မန်ချက်စတာဒါဘီမှာ ဧည့်သည် မန်စီးတီးက အနိုင်ရဖို့ ၆၀% ရှိနေတယ်

0
396

 

SBOTop Dec          ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၂-၁၂-၂၀၂၀ ရက် စနေနေ့ည ၁၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် တစ်ပွဲကျန် ၁၀ ပွဲကစားအပြီး ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရှိနေပြီး မန်စီးတီးအသင်းကလည်း တစ်ပွဲကျန် ၁၀ ပွဲကစားအပြီး ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်ချက်စတာယူနိုက်တက် ၂ – ၀ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၀ – ၁ မန်ချက်စတာယူနိုက်တက်(လိဂ်ဖလား)

မန်ချက်စတာယူနိုက်တက် ၀ – ၀ မန်စီးတီး(လိဂ်ဖလား)

မန်စီးတီး ၁ – ၂ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၀ – ၂ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၃ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်ချက်စတာယူနိုက်တက်အသင်းက လေးပွဲနိုင် နှစ်ပွဲရှုံး ထားပြီး မန်စီးတီးအသင်းက လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု မန်ချက်စတာ ဒါဘီ ပွဲ ၁၅၀ မှာ မန်ချက်စတာယူနိုက်တက်က ၅၈ ပွဲ အနိုင်ရထားပြီး သရေ ၄၇ ပွဲနဲ့ မန်စီးတီးက ၄၅ ပွဲ အနိုင်ရထားပါတယ်။ မန်ချက်စတာယူနိုက်တက် ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲဆက် အနိုင်ရထားပါတယ်။ မန်ချက်စတာယူနိုက်တက်က မန်စီးတီးနဲ့ တွေ့ဆုံခဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါ တယ်။ မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ကွင်းမှာ မန်စီးတီးအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ မာရှယ်နဲ့ ကာဗာနီတို့က ပါဝင်နိုင်ဖို့ မသေချာသလို မန်စီးတီးအသင်းမှာ ဂမ်ဒိုဂန်နဲ့ ဂါစီယာတို့က ပါဝင်နိုင်ဖို့မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ အနိုင်ရဖို့ ၃၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀% နဲ့ မန်စီးတီးအနိုင်ရဖို့ ၆၀% ရှိနေပါတယ်။

Zawgyi

