လက်စတာနဲ့ ဆုံတိုင်းရလဒ်ကောင်းနေတဲ့ အဝေးကွင်းမှာ ခြေစွမ်းပြ မန်ချက်စတာယူနိုက်တက်က ပရိသတ်အတွက် ပျော်ရွှင်စရာအလုံးစုံဖြစ်စေမှာပါ

0
359

 

SBOTop Dec          ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် လက်စတာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ လက်စတာရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၆-၁၂-၂၀၂၀ ရက် စနေနေ့ည ၇း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လက်စတာအသင်းက ပရီးမီးယားလိဂ် ၁၄ ပွဲကစားအပြီး ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး မန်ချက်စတာယူနိုက်တက်က ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လက်စတာ ၀ – ၂ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၁ – ၀ လက်စတာ(ပရီးမီးယားလိဂ်)

လက်စတာ ၀ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၂ – ၁ လက်စတာ(ပရီးမီးယားလိဂ်)

လက်စတာ ၂ – ၂ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၂ – ၀ လက်စတာ(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး လက်စတာက လေးပွဲနိုင် နှစ်ပွဲရှုံးထားပြီး မန်ချက်စတာ ယူနိုက်တက်က လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ လက်စတာအသင်းက အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ ၁၄ ပွဲတွေ့ဆုံခဲ့ချိန်မှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး လေးပွဲသရေ ကိုးပွဲ ရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ၁၀ ပွဲဆက် အနိုင်ရထားပါတယ်။ လက်စတာအသင်းက မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ၁၉ ပွဲ အထိ ရှုံးပွဲတွေ့ ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ခြောက်ပွဲမှာ အနည်းဆုံး သွင်းဂိုး သုံးဂိုး သွင်းယူထားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်က လက်စတာနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲ တွေ့ဆုံခဲ့အပြီး ငါးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ လက်စတာအသင်းဟာ ၂၀၁၄ ခုနှစ်က ပရီးမီးယားလိဂ် တန်းတက်လာခဲ့ပြီးနောက် ဘောင်စင်ဒေးမှာ ကစားရတဲ့ ပွဲစဉ် ခြောက်ပွဲမှာ ငါးပွဲ ရှုံးထားပါတယ်။ လက်စတာတိုက်စစ်မှူး ဗာဒီက ဘောင်စင်မှာ ကစားခဲ့တဲ့ ပွဲစဉ် ခြောက်ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

လက်စတာအသင်းမှာ အမာတေနဲ့ ပါရီအာတို့က ဒဏ်ရာရနေပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ရိုဂျိုက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လက်စတာအသင်းက အနိုင်ရဖို့ ၃၀% လောက်ပဲ ရှိနေပြီး မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၇၀% ရှိနေပါတယ်။

Zawgyi

လက္စတာနဲ႔ ဆုံတိုင္းရလဒ္ေကာင္းေနတဲ့ အေဝးကြင္းမွာ ေျခစြမ္းၿပ မန္ခ်က္စတာယူနိုက္တက္က ပရိသတ္အတြက္ ေပ်ာ္ရႊင္စရာအလုံးစုံျဖစ္ေစမွာပါ

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၅ အျဖစ္ လက္စတာအသင္းနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ဟာ လက္စတာရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၆-၁၂-၂၀၂၀ ရက္ စေနေန႔ည ၇း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ လက္စတာအသင္းက ပရီးမီးယားလိဂ္ ၁၄ ပြဲကစားအၿပီး ရမွတ္ ၂၇ မွတ္နဲ႔ အဆင့္ ၂ ေနရာမွာ ရွိေနၿပီး မန္ခ်က္စတာယူနိုက္တက္က ရမွတ္ ၂၆ မွတ္နဲ႔ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လက္စတာ ၀ – ၂ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၁ – ၀ လက္စတာ(ပရီးမီးယားလိဂ္)
လက္စတာ ၀ – ၁ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၂ – ၁ လက္စတာ(ပရီးမီးယားလိဂ္)
လက္စတာ ၂ – ၂ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၂ – ၀ လက္စတာ(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး လက္စတာက ေလးပြဲနိုင္ ႏွစ္ပြဲရႈံးထားၿပီး မန္ခ်က္စတာ ယူနိုက္တက္က ေလးပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။ လက္စတာအသင္းက အိမ္ကြင္းမွာ မန္ခ်က္စတာယူနိုက္တက္နဲ႔ ၁၄ ပြဲေတြ႕ဆုံခဲ့ခ်ိန္မွာ တစ္ပြဲသာ အနိုင္ရခဲ့ၿပီး ေလးပြဲသေရ ကိုးပြဲ ရႈံးထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ၁၀ ပြဲဆက္ အနိုင္ရထားပါတယ္။ လက္စတာအသင္းက မန္ခ်က္စတာယူနိုက္တက္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲေတြမွာ ၁၉ ပြဲ အထိ ရႈံးပြဲေတြ႕ ထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ေျခာက္ပြဲမွာ အနည္းဆုံး သြင္းဂိုး သုံးဂိုး သြင္းယူထားနိုင္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က လက္စတာနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ခုနစ္ပြဲ ေတြ႕ဆုံခဲ့အၿပီး ငါးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားပါတယ္။ လက္စတာအသင္းဟာ ၂၀၁၄ ခုႏွစ္က ပရီးမီးယားလိဂ္ တန္းတက္လာခဲ့ၿပီးေနာက္ ေဘာင္စင္ေဒးမွာ ကစားရတဲ့ ပြဲစဥ္ ေျခာက္ပြဲမွာ ငါးပြဲ ရႈံးထားပါတယ္။ လက္စတာတိုက္စစ္မႉး ဗာဒီက ေဘာင္စင္မွာ ကစားခဲ့တဲ့ ပြဲစဥ္ ေျခာက္ပြဲမွာ ဂိုးသြင္းယူနိုင္ျခင္း မရွိခဲ့ပါဘူး။
လက္စတာအသင္းမွာ အမာေတနဲ႔ ပါရီအာတို႔က ဒဏ္ရာရေနၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ရိုဂ်ိဳက ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က လက္စတာအသင္းက အနိုင္ရဖို႔ ၃၀% ေလာက္ပဲ ရွိေနၿပီး မန္ခ်က္စတာယူနိုက္တက္က အနိုင္ရဖို႔ ၇၀% ရွိေနပါတယ္။