မန်ချက်စတာယူနိုက်တက်အလွန်ဆိုတာမျိုးကို တွေးမထားကြောင်း တိုက်စစ်မှူး ရတ်ဖို့ဒ် ပြောကြား

0
203

 

ezgif-7-cbfa92492bb7-2        မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ ရတ်ဖို့ဒ်က အသင်းကနေ ထွက်ခွာဖို့ဆိုတာ မတွေးထားသလို ကစားသမားဘ၀ကိုလည်း မန်ချက်စတာယူနိုက်တက်မှာ ပြီးဆုံးသွားလိုတယ်လို့ ဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ် ရတ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပြီး အသင်းမှာ အမြန်ဆုံးအောင်မြင်လာတဲ့ ကစားသမားဖြစ်လာပါတယ်။

ရတ်ဖို့ဒ်က “ ကွျန်တော်က ဘယ်တော့မှ မန်ချက်စတာယူနိုက်တက်ရဲ့ အလွန်ဆိုတာကို ကြည့်မနေပါ ဘူး။ ကလေးတစ်ယောက်က မန်ချက်စတာယူနိုက်တက်အလွန်ဆိုတာကို ကြည့်မနေသလိုမျိုးပေါ့လေ။ ကွျန်တော့်ရဲ့ စိတ်ထဲမှာလည်း အခြားအသင်းအင်္ကျီဝတ်ဆင်ကစားသွားချင်တယ်ဆိုတဲ့ စိတ်မျိုးလည်း မနေထိုင် ပါဘူး။ ကွျန်တော်က အကောင်းဆုံးဆိုတာတစ်ခုပဲ ပြုလုပ်လိုတယ်။ ဒီနေရာမှာ ကာလရှည်နေထိုင်သွားဖို့ကိုပဲ မျှော်လင့်ထားတယ် ” လို့ ပြောပါတယ်။

ဆက်လက်ပြီး ရတ်ဖို့ဒ်က ၎င်းရဲ့ မိသားစုနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ထောက်ပံ့ပေးမှုတွေ ပတ်သက်ပြီး ရှင်းပြပါတယ်။ “ ကလေးဘ၀ကတည်းကနေ ယနေ့အချိန်ကာတွေအထိ မန်ချက်စတာ ယူနိုက်တက်က အဖြစ်အပျက်တွေအားလုံးကို အခွင့်အရေးပေးခဲ့ပါတယ်။ ကွျန်တော်က ပြီးခဲ့တဲ့ နှစ်နဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလတစ်ခုထဲကို သတိရနေမှာ မဟုတ်ပါဘူး။ ကွျန်တော်အသက် ခြောက်နှစ်ကနေ ကိုးနှစ် ကာလအတွင်း မန်ချက်စတာယူနိုက်တက် လေ့ကျင့်ရေးကွင်းမှာ စတင် လေ့ကျင့်ခွင့်ရချိန်ကစပြီး လေ့ကျင့်ရေး ကွင်းကို သွားတဲ့အချိန်နဲ့ ပြန်လာချိန်တွေမှာ အသင်းက လူတွေက လုပ်ဆောင်ပေးတယ်။ ကွျန်တော် ၁၁ နှစ်သား ကနေ ၁၆ နှစ်၊ ၁၇ နှစ်အရွယ်မှာ ကွျန်တော့်ရဲ့အမေက ရုန်းကန်ခဲ့ရတယ်။ ဒါကို အသင်းက ညှိနှိုင်းပြီး အဆင်ပြေအောင် ပြုလုပ်ပေးခဲ့တယ်။ ဒါက လူတွေရဲ့ နက်ရှိုင်းတဲ့ တချို့သောအရာတွေိကို မြင်တွေ့ရတာပါ။ လူတွေက အသင်းကြီးမှာ ပါဝင်ခွင့်ရတာကိုပဲ မြင်တွေ့ခဲ့ကြရပါတာ။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တဲ့ အချိန်က အခြားအရာတွေထက်ကြီးမြတ်ခဲ့တယ်။ ဒါက ကွျန်တော့်ရဲ့ ဘောလုံးသမားဘ၀ ဖြတ်သန်းမှု ရဲ့ မမေ့နိုင်စရာဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် သူတို့တွေက ကွျန်တော်ဘောလုံးကစား သမားဖြစ်လာဖို့ အကြောင်းပြချက်တစ်ခုဖြစ်သလို ကွျန်တော် ဘာလဲဆိုတာကို အမြန်ဆုံးပြသခွင့်ရဖို့ အခွင့်အရေးပေးသူတွေ ဖြစ်နေတယ် ” လို့ ပြောပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္အလြန္ဆိုတာမ်ိဳးကို ေတြးမထားေၾကာင္း တိုက္စစ္မႉး ရတ္ဖို႔ဒ္ ေျပာၾကား

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ တိုက္စစ္မႉး ျဖစ္တဲ့ ရတ္ဖို႔ဒ္က အသင္းကေန ထြက္ခြာဖို႔ဆိုတာ မေတြးထားသလို ကစားသမားဘ၀ကိုလည္း မန္ခ်က္စတာယူနိုက္တက္မွာ ၿပီးဆုံးသြားလိုတယ္လို႔ ဆိုပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ရတ္ဖို႔ဒ္က မန္ခ်က္စတာယူနိုက္တက္အကယ္ဒမီထြက္ ကစားသမားတစ္ဦး ျဖစ္ၿပီး အသင္းမွာ အျမန္ဆုံးေအာင္ျမင္လာတဲ့ ကစားသမားျဖစ္လာပါတယ္။
ရတ္ဖို႔ဒ္က “ ကြ်န္ေတာ္က ဘယ္ေတာ့မွ မန္ခ်က္စတာယူနိုက္တက္ရဲ့ အလြန္ဆိုတာကို ၾကည့္မေနပါ ဘူး။ ကေလးတစ္ေယာက္က မန္ခ်က္စတာယူနိုက္တက္အလြန္ဆိုတာကို ၾကည့္မေနသလိုမ်ိဳးေပါ့ေလ။ ကြ်န္ေတာ့္ရဲ့ စိတ္ထဲမွာလည္း အျခားအသင္းအကၤ်ီဝတ္ဆင္ကစားသြားခ်င္တယ္ဆိုတဲ့ စိတ္မ်ိဳးလည္း မေနထိုင္ ပါဘူး။ ကြ်န္ေတာ္က အေကာင္းဆုံးဆိုတာတစ္ခုပဲ ျပဳလုပ္လိုတယ္။ ဒီေနရာမွာ ကာလရွည္ေနထိုင္သြားဖို႔ကိုပဲ ေမၽွာ္လင့္ထားတယ္ ” လို႔ ေျပာပါတယ္။
ဆက္လက္ၿပီး ရတ္ဖို႔ဒ္က ၎ရဲ့ မိသားစုနဲ႔ မန္ခ်က္စတာယူနိုက္တက္ရဲ့ ေထာက္ပံ့ေပးမႈေတြ ပတ္သက္ၿပီး ရွင္းျပပါတယ္။ “ ကေလးဘ၀ကတည္းကေန ယေန႔အခ်ိန္ကာေတြအထိ မန္ခ်က္စတာ ယူနိုက္တက္က အျဖစ္အပ်က္ေတြအားလုံးကို အခြင့္အေရးေပးခဲ့ပါတယ္။ ကြ်န္ေတာ္က ၿပီးခဲ့တဲ့ ႏွစ္နဲ႔ ၿပီးခဲ့တဲ့ ငါးႏွစ္တာ ကာလတစ္ခုထဲကို သတိရေနမွာ မဟုတ္ပါဘူး။ ကြ်န္ေတာ္အသက္ ေျခာက္ႏွစ္ကေန ကိုးႏွစ္ ကာလအတြင္း မန္ခ်က္စတာယူနိုက္တက္ ေလ့က်င့္ေရးကြင္းမွာ စတင္ ေလ့က်င့္ခြင့္ရခ်ိန္ကစၿပီး ေလ့က်င့္ေရး ကြင္းကို သြားတဲ့အခ်ိန္နဲ႔ ျပန္လာခ်ိန္ေတြမွာ အသင္းက လူေတြက လုပ္ေဆာင္ေပးတယ္။ ကြ်န္ေတာ္ ၁၁ ႏွစ္သား ကေန ၁၆ ႏွစ္၊ ၁၇ ႏွစ္အရြယ္မွာ ကြ်န္ေတာ့္ရဲ့အေမက ႐ုန္းကန္ခဲ့ရတယ္။ ဒါကို အသင္းက ညႇိႏွိုင္းၿပီး အဆင္ေျပေအာင္ ျပဳလုပ္ေပးခဲ့တယ္။ ဒါက လူေတြရဲ့ နက္ရွိုင္းတဲ့ တခ်ိဳ႕ေသာအရာေတြိကို ျမင္ေတြ႕ရတာပါ။ လူေတြက အသင္းႀကီးမွာ ပါဝင္ခြင့္ရတာကိုပဲ ျမင္ေတြ႕ခဲ့ၾကရပါတာ။ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ အခ်ိန္က အျခားအရာေတြထက္ႀကီးျမတ္ခဲ့တယ္။ ဒါက ကြ်န္ေတာ့္ရဲ့ ေဘာလုံးသမားဘ၀ ျဖတ္သန္းမႈ ရဲ့ မေမ့နိုင္စရာျဖစ္ေနပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုရင္ သူတို႔ေတြက ကြ်န္ေတာ္ေဘာလုံးကစား သမားျဖစ္လာဖို႔ အေၾကာင္းျပခ်က္တစ္ခုျဖစ္သလို ကြ်န္ေတာ္ ဘာလဲဆိုတာကို အျမန္ဆုံးျပသခြင့္ရဖို႔ အခြင့္အေရးေပးသူေတြ ျဖစ္ေနတယ္ ” လို႔ ေျပာပါတယ္။