ယူနီယမ် ဘာလင်ကွင်းမှာ ဒေါ့မွန်ဂိုးပြတ်အနိုင်ရဖို့ မလွယ်ကူဘဲ အနိုင်ရဖို့ ၅၀% လောက်ပဲ ရှိတယ်

0
341

 

SBOTop Dec       ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၃ အဖြစ် ယူနီယမ် ဘာလင်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ ယူနီယမ် ဘာလင်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၉-၁၂-၂၀၂၀ ရက် စနေနေ့ နံနက် ၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ယူနီယမ်ဘာလင် အသင်းက ဘွန်ဒက်စ်လီဂါ ၁၂ ပွဲကစားအပြီး ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေပြီး ဒေါ့မွန်အသင်းက ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၄ နေရာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးငါးကြိမ်

ဒေါ့မွန် ၅ – ၀ ယူနီယမ် ဘာလင်(ဘွန်ဒက်စ်လီဂါ)

ယူနီယမ် ဘာလင် ၃ – ၁ ဒေါ့မွန်(ဘွန်ဒက်စ်လီဂါ)

ဒေါ့မွန် ၃ – ၂ ယူနီယမ် ဘာလင်(ပိုကယ်လ်ဖလား)

ဒေါ့မွန် ၁ – ၁ ယူနီယမ် ဘာလင်(ပိုကယ်လ်ဖလား)

ယူနီယမ် ဘာလင် ၁ – ၃ ဒေါ့မွန်(ခြေစမ်းပွဲ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ယူနီယမ် ဘာလင်အသင်းက နှစ်ပွဲနိုင် သုံးပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ဒေါ့မွန်အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ဒေါ့မွန်အသင်းက ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲ နောက်ဆုံး ၁၂ ပွဲကစားအပြီး ၁၀ ပွဲ အနိုင်ရထားပါတယ်။ ယူနီယမ် ဘာလင်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ခုနစ်ပွဲကစားအပြီး ခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထား နိုင်ပါတယ်။ ဒေါ့မွန်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။ ယူနီယမ် ဘာလင်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၁၁ ပွဲကစား အပြီး ၁၀ ပွဲက ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

ယူနီယမ် ဘာလင်အသင်းမှာ ပိုဂျန်ပါလို၊ ရှာလိုသာဘက်၊ ခရူးနဲ့ လီဂျန်တို့က ဒဏ်ရာရနေပြီး အမ်ဒရစ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒေါ့မွန်အသင်းမှာ ရှမိုက်ဇာနဲ့ ဟာလန်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် ယူနီယမ် ဘာလင်အသင်းက အနိုင်ရဖို့ ၃၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ ဒေါ့မွန်အနိုင်ရဖို့ ၅၀% ရှိနေပါတယ်။ ယူနီယမ် ဘာလင်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးထားလို့ အိမ်ကွင်းမှာ ဒေါ့မွန်ကိုဖိအားပေး ကစားသွားနိုင်ပါတယ်။

Zawgyi

