မန်စီးတီးအတွက် ဆိုးရွားတဲ့ခရစ္စမတ်ဖြစ်ခဲ့တဲ့ ညတစ်ည

0
771

SBOTOP NOV

၂၀၂၀ ခုနှစ် ခရစ္စမတ်ကာလမှာ လူတိုင်းလိုလို Stay Home နေရင်း ကိုယ့်မိသားစုနဲ့အတူ ကိုယ်ပျော်ရွှင်နိုင်ကြ ပေမဲ့ မန်စီးတီးအသင်းကတော့ မပျော်ရွှင်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ မန်စီးတီးကစားသမား ၂ ဦးဖြစ်တဲ့ ဂါဘရီရယ်ဂျီးဆပ်နဲ့ ကိုင်လီဝေါ်လ်ကာတို့အပြင် တခြားဝန်ထမ်း ၂ ဦးကပါ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုမှာ positive ဖြစ်ခဲ့တာကြောင့်ပါပဲ။

တိုက်စစ်မှူး ဂျီးဆပ်ဟာ အာဆင်နယ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းပေးနိုင်ခဲ့သူဖြစ်ပြီး အဲဒီပွဲမှာ နောက်ခံလူ ကိုင်လီဝေါ်လ်ကာကလည်း လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါသေးတယ်။ အခုတော့ ဒီကစားသမားနှစ်ယောက်ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် နယူးကာဆယ်နဲ့ ကစားရမယ့် ဘောက်ဆင်ဒေးပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပြီး တစ်ဦးတည်း သီးခြားခွဲနေထိုင်စောင့်ကြည့်ခံနေရတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အဲဒီနောက် ၂ ရက်အကြာမှာ အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နေ့မှာလည်း ချဲလ်ဆီးအသင်းကွင်းကို သွားရောက်ကစားရဦးမှာဖြစ်ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၆ ရက်နေ့မှာလည်း ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် မန်ချက်စတာဒါဘီပွဲစဉ် ကစားရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဂျီးဆပ်နဲ့ ကိုင်လီဝေါ်လ်ကာတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတဲ့အကြောင်းကို အသင်းပိုင်ဝက်ဘ်ဆိုက်ကနေ အတည်ပြုထုတ်ပြန်ကြေညာပေးသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

မန္စီးတီးအတြက္ ဆိုးရြားတဲ့ခရစၥမတ္ျဖစ္ခဲ့တဲ့ ညတစ္ည

၂၀၂၀ ခုႏွစ္ ခရစၥမတ္ကာလမွာ လူတိုင္းလိုလို Stay Home ေနရင္း ကိုယ့္မိသားစုနဲ႔အတူ ကိုယ္ေပ်ာ္ရႊင္ႏုိင္ၾက ေပမဲ့ မန္စီးတီးအသင္းကေတာ့ မေပ်ာ္ရႊင္ႏိုင္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ မန္စီးတီးကစားသမား ၂ ဦးျဖစ္တဲ့ ဂါဘရီရယ္ဂ်ီးဆပ္နဲ႔ ကိုင္လီေ၀ၚလ္ကာတို႔အျပင္ တျခား၀န္ထမ္း ၂ ဦးကပါ ကိုရိုနာဗုိင္းရပ္စ္စစ္ေဆးမႈမွာ positive ျဖစ္ခဲ့တာေၾကာင့္ပါပဲ။

တိုက္စစ္မွဴး ဂ်ီးဆပ္ဟာ အာဆင္နယ္အသင္းကို ၄-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္မွာ အသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းေပးႏုိင္ခဲ့သူျဖစ္ၿပီး အဲဒီပြဲမွာ ေနာက္ခံလူ ကိုင္လီေ၀ၚလ္ကာကလည္း လူစား၀င္ ကစားသမားအျဖစ္ ပါ၀င္ကစားခဲ့ပါေသးတယ္။ အခုေတာ့ ဒီကစားသမားႏွစ္ေယာက္ဟာ ကိုရိုနာ ဗုိင္းရပ္စ္ေၾကာင့္ နယူးကာဆယ္နဲ႔ ကစားရမယ့္ ေဘာက္ဆင္ေဒးပြဲစဥ္ကို လြဲေခ်ာ္ရေတာ့မွာျဖစ္ၿပီး တစ္ဦးတည္း သီးျခားခြဲေနထိုင္ေစာင့္ၾကည့္ခံေနရတာလည္းျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ အဲဒီေနာက္ ၂ ရက္အၾကာမွာ အဲဗာတန္အသင္းနဲ႔ ရင္ဆုိင္ရဦးမွာျဖစ္ၿပီး ဇန္န၀ါရီ ၃ ရက္ေန႔မွာလည္း ခ်ဲလ္ဆီးအသင္းကြင္းကို သြားေရာက္ကစားရဦးမွာျဖစ္ပါတယ္။ အဲဒီေနာက္ ဇန္န၀ါရီ ၆ ရက္ေန႔မွာလည္း ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲအျဖစ္ မန္ခ်က္စတာဒါဘီပြဲစဥ္ ကစားရမွာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ဂ်ီးဆပ္နဲ႔ ကိုင္လီေ၀ၚလ္ကာတို႔ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရတယ္ဆိုတဲ့အေၾကာင္းကို အသင္းပိုင္၀က္ဘ္ဆိုက္ကေန အတည္ျပဳထုတ္ျပန္ေၾကညာေပးသြားခဲ့ပါတယ္။