လာဇီယိုနဲ့ မကျေပွဲ ပြန်ကစားရမှာဖြစ်လို့ အိမ်ရှင် ဒေါ့မွန်က အနိုင်ရလဒ်အတွက် ၇၀% ရှိတယ်

0
386

 

SBOTop Dec          ချန်ပီယံလိဂ် အုပ်စု(F) ရဲ့ အုပ်စုပွဲစဉ် ၅ အဖြစ် ဒေါ့မွန်အသင်းနဲ့ လာဇီယိုအသင်းတို့ဟာ ဒေါ့မွန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၃-၁၂-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဒေါ့မွန် အသင်းက အုပ်စုပွဲ ၄ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပြီး လာဇီယိုအသင်းက ရမှတ် ၈ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးနှစ်ကြိမ်

လာဇီယို ၃ – ၁ ဒေါ့မွန်(ချန်ပီယံလိဂ်)

ဒေါ့မွန် ၁ – ၀ လာဇီယို(ခြေစမ်းပွဲ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဒေါ့မွန်အသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးထားပြီး လာဇီယို အသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ ဒေါ့မွန်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး သုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပြီး သုံးပွဲဆက် အနိုင်ရထားပါတယ်။ ဒေါ့မွန်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး သုံးပွဲမှာ သွင်းဂိုး အနည်းဆုံး နှစ်ဂိုးသွင်းယူထားနိုင်သလို လာဇီယိုက ယခုနှစ် ချန်ပီယံလိဂ်မှာ လေးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

ဒေါ့မွန်အသင်းမှာ ရှ်မိုက်ဇာနဲ့ ဇာဂါဒူတို့က ဒဏ်ရာရနေပြီး ရွိုင်နီအာ၊ ဂူအာရီရို၊ မူနီအာနဲ့ ရှရယ်ဇ်တို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။ လာဇီယိုအသင်းမှာ လူလစ်၊ မူရီကွီနဲ့ ပရိုတိုတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဒေါ့မွန်အသင်း အနိုင်ရဖို့ ၇၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀%နဲ့ လာဇီယို အနိုင်ရဖို့ ၁၀% လောက်ပဲ ရှိနေပါတယ်။ ဒေါ့မွန်အသင်းအတွက် ချန်ပီယံလိဂ် သွင်းဂိုး ၆ ဂိုးအထိ သွင်းယူထားတဲ့ ဟာလန်က ဂိုးတွေထပ်မံသွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်သလို သွင်းဂိုး ၂-၁ လောက်နဲ့ ဒေါ့မွန် အနိုင်ယူသွားနိုင်ပါတယ်။

Zawgyi

လာဇီယိုနဲ႔ မေက်ပြဲ ျပန္ကစားရမွာျဖစ္လို႔ အိမ္ရွင္ ေဒါ့မြန္က အနိုင္ရလဒ္အတြက္ ၇၀% ရွိတယ္

ခ်န္ပီယံလိဂ္ အုပ္စု(F) ရဲ့ အုပ္စုပြဲစဥ္ ၅ အျဖစ္ ေဒါ့မြန္အသင္းနဲ႔ လာဇီယိုအသင္းတို႔ဟာ ေဒါ့မြန္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၃-၁၂-၂၀၂၀ ရက္ ၾကာသပေတးေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ေဒါ့မြန္ အသင္းက အုပ္စုပြဲ ၄ ပြဲကစားအၿပီး ရမွတ္ ၉ မွတ္နဲ႔ အုပ္စုပထမေနရာမွာ ရွိေနၿပီး လာဇီယိုအသင္းက ရမွတ္ ၈ မွတ္နဲ႔ အုပ္စုဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးႏွစ္ႀကိမ္
လာဇီယို ၃ – ၁ ေဒါ့မြန္(ခ်န္ပီယံလိဂ္)
ေဒါ့မြန္ ၁ – ၀ လာဇီယို(ေျခစမ္းပြဲ)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ေဒါ့မြန္အသင္းက ေလးပြဲနိုင္ ႏွစ္ပြဲရႈံးထားၿပီး လာဇီယို အသင္းက သုံးပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။ ေဒါ့မြန္အသင္းက ခ်န္ပီယံလိဂ္ ေနာက္ဆုံး သုံးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားၿပီး သုံးပြဲဆက္ အနိုင္ရထားပါတယ္။ ေဒါ့မြန္အသင္းက ခ်န္ပီယံလိဂ္ ေနာက္ဆုံး သုံးပြဲမွာ သြင္းဂိုး အနည္းဆုံး ႏွစ္ဂိုးသြင္းယူထားနိုင္သလို လာဇီယိုက ယခုႏွစ္ ခ်န္ပီယံလိဂ္မွာ ေလးပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။
ေဒါ့မြန္အသင္းမွာ ရွ္မိုက္ဇာနဲ႔ ဇာဂါဒူတို႔က ဒဏ္ရာရေနၿပီး ရြိဳင္နီအာ၊ ဂူအာရီရို၊ မူနီအာနဲ႔ ရွရယ္ဇ္တို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။ လာဇီယိုအသင္းမွာ လူလစ္၊ မူရီကြီနဲ႔ ပရိုတိုတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ေဒါ့မြန္အသင္း အနိုင္ရဖို႔ ၇၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀%နဲ႔ လာဇီယို အနိုင္ရဖို႔ ၁၀% ေလာက္ပဲ ရွိေနပါတယ္။ ေဒါ့မြန္အသင္းအတြက္ ခ်န္ပီယံလိဂ္ သြင္းဂိုး ၆ ဂိုးအထိ သြင္းယူထားတဲ့ ဟာလန္က ဂိုးေတြထပ္မံသြင္းယူနိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာ ျဖစ္သလို သြင္းဂိုး ၂-၁ ေလာက္နဲ႔ ေဒါ့မြန္ အနိုင္ယူသြားနိုင္ပါတယ္။