လက်ရှိခြေစွမ်းပိုင်းအရ အိမ်ရှင် လီဗာပူးလ်ကပဲ ဝက်ဘရွန်းကို ဂိုးပြတ်အနိုင်ယူသွားမှာပါ

0
299

 

SBOTop Dec         ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် လီဗာပူးလ်အသင်းနဲ့ ဝက်ဘရွန်းအသင်းတို့ဟာ လီဗာပူးလ်ရဲ့ အိမ်ကွင်း ပွဲအဖြစ် ၂၇-၁၂-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၁၁း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းက ပရီးမီးယားလိဂ် ၁၄ ပွဲကစားအပြီး ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရှိနေပြီး ဝက်ဘရွန်းအသင်းက ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဝက်ဘရွန်း ၂ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၂ – ၃ ဝက်ဘရွန်း(အက်ဖ်အေဖလား)

လီဗာပူးလ် ၀ – ၀ ဝက်ဘရွန်း(ပရီးမီးယားလိဂ်)

ဝက်ဘရွန်း ၀ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၂ – ၁ ဝက်ဘရွန်း(ပရီးမီးယားလိဂ်)

ဝက်ဘရွန်း ၁ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လီဗာပူးလ်က လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပြီး ဝက်ဘရွန်းက တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ လေးပွဲရှုံးထားပါတယ်။ လီဗာပူးလ်က ဝက်ဘရွန်းအသင်းနဲ့ ၁၃ ကြိမ် တွေ့ဆုံအပြီး လေးပွဲနိုင် ခြောက်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ၄၅ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ရှစ်ပွဲမှာ သွင်းဂိုးအနည်းဆုံး နှစ်ဂိုး သွင်းယူထားပါတယ်။ ဝက်ဘရွန်းက ပရီးမီးယားလိဂ် နောက်ဆုံး ၁၄ ပွဲ ကစားအပြီး ၁၃ ပွဲမှာ အနိုင်ရရှိခြင်း မရှိခဲ့ပါဘူး။ လီဗာပူးလ်က အိမ်ကွင်းမှာ ဝက်ဘရွန်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံး ခြောက်ပွဲ ကစားအပြီး ငါးပွဲမှာ သွင်းဂိုးအနည်းဆုံး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ လီဗာပူးလ်က ဝက်ဘရွန်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၁ ပွဲမှာ ၁၀ ပွဲက ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါ တယ်။

လီဗာပူးလ်အသင်းမှာ တက်စီမီကပ်၊ ဗန်ဒိုက်၊ ဂျိုတာ၊ ရှာကွီရီ၊ မီနာနဲ့ ဂိုမက်ဇ်တို့က ဒဏ်ရာရနေပြီး ဝက်ဘရွန်းအသင်းမှာ တောင်ဆန်က ဒဏ်ရာရနေပြီး လီဗာမိုးက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါ ဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် လီဗာပူးလ်က အနိုင်ရဖို့ ၇၀% ရှိနေပြီး ဝက်ဘရွန်းအနိုင်ရဖို့ ၂၀% နဲ့ သရေဖြစ်ဖို့ ၁၀% ရှိနေပါတယ်။

Zawgyi

