လိုက်ပ်ဇစ်ကွင်းမှာ သရေတစ်မှတ်ရဖို့ အားကုန်ရုန်းရမဲ့ မန်ချက်စတာယူနိုက်တက်

0
677

 

ezgif-7-cbfa92492bb7-2            ချန်ပီယံလိဂ်အုပ်စု(H) ရဲ့ အုပ်စုပွဲစဉ် ၆ အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်း တို့ဟာ လိုက်ပ်ဇစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၉-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းက အုပ်စုပွဲ ၅ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စုတတိယနေရာမှာ ရှိနေပြီး မန်ချက်စတာယူနိုက်တက်ကလည်း ရမှတ် ၉ မှတ်နဲ့ ဂိုးကွာခြားချက်အရ အုပ်စုပထမနေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ပထမအကျော့ မန်ချက်စတာယူနိုက်တက်ကွင်းမှာ လိုက်ပ်ဇစ်က ၅-၀ နဲ့ ရှုံး ထားပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လိုက်ပ်ဇစ်အသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး မန်ချက်စတာယူနိုက်တက်က ငါးပွဲနိုင် တစ်ပွဲရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ပျမ်းမျှသွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့ ပွဲစဉ် ၅ မှာ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ ရှုံးခဲ့ခြင်းက ဖိအားတစ်ခု ဖြစ်စေခဲ့ သလို လိုက်ပ်ဇစ်နဲ့ပွဲမှာ မဖြစ်မနေ သရေရမှတ်ရမှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ်မှာ ဂျာမန်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ၂၀၁၄ ဧပြီက ၁-၃ နဲ့ အဝေးကွင်းမှာ ရှုံးခဲ့သလို ၂၀၁၅ ဒီဇင်ဘာကလည်း ဝုဖ်ဘက်ချ်အသင်းကို ၂-၃ နဲ့ ရှုံးခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းမှာ ကလိုစတီမန်၊ လိုင်မာနဲ့ ဟန်ရစ်တို့က ဒဏ်ရာရနေပြီး အပ်ပါမီကာနိုက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းမှာ မာရှယ်နဲ့ ကာဗာနီတို့က ဒဏ်ရာရနေပြီး ဖလက်က ပွဲပယ်ပြစ်ဒဏ်ခံနေရသလို ဖီးဂျုံး၊ ရိုဂျို၊ ရိုမီယိုနဲ့ လုရှောတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လိုက်ပ်ဇစ်အသင်းက အနိုင်ရဖို့ ၃၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀%နဲ့ မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၆၀% ရှိနေပါတယ်။

Zawgyi

လိုက္ပ္ဇစ္ကြင္းမွာ သေရတစ္မွတ္ရဖို႔ အားကုန္႐ုန္းရမဲ့ မန္ခ်က္စတာယူနိုက္တက္

ခ်န္ပီယံလိဂ္အုပ္စု(H) ရဲ့ အုပ္စုပြဲစဥ္ ၆ အျဖစ္ လိုက္ပ္ဇစ္အသင္းနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္း တို႔ဟာ လိုက္ပ္ဇစ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၉-၁၂-၂၀၂၀ ရက္ ဗုဒၶဟူးေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ လိုက္ပ္ဇစ္အသင္းက အုပ္စုပြဲ ၅ ပြဲကစားအၿပီး ရမွတ္ ၉ မွတ္နဲ႔ အုပ္စုတတိယေနရာမွာ ရွိေနၿပီး မန္ခ်က္စတာယူနိုက္တက္ကလည္း ရမွတ္ ၉ မွတ္နဲ႔ ဂိုးကြာျခားခ်က္အရ အုပ္စုပထမေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈအေနနဲ႔ ပထမအေက်ာ့ မန္ခ်က္စတာယူနိုက္တက္ကြင္းမွာ လိုက္ပ္ဇစ္က ၅-၀ နဲ႔ ရႈံး ထားပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး လိုက္ပ္ဇစ္အသင္းက သုံးပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး မန္ခ်က္စတာယူနိုက္တက္က ငါးပြဲနိုင္ တစ္ပြဲရႈံးထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ခ်န္ပီယံလိဂ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးသြင္းယူထားနိုင္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ၿပီးခဲ့တဲ့ ပြဲစဥ္ ၅ မွာ ပီအက္စ္ဂ်ီကို အိမ္ကြင္းမွာ ရႈံးခဲ့ျခင္းက ဖိအားတစ္ခု ျဖစ္ေစခဲ့ သလို လိုက္ပ္ဇစ္နဲ႔ပြဲမွာ မျဖစ္မေန သေရရမွတ္ရမွ ေနာက္တစ္ဆင့္ကို တက္ေရာက္နိုင္မွာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ခ်န္ပီယံလိဂ္မွာ ဂ်ာမန္အသင္းေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို ၂၀၁၄ ဧၿပီက ၁-၃ နဲ႔ အေဝးကြင္းမွာ ရႈံးခဲ့သလို ၂၀၁၅ ဒီဇင္ဘာကလည္း ဝုဖ္ဘက္ခ်္အသင္းကို ၂-၃ နဲ႔ ရႈံးခဲ့ပါတယ္။
လိုက္ပ္ဇစ္အသင္းမွာ ကလိုစတီမန္၊ လိုင္မာနဲ႔ ဟန္ရစ္တို႔က ဒဏ္ရာရေနၿပီး အပ္ပါမီကာနိုက ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ မန္ခ်က္စတာယူနိုက္တက္အသင္းမွာ မာရွယ္နဲ႔ ကာဗာနီတို႔က ဒဏ္ရာရေနၿပီး ဖလက္က ပြဲပယ္ျပစ္ဒဏ္ခံေနရသလို ဖီးဂ်ဳံး၊ ရိုဂ်ိဳ၊ ရိုမီယိုနဲ႔ လုေရွာတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က လိုက္ပ္ဇစ္အသင္းက အနိုင္ရဖို႔ ၃၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၀%နဲ႔ မန္ခ်က္စတာယူနိုက္တက္က အနိုင္ရဖို႔ ၆၀% ရွိေနပါတယ္။