မန်ယူအသင်း ဒီရာသီချန်ပီယံဖြစ်နိုင်တယ်လို့ ကြုံးဝါးလိုက်တဲ့ ဆိုးလ်ရှား

0
166

SBOTOP NOV

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဒီရာသီမှာ သူတို့အသင်းအနေနဲ့ ချန်ပီယံဖြစ်နိုင်တယ်လို့ ထုတ်ဖော် ကြုံးဝါး လိုက်ပါတယ်။ ဆိုးလ်ရှားဟာ ဒီည ကစားရမယ့် မန်စီးတီးအသင်းနဲ့ပွဲအတွက် ဖိအားတွေများနေရသူဖြစ်ပေမဲ့ ပွဲမတိုင်ခင်မှာ စိတ်ဓာတ်စစ်ဆင်ရေးစကား ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ဒီရာသီ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက စပါးအသင်းနဲ့ ၅ မှတ်အထိ ကွာဟနေပါတယ်။

မန်ယူအသင်းဟာ မန်ချက်စတာဒါဘီပြိုင်ဘက် မန်စီးတီးအသင်းကို ၂၀ဝ၈ ခုနှစ်ကနေ ၂၀၁၀ အတွင်း ၄ ပွဲဆက် နိုင်ပြီးနောက် အခု ၃ ပွဲဆက် ထပ်နိုင်ဖို့အရေး မျှော်မှန်းနေတာလည်းဖြစ်ပါတယ်။ အဲဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက သူတို့အသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ်လို့ ထုတ်ဖော် ကြုံးဝါးလိုက်တာဖြစ်ပါတယ်။

ဆိုးလ်ရှားက “ မန်ယူအသင်းဆိုတာက အမြဲတမ်းလို ဆုဖလားရဖို့ ရည်ရွယ်နေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ ရာသီလုံးမှာတော့ သူတို့တွေ ကျွန်တော်တို့ထက် သာလွန်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါဘီပြိုင်ဘက် နှစ်သင်းကြား ကွာဟမှုက အတော်လေး ကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ကျွန်တော်တို့အသင်းကို ကျွန်တော် ယုံကြည်မှုရှိနေပြီး တိုးတက်လာတယ်လို့လည်း ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ တိုးတက်ဖို့လိုအပ်တယ်ဆိုတာ မှန်ပေမဲ့ ဒီရာသီမှာတော့ ကျွန်တော်တို့အသင်း ချန်ပီယံဆုဖလားရယူပြီး အဆုံးသတ်နိုင်ခြေရှိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ကင်းဝေးနေခဲ့ရတာဖြစ်ပါတယ်။

SBOTOP NOV

(zawgyi)

မန္ယူအသင္း ဒီရာသီခ်န္ပီယံျဖစ္ႏုိင္တယ္လို႔ ႀကဳံး၀ါးလိုက္တဲ့ ဆိုးလ္ရွား

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ဒီရာသီမွာ သူတို႔အသင္းအေနနဲ႔ ခ်န္ပီယံျဖစ္ႏုိင္တယ္လို႔ ထုတ္ေဖာ္ ႀကဳံး၀ါး လိုက္ပါတယ္။ ဆိုးလ္ရွားဟာ ဒီည ကစားရမယ့္ မန္စီးတီးအသင္းနဲ႔ပြဲအတြက္ ဖိအားေတြမ်ားေနရသူျဖစ္ေပမဲ့ ပြဲမတိုင္ခင္မွာ စိတ္ဓာတ္စစ္ဆင္ေရးစကား ေျပာၾကားလိုက္တာလည္းျဖစ္ပါတယ္။ ဆိုးလ္ရွားရဲ႕ မန္ယူအသင္းဟာ ဒီရာသီ အမွတ္ေပးဇယား အဆင့္ ၇ ေနရာမွာ ရပ္တည္ေနၿပီး ထိပ္ဆုံးက စပါးအသင္းနဲ႔ ၅ မွတ္အထိ ကြာဟေနပါတယ္။

မန္ယူအသင္းဟာ မန္ခ်က္စတာဒါဘီၿပိဳင္ဘက္ မန္စီးတီးအသင္းကို ၂၀၀၈ ခုႏွစ္ကေန ၂၀၁၀ အတြင္း ၄ ပြဲဆက္ ႏိုင္ၿပီးေနာက္ အခု ၃ ပြဲဆက္ ထပ္ႏုိင္ဖို႔အေရး ေမွ်ာ္မွန္းေနတာလည္းျဖစ္ပါတယ္။ အဲဒီပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ဆုိးလ္ရွားက သူတို႔အသင္းအေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏုိင္တယ္လို႔ ထုတ္ေဖာ္ ႀကဳံး၀ါးလိုက္တာျဖစ္ပါတယ္။

ဆိုးလ္ရွားက “ မန္ယူအသင္းဆိုတာက အၿမဲတမ္းလို ဆုဖလားရဖို႔ ရည္ရြယ္ေနတဲ့အသင္းတစ္သင္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၃ ရာသီလုံးမွာေတာ့ သူတုိ႔ေတြ ကၽြန္ေတာ္တုိ႔ထက္ သာလြန္ခဲ့တယ္ဆုိတာ မွန္ပါတယ္။ ဒါဘီၿပိဳင္ဘက္ ႏွစ္သင္းၾကား ကြာဟမႈက အေတာ္ေလး ႀကီးမားခဲ့ပါတယ္။ ဒါေပမဲ့ ဒီရာသီမွာေတာ့ ကၽြန္ေတာ္တို႔အသင္းကို ကၽြန္ေတာ္ ယုံၾကည္မႈရွိေနၿပီး တိုးတက္လာတယ္လို႔လည္း ထင္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ကၽြန္ေတာ္တို႔ တုိးတက္ဖို႔လိုအပ္တယ္ဆိုတာ မွန္ေပမဲ့ ဒီရာသီမွာေတာ့ ကၽြန္ေတာ္တို႔အသင္း ခ်န္ပီယံဆုဖလားရယူၿပီး အဆုံးသတ္ႏုိင္ေျခရွိပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းကတည္းက ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ ကင္းေ၀းေနခဲ့ရတာျဖစ္ပါတယ္။