ရလဒ်ပိုင်း ကျဆင်းနေတဲ့ ရှက်ဖီးလ်ကွင်းမှာ မန်ချက်စတာယူနိုက်တက် ဂိုးပြတ်အနိုင်ရဖို့ ခက်ခဲစေလိမ့်မယ်

0
531

 

SBOTop Dec        ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ အဖြစ် ရှက်ဖီးလ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ရှက်ဖီးလ် ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၈-၁၂-၂၀၂၀ ရက် သောကြာနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ရှက်ဖီးလ်အသင်းက ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားအပြီး ရမှတ် ၁ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရှိနေပြီး မန်ချက်စတာယူနိုက်တက်က တစ်ပွဲကျန် ၁၁ ပွဲကစားအပြီး ရမှတ် ၂၀ နဲ့ အဆင့် ၉ နေရာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ငါးကြိမ်

မန်ချက်စတာယူနိုက်တက် ၃ – ၀ ရှက်ဖီးလ်(ပရီးမီးယားလိဂ်)

ရှက်ဖီးလ် ၃ – ၃ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၁ – ၀ ရှက်ဖီးလ်(အက်ဖ်အေဖလား)

မန်ချက်စတာယူနိုက်တက် ၂ – ၀ ရှက်ဖီးလ်(ပရီးမီးယားလိဂ်)

ရှက်ဖီးလ် ၁ – ၂ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ရှက်ဖီးလ်က ခြောက်ပွဲဆက် ရှုံးပွဲတွေ့ထားပြီး မန်ချက်စတာယူနိုက်တက် သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ကိုးပွဲဆက် အနိုင်ရထားပါတယ်။ ရှက်ဖီးလ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ခုနစ်ပွဲဆက် ရှုံးပွဲဖြစ်ပေါ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး သုံးပွဲမှာ သွင်းဂိုး အနည်းဆုံး သုံးဂိုးသွင်းယူထားနိုင်ပါတယ်။ ရှက်ဖီးလ်အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး သုံးပွဲမှာ ပေးဂိုး တစ်ဂိုးပေးရပြီး ရှုံးခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ရှက်ဖီးလ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲမှာ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ရှက်ဖီးလ်အသင်းက ပရီးမီးယားလိဂ်ရဲ့ ယခုနှစ် ဘောလုံးရာသီ ၁၂ ပွဲမှာ ၁၁ ပွဲအထိ ရှုံးထားပြီး ၁၂ ပွဲကစားအပြီးမှာ နိုင်ပွဲတစ်ပွဲမှ မရရှိသေးတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။

ရှက်ဖီးလ်အသင်းမှာ ဂျက် အိုကွန်မဲလ်က ဒဏ်ရာရနေပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ရိုဂျိုက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၈၀% ရှိနေပြီး ရှက်ဖီးလ် အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဂိုးရလဒ်က ၁-၂ လောက်နဲ့ ပြီးဆုံးသွားနိုင်ပါတယ်။

Zawgyi

