ရှက်ဖီးကွင်းမှာ အဲဗာတန် အနိုင်ရဖို့ ၈၀% အထိ ရှိတယ်

0
311

 

SBOTop Dec           ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် ရှက်ဖီးအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ရှက်ဖီးရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၇-၁၂-၂၀၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ရှက်ဖီးအသင်းက ပရီးမီးယားလိဂ် ၁၄ ပွဲကစားအပြီး ရမှတ် ၂ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရှိနေပြီး အဲဗာတန်အသင်းက ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ငါးကြိမ်

ရှက်ဖီး ၀ – ၁ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၀ – ၂ ရှက်ဖီး(ပရီးမီးယားလိဂ်)

အဲဗာတန် ၃ – ၁ ရှက်ဖီး(လိဂ်ဖလား)

ရှက်ဖီး ၁ – ၁ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၂ – ၀ ရှက်ဖီး(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ရှက်ဖီးအသင်းက တစ်ပွဲသရေ ငါးပွဲရှုံးထားပြီး အဲဗာတန်အသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ရှက်ဖီးအသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၁၇ ပွဲ နိုင်ပွဲပျောက်ဆုံးနေပြီး အဲဗာတန်က ပရီးမီးယားလိဂ်နောက်ဆုံး သုံးပွဲဆက် အနိုင်ရထားပါတယ်။ ရှက်ဖီး အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံးလေးပွဲမှာ ပေးဂိုးတစ်ဂိုးနဲ့သာ ရှုံးပွဲတွေ့ထားပါတယ်။ အဲဗာတန်အသင်းဟာ ခရစ္စမတ်ကာလအတွင်း ထိပ်တန်းလေးသင်း စာရင်းကို ၁၆ နှစ်အတွင်း ပထမဆုံး ရပ်တည်နိုင်တာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ဘောင်စင်ဒေးမှာ ကစားရတဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ခုနစ်ပွဲမှာ ရှုံးပွဲ မရှိဖြစ်ပေါ်ထားပြီး လေးပွဲနိုင် သုံးပွဲသရေ ဖြစ်ထားပါတယ်။

ရှက်ဖီးအသင်းမှာ အိုကိုမဲလ်၊ ဘာဂျီနဲ့ ဘာရန်တို့က ဒဏ်ရာရနေပြီး လန်စတန်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အဲဗာတန်အသင်းမှာ ဒီဂျင်း၊ ဒီလက်၊ ဂါဘာမင်နဲ့ အယ်လန်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အဲဗာတန်အသင်းက အဝေးကွင်းမှာ အနိုင်ရဖို့ ၈၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% ရှိနေပါတယ်။ အဲဗာတန်တိုက်စစ်မှူး ကယ်ဗက် လီဝင်က သွင်းဂိုး ၁၁ ဂိုးသွင်းယူထားနိုင်လို့ နောက်ထပ်ဂိုးတွေ သွင်းယူသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Zawgyi

