္သင့္သေလာက္မေအာင္ျမင္ခဲ့ဘူးလို့ ယံုျကည္ေနခဲ့တာျဖစ္ပါတယ္။
“ဒဏ္ရာေျကာင့္သာမဟုတ္ရင္ မက္ဆီ-ေရာ္နယ္ဒို ဘယ္သူပိုေကာင္းသလဲ ျငင္းခုန္ျကတဲ့အခါမွာ ကြ်န္ေတာ့္နာမည္ကိုပါ ထည့္ေျပာျကရပါလိမ့္မယ္။
ရီးယဲလ္မက္ဒရစ္အသင္းရဲ့ေလ့က်င့္ေရးကြင္းမွာ ကြ်န္ေတာ္ဟာ အေကာင္းဆံုးFree-kickကန္သြင္းသူျဖစ္ပါတယ္။ ဒါေပမယ့္ ေရာ္နယ္ဒိုက ေထာင့္ကန္ေဘာကလြဲရင္ set-pieceေတြအကုန္လံုးကို သူပဲကန္ခ်င္တာဆိုေတာ့ တကယ့္ပြဲေတြမွာ ကြ်န္ေတာ္သိပ္ကန္ခြင့္မရခဲ့ပါဘူး…
ဒါေပမယ့္ ေလ့က်င့္ေရးကြင္းမွတ္တမ္းေတြကိုျပန္ျကည့္ရင္ အသင္းမွာ Free-kick အေကာင္းဆံုးက ကြ်န္ေတာ္ပါပဲ။
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း အသင္းကို ကြ်န္ေတာ္ကယ္တင္နိုင္ခဲ့ပါတယ္။ ကြ်န္ေတာ္တို့ရံႈးသြားဖို့ ၂ မိနစ္ေလာက္အလိုမွာ ကြ်န္ေတာ္ကယ္တင္ခဲ့တယ္၊ ဒါေပမယ့္ ကြ်န္ေတာ့္နာမည္ကို သူတို့ေမ့သြားျကပါတယ္။
တစ္ခါ လီဗာပူးနဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း ကြ်န္ေတာ္အလွပဆံုးဂိုးတစ္ဂိုးသြင္းနိုင္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ဒါလည္းအသိအမွတ္ျပုမခံခဲ့ရပါဘူး”လို့ ဂါရက္ေဘးလ္ကေျပာျကားခဲ့ပါတယ္။
ဂါရက္ေဘးလ္ဟာ ဒီနွစ္ေဘာလံုးရာသီ စပါးအသင္းအတြက္ ျပိုင္ပြဲစံု ၁၁ ပြဲပါဝင္ကစားေပးထားရာမွာေတာ့ ၃ ဂိုးသြင္းယူထားနိုင္ခဲ့ပါတယ္။