မန်ယူအတွက် ဂိုး ၅၀ ပြည့်ခဲ့တဲ့ ရပ်ဖို့ဒ်ကို ချီးကျူးလိုက်တဲ့ ဆိုးလ်ရှား

0
202

SBOTOP NOV

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းအတွက် သွင်းဂိုး ၅၀ ပြည့်မြောက်အောင် သွင်းပေးနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး ရပ်ဖို့ဒ်ကို ချီးမွမ်းခန်းဖွင့်လိုက်တယ်လို့ သိရပါတယ်။ ရပ်ဖို့ဒ်ဟာ စနေနေ့က လက်စတာနဲ့ ၂-၂ ဂိုး သရေကျတဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီးနောက် မန်ယူအတွက် သွင်းဂိုး ၅၀ ပြည့်မိုင်တိုင်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်နဲ့ ၅၆ ရက်အရွယ် ရပ်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်တဲ့အထဲမှာ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါ တယ်။ သူ့ရှေ့မှာတော့ ရွန်နေး(အသက် ၂၂ နှစ် ၁၅၇ ရက်)၊ ရော်နယ်ဒို(အသက် ၂၂ နှစ် ၃၄၁ ရက်)တို့သာ ရှိပါတယ်။

ဒါကြောင့် ဆိုးလ်ရှားက “ ရပ်ဖို့ဒ်က ကစားသမားတစ်ယောက်အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ တကယ့်ကို ထူးချွန်ပြောင်မြောက်သူဖြစ်ပါတယ်။ ရပ်ဖို့ဒ်ကို လူသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ အရမ်းကို ဂုဏ်ယူရပါတယ်။ ဒီလို ကစားသမားမျိုးမှာ အချက်အလက်တွေ အများကြီး ရှိနိုင်ပါတယ်။ သူ့ရဲ့ အရည်အသွေး အရ ဒီနေ့မှာ သူဟာ ပြိုင်ဘက်အသင်းကို အမြဲတမ်းခြိမ်းခြောက်နိုင်ပြီး အခွင့်အရေးတွေလည်း အများကြီး ဖန်တီး ပေးနိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ စွမ်းဆောင်မှုအတွက် ကျွန်တော် အရမ်းကို ကျေနပ်ရပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

မန္ယူအတြက္ ဂိုး ၅၀ ျပည့္ခဲ့တဲ့ ရပ္ဖို႔ဒ္ကို ခ်ီးက်ဴးလိုက္တဲ့ ဆိုးလ္ရွား

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားဟာ အသင္းအတြက္ သြင္းဂိုး ၅၀ ျပည့္ေျမာက္ေအာင္ သြင္းေပးႏုိင္ခဲ့တဲ့ လူငယ္တိုက္စစ္မွဴး ရပ္ဖို႔ဒ္ကို ခ်ီးမြမ္းခန္းဖြင့္လိုက္တယ္လို႔ သိရပါတယ္။ ရပ္ဖို႔ဒ္ဟာ စေနေန႔က လက္စတာနဲ႔ ၂-၂ ဂိုး သေရက်တဲ့ပြဲမွာ ဂိုးသြင္းခဲ့ၿပီးေနာက္ မန္ယူအတြက္ သြင္းဂိုး ၅၀ ျပည့္မိုင္တိုင္ကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္နဲ႔ ၅၆ ရက္အရြယ္ ရပ္ဖို႔ဒ္ဟာ မန္ယူအသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုး ၅၀ ျပည့္ေျမာက္တဲ့အထဲမွာ တတိယေျမာက္ အသက္အငယ္ဆုံး ကစားသမားအျဖစ္လည္း မွတ္တမ္း၀င္လာခဲ့ပါ တယ္။ သူ႕ေရွ႕မွာေတာ့ ရြန္ေနး(အသက္ ၂၂ ႏွစ္ ၁၅၇ ရက္)၊ ေရာ္နယ္ဒို(အသက္ ၂၂ ႏွစ္ ၃၄၁ ရက္)တို႔သာ ရွိပါတယ္။

ဒါေၾကာင့္ ဆိုးလ္ရွားက “ ရပ္ဖို႔ဒ္က ကစားသမားတစ္ေယာက္အေနနဲ႔ေရာ လူပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ပါ တကယ့္ကို ထူးခၽြန္ေျပာင္ေျမာက္သူျဖစ္ပါတယ္။ ရပ္ဖို႔ဒ္ကို လူသားတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္တို႔ အရမ္းကို ဂုဏ္ယူရပါတယ္။ ဒီလို ကစားသမားမ်ဳိးမွာ အခ်က္အလက္ေတြ အမ်ားႀကီး ရွိႏိုင္ပါတယ္။ သူ႕ရဲ႕ အရည္အေသြး အရ ဒီေန႔မွာ သူဟာ ၿပိဳင္ဘက္အသင္းကို အၿမဲတမ္းၿခိမ္းေျခာက္ႏုိင္ၿပီး အခြင့္အေရးေတြလည္း အမ်ားႀကီး ဖန္တီး ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ သူ႕ရဲ႕ စြမ္းေဆာင္မႈအတြက္ ကၽြန္ေတာ္ အရမ္းကို ေက်နပ္ရပါတယ္” လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့ပါတယ္။