မန်ချက်စတာဒါဘီအသင်းတွေ လိဂ်ဖလား ဆီမီးဖိုင်နယ်မှာ တွေ့ဆုံ

0
313

 

SBOTop Dec          လိဂ်ဖလား(ခါလာဘောင်းဖလား) ကွာတားဖိုင်နယ်ပွဲတွေ ပြီးဆုံးချိန်မှာတော့ မန်ချက်စတာဒါဘီ အသင်းတွေ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံကစားသွားရမှာ ဖြစ်ပါတယ်။ နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်ကတော့ စပါးလ် အသင်းက ဘရန့်ဖို့ဒ်အသင်းနဲ့ ကစားသွားရမှာ ဖြစ်တယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ မန်ချက်စတာ ယူနိုက်တက်က အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို ၄-၁ နဲ့ အနိုင်ရခဲ့ပါ တယ်။ စပါးလ်အသင်းက စတုတ်စီးတီးအသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းက နယူးကာဆယ် အသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

97

စပါးလ်အသင်းအနေနဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခြင်းက ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်စေနိုင်ပါတယ်။ ၎င်းအနေနဲ့ လိဂ်ဖလားကို လေးကြိမ်ရယူထားနိုင်ပြီး ချဲလ်ဆီးအသင်းနဲ့ သုံးကြိမ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တစ်ကြိမ် ရယူထားနိုင်ပါတယ်။ စပါးလ်အသင်းဟာ ၂၀၀၈ ခုနှစ်မှာ လိဂ်ဖလားကို နောက်ဆုံးအကြိမ် ရယူထားနိုင်ပေမဲ့ ဆုဖလားနဲ့ ဝေးကွာနေတာ ၁၂ ကြာခဲ့ပြီဖြစ်လို့ မော်ရင်ဟိုနဲ့ ကစားသမားတွေက အသင်းအတွက် ဆုဖလားရဖို့ ဖိအားတစ်ခု ဖြစ်စေပါတယ်။

ဆီမီးဖိုင်နယ်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကစားသွားရမှာ ဖြစ်ပြီး ဖိုင်နယ်ပွဲကိုတော့ ဧပြီလ ၂၅ ရက်နေ့ ဝင်ဘာလေကွင်းမှာ ကစားသွားရမှာ ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာဒါဘီအသင္းေတြ လိဂ္ဖလား ဆီမီးဖိုင္နယ္မွာ ေတြ႕ဆုံ

လိဂ္ဖလား(ခါလာေဘာင္းဖလား) ကြာတားဖိုင္နယ္ပြဲေတြ ၿပီးဆုံးခ်ိန္မွာေတာ့ မန္ခ်က္စတာဒါဘီ အသင္းေတြ ဆီမီးဖိုင္နယ္မွာ ေတြ႕ဆုံကစားသြားရမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ ဆီမီးဖိုင္နယ္ပြဲစဥ္ကေတာ့ စပါးလ္ အသင္းက ဘရန႔္ဖို႔ဒ္အသင္းနဲ႔ ကစားသြားရမွာ ျဖစ္တယ္။ ကြာတားဖိုင္နယ္ပြဲစဥ္ေတြမွာ မန္ခ်က္စတာ ယူနိုက္တက္က အဲဗာတန္ကို ၂-၀ နဲ႔ အနိုင္ရခဲ့ၿပီး မန္စီးတီးအသင္းက အာဆင္နယ္အသင္းကို ၄-၁ နဲ႔ အနိုင္ရခဲ့ပါ တယ္။ စပါးလ္အသင္းက စတုတ္စီးတီးအသင္းကို ၃-၁ နဲ႔ အနိုင္ရခဲ့ၿပီး ဘရန႔္ဖို႔ဒ္အသင္းက နယူးကာဆယ္ အသင္းကို ၁-၀ နဲ႔ အနိုင္ရခဲ့လို႔ ဆီမီးဖိုင္နယ္ကို တက္ေရာက္နိုင္ခဲ့တာ ျဖစ္ပါတယ္။
စပါးလ္အသင္းအေနနဲ႔ ဘရန႔္ဖို႔ဒ္အသင္းနဲ႔ ဆီမီးဖိုင္နယ္မွာ ေတြ႕ဆုံျခင္းက ဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္ဖို႔ အခြင့္အေရးေကာင္းတစ္ခု ျဖစ္ေစနိုင္ပါတယ္။ ၎အေနနဲ႔ လိဂ္ဖလားကို ေလးႀကိမ္ရယူထားနိုင္ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ သုံးႀကိမ္၊ မန္ခ်က္စတာယူနိုက္တက္နဲ႔ တစ္ႀကိမ္ ရယူထားနိုင္ပါတယ္။ စပါးလ္အသင္းဟာ ၂၀၀၈ ခုႏွစ္မွာ လိဂ္ဖလားကို ေနာက္ဆုံးအႀကိမ္ ရယူထားနိုင္ေပမဲ့ ဆုဖလားနဲ႔ ေဝးကြာေနတာ ၁၂ ၾကာခဲ့ၿပီျဖစ္လို႔ ေမာ္ရင္ဟိုနဲ႔ ကစားသမားေတြက အသင္းအတြက္ ဆုဖလားရဖို႔ ဖိအားတစ္ခု ျဖစ္ေစပါတယ္။
ဆီမီးဖိုင္နယ္ပြဲကို ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔ ကစားသြားရမွာ ျဖစ္ၿပီး ဖိုင္နယ္ပြဲကိုေတာ့ ဧၿပီလ ၂၅ ရက္ေန႔ ဝင္ဘာေလကြင္းမွာ ကစားသြားရမွာ ျဖစ္ပါတယ္။