မန်ချက်စတာယူနိုက်တက်မှာ ရှိခဲ့တဲ့ ပေါ့ဘာရဲ့ အချိန်တွေဟာ ကုန်လွန်ခဲ့ပြီဖြစ်ကြောင်း ၎င်းရဲ့ အေးဂျင့်ဖြစ်သူ ရီအိုလာ ထုတ်ပြန်

0
328

 

SBOTop Dec         ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ မန်ချက်စတာယူနိုက်တက်မှာ ရှိခဲ့တဲ့ အချိန်ကာလတွေဟာ ကုန်လွန်သွားပြီဖြစ်လို့ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေကြောင်း ၎င်းရဲ့ အေးဂျင့်ဖြစ်သူ ရီအိုလာက ထုတ်ပြန်လိုက်ပါတယ်။

ရီအိုလာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ နောက်ဆုံး ကစားရမဲ့ ပွဲမတိုင်ခင်မှာ အချိန်ကိုက် ဗုံးဖောက်ခွဲလိုက်သလို ၎င်းရဲ့ ကစားသမားနဲ့ ပတ်သက်ပြီး အသင်းကို သတိပေးလိုက်တာ ဖြစ်ပါတယ်။

28

ရီအိုလာက “ ကွျန်တော်ပြောနိုင်တာက ပေါ့ဘာရဲ့ မန်ချက်စတာယူနိုက်တက်မှာ ရှိနေခဲ့တဲ့ အချိန် ကာလတွေ ကုန်လွန်ခဲ့ပြီ ဆိုတာပါပဲ ” ဆိုပြီး မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီ ပြောင်းရွှေ့ကာလက အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားလို့ ၎င်းရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။

၎င်းဘက်က ကြည့်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးခဲ့ပေမဲ့ လုပ်နိုင်စွမ်းတွေ လျှော့ချခံထားရသလိုဖြစ်နေပေမဲ့ ပြီးခဲ့တဲ့ ဝက်ဟမ်းအသင်းနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါ တယ်။ ဒါကြောင့် ရီအိုလာက ၎င်းရဲ့ ကစားသမားအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ကြီးမားတဲ့ မြားတစ်ချောင်းနဲ့ ပစ်ခွင်းလိုက်တာလည်း ဖြစ်ပါတယ်။

ရီအိုလာရဲ့ တိုတောင်းတဲ့ အတည်ပြုထုတ်ပြန်ချက်က ဆိုးရှားအတွက် တုန်လှုပ်စရာဖြစ်စေခဲ့သလို လက်ရှိအချိန်မှာလည်း ချန်ပီယံလိဂ် အုပ်စုကနေ လွတ်မြောက်ရေးအတွက် ဖိအားတွေ ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်အနေနဲ့ လိုက်ပ်ဇစ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်သလို အနည်းဆုံး သရေရလဒ် ဖြစ်လာမှာသာ ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ အာမခံချက် ရရှိမှာ ဖြစ်ပါတယ်။ ဒါအပြင် လာမဲ့ စနေနေ့မှာလည်း မန်ချက်စတာဒါဘီပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ကစားဖို့ ရှိနေလို့ ရီအိုလာရဲ့ စကားလုံးတွေက ဆိုးရှားအတွက် စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။

ပေါ့ဘာကတော့ မန်ချက်စတာယူနိုက်တက်ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၉ သန်းနဲ့ ရောက်ရှိခဲ့ပေမဲ့ အသင်းကနေ ထွက်ခွာသွားဖို့ ရှက်နေမဲ့သူတစ်ဦးတော့ မဟုတ်ပါဘူး။ ၎င်းက မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားဖြစ်ခဲ့သလိ ဂျူဗင်တပ်စ်ကို ရောက်ရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာကလည်း မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ် ကစားဖို့ဆိုတာ ၎င်းရဲ့ အိပ်မက်တစ်ခု ဖြစ်တယ်လို့ ဆိုထားပါ တယ်။

27

ဆိုးရှားက ပြီးခဲ့တဲ့ နှစ်လလောက်က “ သူက ဒီမှာ နောက်ထပ်နှစ်နှစ်လောက် ကစားသွားဖို့ ကျန်ရှိနေပါ တယ်။ ကွျန်တော်ဘက်ကသေချာပေါက် ပြောနိုင်တာက သူက ကွျန်တော်တို့အတွက် အကောင်းဆုံးပြုလုပ်ပေးဖို့ အာရုံစိုက်နေတယ်ဆိုတာပါပဲ။ ကွျန်တော်တို့ကလည်း ပေါ့ဘာအတွက် အကောင်းဆုံးဖြစ်နေတာကို မြင်လိုတယ်။ နောက်လာမဲ့ နှစ်တွေအတွင်းမှာ ပေါ့ဘာရဲ့ အကောင်းဆုံးခြေစွမ်းတွေထွက်ပေါ်လာမှာကို မြင်လာလိမ့်မယ်လို့ ကွျန်တော့်ဘက်က သေချာပြောရဲပါတယ် ” လို့ ပြောပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္မွာ ရွိခဲ့တဲ့ ေပါ့ဘာရဲ့ အခ်ိန္ေတြဟာ ကုန္လြန္ခဲ့ၿပီျဖစ္ေၾကာင္း ၎ရဲ့ ေအးဂ်င့္ျဖစ္သူ ရီအိုလာ ထုတ္ျပန္

ကြင္းလယ္ကစားသမား ေပါ့ဘာရဲ့ မန္ခ်က္စတာယူနိုက္တက္မွာ ရွိခဲ့တဲ့ အခ်ိန္ကာလေတြဟာ ကုန္လြန္သြားၿပီျဖစ္လို႔ အသင္းကေန ထြက္ခြာသြားဖို႔ ရွိေနေၾကာင္း ၎ရဲ့ ေအးဂ်င့္ျဖစ္သူ ရီအိုလာက ထုတ္ျပန္လိုက္ပါတယ္။
ရီအိုလာဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ ခ်န္ပီယံလိဂ္ပြဲျဖစ္တဲ့ လိုက္ပ္ဇစ္အသင္းနဲ႔ ေနာက္ဆုံး ကစားရမဲ့ ပြဲမတိုင္ခင္မွာ အခ်ိန္ကိုက္ ဗုံးေဖာက္ခြဲလိုက္သလို ၎ရဲ့ ကစားသမားနဲ႔ ပတ္သက္ၿပီး အသင္းကို သတိေပးလိုက္တာ ျဖစ္ပါတယ္။
ရီအိုလာက “ ကြ်န္ေတာ္ေျပာနိုင္တာက ေပါ့ဘာရဲ့ မန္ခ်က္စတာယူနိုက္တက္မွာ ရွိေနခဲ့တဲ့ အခ်ိန္ ကာလေတြ ကုန္လြန္ခဲ့ၿပီ ဆိုတာပါပဲ ” ဆိုၿပီး မီဒီယာေတြကို ေျပာၾကားလိုက္ပါတယ္။ ေပါ့ဘာဟာ ၿပီးခဲ့တဲ့ ေႏြရာသီ ေျပာင္းေရႊ႕ကာလက အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးထားလို႔ ၎ရဲ့ အနာဂတ္ဟာ အသင္းမွာ ဆက္လက္ရွိေနဦးမွာ ျဖစ္ပါတယ္။
၎ဘက္က ၾကည့္မယ္ဆိုရင္ မန္ခ်က္စတာယူနိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့ေပမဲ့ လုပ္နိုင္စြမ္းေတြ ေလၽွာ့ခ်ခံထားရသလိုျဖစ္ေနေပမဲ့ ၿပီးခဲ့တဲ့ ဝက္ဟမ္းအသင္းနဲ႔ပြဲမွာ ပါဝင္ကစားခြင့္ရခဲ့ၿပီး တစ္ဂိုး သြင္းယူနိုင္ခဲ့ပါ တယ္။ ဒါေၾကာင့္ ရီအိုလာက ၎ရဲ့ ကစားသမားအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႀကီးမားတဲ့ ျမားတစ္ေခ်ာင္းနဲ႔ ပစ္ခြင္းလိုက္တာလည္း ျဖစ္ပါတယ္။
ရီအိုလာရဲ့ တိုေတာင္းတဲ့ အတည္ျပဳထုတ္ျပန္ခ်က္က ဆိုးရွားအတြက္ တုန္လႈပ္စရာျဖစ္ေစခဲ့သလို လက္ရွိအခ်ိန္မွာလည္း ခ်န္ပီယံလိဂ္ အုပ္စုကေန လြတ္ေျမာက္ေရးအတြက္ ဖိအားေတြ ရွိေနပါတယ္။ မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ လိုက္ပ္ဇစ္ကြင္းမွာ သြားေရာက္ကစားရမွာ ျဖစ္သလို အနည္းဆုံး သေရရလဒ္ ျဖစ္လာမွာသာ ၁၆ သင္းအဆင့္ကို တက္ေရာက္ဖို႔ အာမခံခ်က္ ရရွိမွာ ျဖစ္ပါတယ္။ ဒါအျပင္ လာမဲ့ စေနေန႔မွာလည္း မန္ခ်က္စတာဒါဘီပြဲအျဖစ္ မန္စီးတီးအသင္းနဲ႔ ကစားဖို႔ ရွိေနလို႔ ရီအိုလာရဲ့ စကားလုံးေတြက ဆိုးရွားအတြက္ စဥ္းစားစရာ ျဖစ္ေစခဲ့ပါတယ္။
ေပါ့ဘာကေတာ့ မန္ခ်က္စတာယူနိုက္တက္ကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၈၉ သန္းနဲ႔ ေရာက္ရွိခဲ့ေပမဲ့ အသင္းကေန ထြက္ခြာသြားဖို႔ ရွက္ေနမဲ့သူတစ္ဦးေတာ့ မဟုတ္ပါဘူး။ ၎က မန္ခ်က္စတာ ယူနိုက္တက္ အကယ္ဒမီထြက္ ကစားသမားျဖစ္ခဲ့သလိ ဂ်ဴဗင္တပ္စ္ကို ေရာက္ရွိခဲ့ၿပီး မန္ခ်က္စတာ ယူနိုက္တက္ကို ျပန္လည္ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာကလည္း မန္ခ်က္စတာ ယူနိုက္တက္ကေန ထြက္ခြာၿပီး ရီးရဲလ္မက္ဒရစ္ ကစားဖို႔ဆိုတာ ၎ရဲ့ အိပ္မက္တစ္ခု ျဖစ္တယ္လို႔ ဆိုထားပါ တယ္။
ဆိုးရွားက ၿပီးခဲ့တဲ့ ႏွစ္လေလာက္က “ သူက ဒီမွာ ေနာက္ထပ္ႏွစ္ႏွစ္ေလာက္ ကစားသြားဖို႔ က်န္ရွိေနပါ တယ္။ ကြ်န္ေတာ္ဘက္ကေသခ်ာေပါက္ ေျပာနိုင္တာက သူက ကြ်န္ေတာ္တို႔အတြက္ အေကာင္းဆုံးျပဳလုပ္ေပးဖို႔ အာ႐ုံစိုက္ေနတယ္ဆိုတာပါပဲ။ ကြ်န္ေတာ္တို႔ကလည္း ေပါ့ဘာအတြက္ အေကာင္းဆုံးျဖစ္ေနတာကို ျမင္လိုတယ္။ ေနာက္လာမဲ့ ႏွစ္ေတြအတြင္းမွာ ေပါ့ဘာရဲ့ အေကာင္းဆုံးေျခစြမ္းေတြထြက္ေပၚလာမွာကို ျမင္လာလိမ့္မယ္လို႔ ကြ်န္ေတာ့္ဘက္က ေသခ်ာေျပာရဲပါတယ္ ” လို႔ ေျပာပါတယ္။